iMyanmarHouse.com - Best Property Website for Myanmar
×

၁၉၈၂ ၊ မိတ္ကပ္မၾကိဳက္ေသာသီခ်င္းမ်ား၊ အဓိပတိဖြားအျပင္ အခု ၄ေခြေျမာက္ျဖစ္တဲ့ ခုတင္အမွတ္ ၁၈မွာေတာ့ သီခ်င္းသံုးပုဒ္သာ ထည့္သြင္းထားတယ္လို႕ေ၀လကေျပာပါတယ္။ အဆိုပါ ခုတင္အမွတ္ ၁၈ အေခြဟာ သူ႕ရဲ႕ အသက္ ၃၄ ႏွစ္ျပည့္ေန႕မွာ ထြက္ရွိမဲ့ အမွတ္တရအေခြတစ္ေခြျဖစ္တဲ့အျပင္ သီခ်င္းသံုးပုဒ္စလံုးက ပံုစံတစ္မ်ိဳးစီနဲ႕ဖန္တီးထားတယ္လို႕ေျပာျပလာတဲ့ ေ၀လရဲ႕ ဂီတလႈပ္ရွားမႈမ်ားအေၾကာင္းနဲ႕ ၃ ရက္ေန႕မွာထြက္ရွိမဲ့ ခုတင္အမွတ္ ၁၈ အေခြအေၾကာင္းကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-၃ရက္ေန႕မွာထြက္မဲ့ ခုတင္အမွတ္ ၁၈ ဆိုတဲ့ အေခြအေၾကာင္းေလးကုိ အရင္ေျပာျပေပးပါဦး။

၃ ရက္ေန႕မွာထြက္မဲ့ အေခြက ခုတင္အမွတ္ ၁၈ လို႕ေပးထားတယ္။ သီခ်င္း သံုးပုဒ္ပဲပါမယ္။ ကိုယ့္ရဲ႕ ၃၄ ႏွစ္ျပည့္ေမြးေန႕မွာထြက္မယ္ေပါ့။ ကုိယ့္အတြက္ အမွတ္တရေလးလဲျဖစ္ေအာင္ အဓိပတိဖြားအမ္တီဗီမထြက္ခင္ ရိုက္ေနတုန္းအခ်ိန္မွာပဲ အရင္ထြက္လိုက္တာပါ။ ေရာင္းေစ်းကလဲ ၁၅၀၀ နဲ႕ပဲေရာင္းပါမယ္။ ပါတဲ့သီခ်င္း သံုးပုဒ္မွာ တစ္ပုဒ္ခ်င္းစီ တစ္ပုဒ္ခ်င္းစီရဲ႕ အေၾကာင္းအရာက တစ္မ်ိဳးစီေပးထားတယ္ေပါ့။

-အဓိပတိဖြား အမ္တီဗီကေရာ ဘယ္အေျခအေနေလာက္ေရာက္ေနၿပီလဲ။

အမ္တီဗီကရုိက္ေနတာ တစ္၀က္ေလာက္ေတာ့ၿပီးေနၿပီ။ တစ္လပိုင္းေလာက္ေတာ့ထြက္ျဖစ္မယ္ေပါ့။ ကၽြန္ေတာ္ဒီဟာကို ၾကားညွပ္ထြက္ျဖစ္တာက အရင္တုန္းကဆိုရင္လဲ မိတ္ကပ္မၾကိဳက္ေသာ သီခ်င္းမ်ားထြက္ၿပီး ၂လ၊ ၃လေလာက္အၾကာမွာ မခ်စ္ရဘူးတဲ့လားနဲ႕အမိုက္မ ထြက္ဖူးတယ္ေလ။ အဲ့ဒီတုန္းကေတာ့ အြန္လိုင္းကေနပဲေရာင္းျဖစ္လိုက္တယ္။ အခုကေတာ့ အေခြနဲ႕ထုတ္ျဖစ္တာေပါ့။ ကုိယ့္အတြက္အမွတ္တရေလးလဲျဖစ္သြားေအာင္လို႕ပါ။ အဓိကက ကိုယ္ၾကိဳက္တဲ့ သီခ်င္းအေၾကာင္းအေရာေလးေတြကို တစ္စုတစ္စည္းထဲက်စ္က်စ္လစ္လစ္ေလးလဲျဖစ္ခ်င္လို႕ပါ။ ဒီအေခြက အဓိပတိဖြားထြက္ၿပီး ၅ လအၾကာမွာ ထပ္ထြက္တဲ့ ခုတင္အမွတ္ ၁၈ေပါ့။

