iMyanmarHouse.com - Best Property Website for Myanmar
×


( ၂ ) အိမ် ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း ၊































တို့ ကိုရှောင်ပါ။ ။

Credit:ငွေတာရီ



#Unicode Version

( ၁ ) မီးဖို အား စလောင်းဖုံးအုပ်ခြင်း ၊

( ၂ ) အိမ် ထောင်ဦးစီး လင်ယောကျၤားအား နိမ့်ကျသော နေရာတွင်ထားခြင်း ၊

( ၃ ) မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း ၊

( ၄ ) စားသောက်သော အိုးခွက်ပန်းကန်များ အား လွှင့် ပြစ်ခြင်း ၊

( ၅ ) ထမင်း ဟင်း ချက်ရင်း သီချင်း ဆိုခြင်း ၊

( ၆ ) နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း ၊

( ၇ ) နေဝင် မိုးချုပ် လေချွန်ခြင်း ၊

( ၈ ) နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း ၊

( ၉ ) နေဝင် နေထွက်ချိန် သန်းရှာခြင်း ၊

( ၁၀ ) နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း ၊

( ၁၁ ) နေမွန်းတည့်ချိန် တိရိစ္ဆာန်များ အား သတ်ဖြတ်ခြင်း ၊

( ၁၂ ) နေဝင် နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း ၊

( ၁၃ ) အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင် ဖားလျှားဖြင့် အပြင်သို့သွားခြင်း ၊

( ၁၄ ) အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်း များကို အိမ်ဦးခန်း ၌ ထားခြင်း စွန့်ပစ်ခြင်း ၊

( ၁၅ ) မိမိ ဝတ်သော ပုဆိုး ထမိန်ဖြင့် မျက်နှာ သုတ်ခြင်း ၊

( ၁၆ ) အိမ် အပေါက်အား နောက်ပြန်ဝင်ခြင်း ၊

( ၁၇ ) မျက်နှာမသစ်ပဲ အစာ စားခြင်း ၊

( ၁၈ ) မိမိ ခန္ဓာကိုယ်မှ အမွှေး အမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ် အတွင်းစွန့်ပစ်ခြင်း ၊

( ၁၉ ) သောက်ရေအိုး ရေ မလဲပဲခြောက်နေခြင်း ၊

( ၂၀ ) သောက်ရေအိုး မှ ရေကို ထမင်း ဟင်းချက်ရာတွင် သုံးခြင်း ၊

( ၂၁ ) လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း ၊

( ၂၂ ) သား သမီး ဇနီး ကို လင်သားက ငွေ ( သို့ ) အစားအစာ ပစ်ပေးခြင်း ၊

( ၂၃ ) အဝတ်အစား များ ပြောင်းပြန် ဝတ်ခြင်း ၊

( ၂၄ ) အိမ် အပေါက်အား ကျောခိုင်း ထိုင်ခြင်း ၊

( ၂၅ ) ထမင်းစားရင်း အိပ်ငိုက်ခြင်း ၊

( ၂၆ ) အိမ် ၏ မျက်နှာစာတွင် ကလေးငယ် အား အပေါ့ အလေး စွန့်ခိုင်းခြင်း ၊

( ၂၇ ) ထမင်းရည်ပူ အား မြေကြီးပေါ်သို့ တိုက်ရိုက် ငှဲ့ချခြင်း ၊

( ၂၈ ) မိမိ အိမ်သို့ လာသော တောင်းစားသူများ အား ဆဲဆိုလွှတ်ခြင်း ၊

( ၂၉ ) အိမ်သာတက်ရင်း အစားစားခြင်း ၊

( ၃၀ ) စားသောက်ပြီး အိုး ခွက် ပန်းကန် များကို အချိန် ကြာမြင့်စွာ မဆေးပဲထားခြင်း ၊

( ၃၁ ) အိုး ခွက် ပန်းကန်များ ကို တီး၍ သီချင်း ဆိုခြင်း ၊

( ၃၂ ) အိမ်ရှေ့ တည့်တည့် တွင် ထမိန် စကတ် များကို လှန်းခြင်း ချွတ်ထားခြင်း ၊

( ၃၃ ) မိမိအိမ်တွင် မွေးမြူ ထားသော တိရိစ္ဆာန် များအား အစာမကျွေးပဲ လှောင်ထားခြင်း ရိုက်နှက်ခြင်း ၊
တို့ ကိုရှောင်ပါ။ ။

Credit:ငွေတာရီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top