-အခုပါ၀င္တဲ့ သံုးပုဒ္က ဘာသီခ်င္းေတြလဲ။ ဘယ္လိုအေၾကာင္းအရာေတြကုိ အဓိကေရးဖြဲ႕ထားတာလဲ။

ေဆးဆိုတဲ့တစ္ပုဒ္ဆို အသည္းကြဲေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို မင္းအသည္းမကြဲနဲ႕ဆိုၿပီးေျပာထားတဲ့ သေဘာတရားေလးေပါ့။ ေနာက္တစ္ပုဒ္ လမ္းေဘးမွာ ရွိသည္ဆို လမ္းေဘးမွာေတြ႕ျမင္ေနရတာေလးေတြကိုေရးဖြဲ႕ထားတာေပါ့။ ေနာက္title ေပးထားတဲ့ဟာကေတာ့ လူနာတစ္ေယာက္အေၾကာင္းေပါ့။ ေသခါနီးအရမ္းဆိုးတဲ့ လူနာတစ္ေယာက္ရဲ႕ေနာင္တအေၾကာင္းကို ေရးဖြဲ႕ထားတာေပါ့။ သူကေတာ့ ဘာသာေရးနဲ႕နည္းနည္းဆက္ႏြယ္ၿပီးေရးဖြဲ႕ထားတယ္။

-အဲ့ဒီထဲကမွ ခုတင္အမွတ္ ၁၈ ဆိုၿပီး ေပးျဖစ္ခဲ့တာကေရာ ဘာေၾကာင့္မ်ားလဲ။

သူကခုတင္အမွတ္ ၁၈ မွာေဆးရံုတက္ေနရတဲ့ ေသခါနီးလူနာတစ္ေယာက္ရဲ႕အေၾကာင္းကို ေခါင္းစဥ္တင္ထားတာပါ။ အဲ့ဒါကို ၃ ရက္ေန႕မွာ ဘိုဘုိကစျဖန္႕မယ္။ ပရိုမိုးရွင္းမလုပ္ျဖစ္ဘူး။ ဒီတိုင္းပဲထြက္မွာပါ။

-အဓိပတိဖြားအမ္တီဗီမွာေရာ ဘယ္သူေတြပါ၀င္သရုပ္ေဆာင္ထားလဲ။ စီဒီအတိုင္းပဲအကုန္ရုိက္မွာလား။ ေလ်ာ့တာရွိဦးမလား။

ကိုဏၾကီးက ႏွစ္ပုဒ္ရုိက္ေပးထားတယ္။ ေတာ္ေတာ္ေတာ့ၿပီးေနၿပီ။ သရုပ္ေဆာင္ပိုင္းကေတာ့ ဒါရုိက္တာေတြပဲေရြးေပးတယ္။ သိသေလာက္ကေတာ့ အြန္ဆုိင္းတို႕၊ M ဆိုင္းလူတို႕ပါမယ္။ တျခားသူေတြလဲပါဦးမယ္။ ေလ်ာ့ရင္လဲ တစ္ပုဒ္ေလာက္ပါပဲ။ ျဖစ္ႏုိင္ရင္ေတာ့ အကုန္ရုိက္ျဖစ္ဖို႕မ်ားပါတယ္။

-ပါ၀င္တဲ့သီခ်င္းေတြကလဲပံုစံတစ္မ်ိဳးစီေရးဖြဲ႕ထားတာဆိုေတာ့ သီခ်င္းေရးတဲ့အခါမွာေရာ ဘယ္လိုအေၾကာင္းအရာမ်ိဳးကို အေျခခံၿပီး ေရးေလ့ရွိလဲ။

အေၾကာင္းအရာကေတာ့ အစံုပါပဲ။ ကိုယ့္စိတ္ထဲမွာျဖစ္တဲ့ဟာေပါ့။ ကုိယ္သံစဥ္တစ္ခုရတယ္ဆိုရင္ ဘယ္လိုေရးမလဲ။ ဘာနဲ႕လိုက္မလဲဆိုတာကိုစဥ္းစားၿပီးေရးျဖစ္ပါတယ္။

-ကိုယ္ကိုတုိင္လက္ရွိမွာ နားေထာင္ျဖစ္ေနတဲ့ သီခ်င္းေတြကိုလဲ သိခ်င္ပါတယ္။

ကၽြန္ေတာ့္ကားထဲမွာဆိုရင္ ထြက္သမွ် အေခြသစ္ေတြကို ကုိယ္လက္လွမ္းမွီသေလာက္၀ယ္ၿပီးနားေထာင္ျဖစ္တယ္။ အခုထြက္ၿပီးသား ျပည္တြင္းျပည္ပ ေတာ္ေတာ္မ်ားမ်ားနားေထာင္ျဖစ္တယ္။

-အစ္ကို႕အေခြအားလံုးကုိပရိသတ္လက္ခံၾကတယ္။ စာသားေရးဖြဲ႕မႈအပုိင္းဆိုရင္လဲ ရိုးရိုးေလးေပမဲ့ ပရိသတ္ေတြရင္ထဲစြဲေအာင္က်န္ခဲ့တယ္ေပါ့။ ဒါေပမဲ့ ေ၀လဆိုၿပီး သူတို႕သိကတည္းက သီခ်င္းေတြက အခုဆိုရင္ အခ်ိန္ၾကာလာတာနဲ႕အမွ် ဒီပံုစံေတြ ဒီအမ်ိဳးအစားေတြခ်ည္းပဲဆိုရင္ သူတို႕အတြက္ရုိးသြားႏုိင္တယ္ေလ။ အဲ့ဒီေတာ့ ဖန္တီးမႈအပိုင္းနဲ႕ပတ္သက္ၿပီး အသစ္ေျပာင္းလဲတာမ်ိဳးေတြေရာ ရွိမလား။

ဟုတ္တာေပါ့။ ပရိသတ္အေနနဲ႕လဲရိုးႏုိင္ပါတယ္။ ကၽြန္ေတာ္လဲ အသစ္အသစ္ေတြအျမဲေျပာင္းလဲေနဖို႕စဥ္းစားထားပါတယ္။ အရသာမတူတဲ့ဟာေတြကို ကိုယ္လုပ္ႏုိင္သေလာက္ေလးအျမဲေျပာင္းလဲသြားမယ္။ သီခ်င္းပံုစံေရာ trend ကအစေပါ့။

-တျခားအဖြဲ႕လိုက္အေခြေတြမွာေရာ ပါ၀င္ထားတာရွိဦးမလား။

ကုိထူးအယ္လင္းစီစဥ္တဲ့အေခြမွာတစ္ပုဒ္ပါမယ္။ ဂီတသစ္ပင္ ဆိုတဲ့အေခြေပါ့။ ေနာက္ Cherry FM ထဲမွာလဲ တစ္ပုဒ္ပါဖို႕ရွိပါတယ္။

-လက္ရွိဂီတလႈပ္ရွားမႈ အေနနဲ႕ေရာ ဘာေတြလုပ္ျဖစ္ေနလဲ။

လက္ရွိကေတာ့ ပြဲဆိုျဖစ္တယ္။ အားရင္အေခြအတြက္လုပ္တယ္။ သီတင္းကၽြတ္တုန္းက မေကြးနဲ႕မႏၱေလးမွဆုိျဖစ္တယ္ တန္ေဆာင္တုိင္ကေတာ့ ဦးညီထြဋ္နဲ႕ ရန္ကုန္မွာ ေဆးေပါင္းခတဲ့ည ၁၄ ရွိမယ္။ မႏၱေလးမွာက ၁၂ ဦးညီထြဋ္နဲ႕ပဲရွိပါမယ္။

-အစ္ကုိဆိုလဲ ဂီတသက္တမ္းေတာ္ေတာ္ၾကာခဲ့ၿပီ။ တခ်ိဳ႕ အဆုိေတာ္ေတြဆိုရင္ အဆိုျပိဳင္ပြဲေတြမွာ ဒိုင္လုပ္ၾကတာမ်ိဳးေတြရွိတယ္။ အစ္ကို႕ကိုက်ေတာ့ အဲ့ဒီလိုမေတြ႕ရဘူးေပါ့။ ဘာေၾကာင့္မ်ားလဲဆိုတာသိခ်င္ပါတယ္။

ကၽြန္ေတာ္က ဒိုင္လုပ္ရေလာက္တဲ့ထိမကၽြမ္းက်င္ေသးပါဘူး။ လုပ္လဲမလုပ္တတ္ပါဘူး။ အခုလက္ရွိအေျခအေနမွာေတာ့ ကိုယ့္သီခ်င္းေလးကို အေကာင္းဆံုးၾကိဳးစားေနတာမ်ိဳးပဲရွိပါတယ္။

-အခုဆိုရင္ အဆိုျပိဳင္ပြဲေတြလဲမ်ားလာၿပီဆိုေတာ့ အဲ့ဒီပြဲေတြအေပၚ အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

ေကာင္းေသာရည္ရြယ္ခ်က္နဲ႕လုပ္တဲ့ျပိဳင္ပြဲေတြခ်ည္းပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ အသစ္ေတြလဲအမ်ားၾကီးထြက္လာတယ္။ သူတို႕ေတြကိုလဲ ၾကိဳဆိုရမွာပဲေလ။ တကယ္၀ါသနာပါသလို ျပိဳင္ပြဲမွာလဲဆုေတြရတယ္။ အဲ့ဒီကေနတစ္ဆင့္ အေခြေတြထုတ္ၿပီး အဆိုေတာ္ေတြျဖစ္သြားၾကတယ္။ သူတို႕အတြက္လဲ၀မ္းသာပါတယ္။

-အစ္ကို႕ကိုအခုခ်ိန္ထိအားေပးလာတဲ့ ပရိသတ္ေတြကို အစ္ကို႕ေမြးေန႕မွာထြက္မဲ့ အေခြေလးနဲ႕ပတ္သက္ၿပီး ဘယ္လိုမ်ိဳးေလးေျပာျပခ်င္ေသးလဲ။

ကၽြန္ေတာ္လဲ အမ်ားၾကီးၾကိဳးစားေနပါတယ္။ အားေပးေနတဲ့အတြက္လဲေက်းဇူးတင္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁၉၈၂ ၊ မိတ်ကပ်မကြိုက်သောသီချင်းများ၊ အဓိပတိဖွားအပြင် အခု ၄ခွေမြောက်ဖြစ်တဲ့ ခုတင်အမှတ် ၁၈မှာတော့ သီချင်းသုံးပုဒ်သာ ထည့်သွင်းထားတယ်လို့ဝေလကပြောပါတယ်။ အဆိုပါ ခုတင်အမှတ် ၁၈ အခွေဟာ သူ့ရဲ့ အသက် ၃၄ နှစ်ပြည့်နေ့မှာ ထွက်ရှိမဲ့ အမှတ်တရအခွေတစ်ခွေဖြစ်တဲ့အပြင် သီချင်းသုံးပုဒ်စလုံးက ပုံစံတစ်မျိုးစီနဲ့ဖန်တီးထားတယ်လို့ပြောပြလာတဲ့ ဝေလရဲ့ ဂီတလှုပ်ရှားမှုများအကြောင်းနဲ့ ၃ ရက်နေ့မှာထွက်ရှိမဲ့ ခုတင်အမှတ် ၁၈ အခွေအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-၃ရက်နေ့မှာထွက်မဲ့ ခုတင်အမှတ် ၁၈ ဆိုတဲ့ အခွေအကြောင်းလေးကို အရင်ပြောပြပေးပါဦး။

၃ ရက်နေ့မှာထွက်မဲ့ အခွေက ခုတင်အမှတ် ၁၈ လို့ပေးထားတယ်။ သီချင်း သုံးပုဒ်ပဲပါမယ်။ ကိုယ့်ရဲ့ ၃၄ နှစ်ပြည့်မွေးနေ့မှာထွက်မယ်ပေါ့။ ကိုယ့်အတွက် အမှတ်တရလေးလဲဖြစ်အောင် အဓိပတိဖွားအမ်တီဗီမထွက်ခင် ရိုက်နေတုန်းအချိန်မှာပဲ အရင်ထွက်လိုက်တာပါ။ ရောင်းဈေးကလဲ ၁၅၀၀ နဲ့ပဲရောင်းပါမယ်။ ပါတဲ့သီချင်း သုံးပုဒ်မှာ တစ်ပုဒ်ချင်းစီ တစ်ပုဒ်ချင်းစီရဲ့ အကြောင်းအရာက တစ်မျိုးစီပေးထားတယ်ပေါ့။

-အဓိပတိဖွား အမ်တီဗီကရော ဘယ်အခြေအနေလောက်ရောက်နေပြီလဲ။

အမ်တီဗီကရိုက်နေတာ တစ်ဝက်လောက်တော့ပြီးနေပြီ။ တစ်လပိုင်းလောက်တော့ထွက်ဖြစ်မယ်ပေါ့။ ကျွန်တော်ဒီဟာကို ကြားညှပ်ထွက်ဖြစ်တာက အရင်တုန်းကဆိုရင်လဲ မိတ်ကပ်မကြိုက်သော သီချင်းများထွက်ပြီး ၂လ၊ ၃လလောက်အကြာမှာ မချစ်ရဘူးတဲ့လားနဲ့အမိုက်မ ထွက်ဖူးတယ်လေ။ အဲ့ဒီတုန်းကတော့ အွန်လိုင်းကနေပဲရောင်းဖြစ်လိုက်တယ်။ အခုကတော့ အခွေနဲ့ထုတ်ဖြစ်တာပေါ့။ ကိုယ့်အတွက်အမှတ်တရလေးလဲဖြစ်သွားအောင်လို့ပါ။ အဓိကက ကိုယ်ကြိုက်တဲ့ သီချင်းအကြောင်းအရောလေးတွေကို တစ်စုတစ်စည်းထဲကျစ်ကျစ်လစ်လစ်လေးလဲဖြစ်ချင်လို့ပါ။ ဒီအခွေက အဓိပတိဖွားထွက်ပြီး ၅ လအကြာမှာ ထပ်ထွက်တဲ့ ခုတင်အမှတ် ၁၈ပေါ့။

-အခုပါဝင်တဲ့ သုံးပုဒ်က ဘာသီချင်းတွေလဲ။ ဘယ်လိုအကြောင်းအရာတွေကို အဓိကရေးဖွဲ့ထားတာလဲ။

ဆေးဆိုတဲ့တစ်ပုဒ်ဆို အသည်းကွဲနေတဲ့ သူငယ်ချင်းတစ်ယောက်ကို မင်းအသည်းမကွဲနဲ့ဆိုပြီးပြောထားတဲ့ သဘောတရားလေးပေါ့။ နောက်တစ်ပုဒ် လမ်းဘေးမှာ ရှိသည်ဆို လမ်းဘေးမှာတွေ့မြင်နေရတာလေးတွေကိုရေးဖွဲ့ထားတာပေါ့။ နောက်title ပေးထားတဲ့ဟာကတော့ လူနာတစ်ယောက်အကြောင်းပေါ့။ သေခါနီးအရမ်းဆိုးတဲ့ လူနာတစ်ယောက်ရဲ့နောင်တအကြောင်းကို ရေးဖွဲ့ထားတာပေါ့။ သူကတော့ ဘာသာရေးနဲ့နည်းနည်းဆက်နွယ်ပြီးရေးဖွဲ့ထားတယ်။

-အဲ့ဒီထဲကမှ ခုတင်အမှတ် ၁၈ ဆိုပြီး ပေးဖြစ်ခဲ့တာကရော ဘာကြောင့်များလဲ။

သူကခုတင်အမှတ် ၁၈ မှာဆေးရုံတက်နေရတဲ့ သေခါနီးလူနာတစ်ယောက်ရဲ့အကြောင်းကို ခေါင်းစဉ်တင်ထားတာပါ။ အဲ့ဒါကို ၃ ရက်နေ့မှာ ဘိုဘိုကစဖြန့်မယ်။ ပရိုမိုးရှင်းမလုပ်ဖြစ်ဘူး။ ဒီတိုင်းပဲထွက်မှာပါ။

-အဓိပတိဖွားအမ်တီဗီမှာရော ဘယ်သူတွေပါဝင်သရုပ်ဆောင်ထားလဲ။ စီဒီအတိုင်းပဲအကုန်ရိုက်မှာလား။ လျော့တာရှိဦးမလား။

ကိုဏကြီးက နှစ်ပုဒ်ရိုက်ပေးထားတယ်။ တော်တော်တော့ပြီးနေပြီ။ သရုပ်ဆောင်ပိုင်းကတော့ ဒါရိုက်တာတွေပဲရွေးပေးတယ်။ သိသလောက်ကတော့ အွန်ဆိုင်းတို့၊ M ဆိုင်းလူတို့ပါမယ်။ တခြားသူတွေလဲပါဦးမယ်။ လျော့ရင်လဲ တစ်ပုဒ်လောက်ပါပဲ။ ဖြစ်နိုင်ရင်တော့ အကုန်ရိုက်ဖြစ်ဖို့များပါတယ်။

-ပါဝင်တဲ့သီချင်းတွေကလဲပုံစံတစ်မျိုးစီရေးဖွဲ့ထားတာဆိုတော့ သီချင်းရေးတဲ့အခါမှာရော ဘယ်လိုအကြောင်းအရာမျိုးကို အခြေခံပြီး ရေးလေ့ရှိလဲ။

အကြောင်းအရာကတော့ အစုံပါပဲ။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ဟာပေါ့။ ကိုယ်သံစဉ်တစ်ခုရတယ်ဆိုရင် ဘယ်လိုရေးမလဲ။ ဘာနဲ့လိုက်မလဲဆိုတာကိုစဉ်းစားပြီးရေးဖြစ်ပါတယ်။

-ကိုယ်ကိုတိုင်လက်ရှိမှာ နားထောင်ဖြစ်နေတဲ့ သီချင်းတွေကိုလဲ သိချင်ပါတယ်။

ကျွန်တော့်ကားထဲမှာဆိုရင် ထွက်သမျှ အခွေသစ်တွေကို ကိုယ်လက်လှမ်းမှီသလောက်ဝယ်ပြီးနားထောင်ဖြစ်တယ်။ အခုထွက်ပြီးသား ပြည်တွင်းပြည်ပ တော်တော်များများနားထောင်ဖြစ်တယ်။

-အစ်ကို့အခွေအားလုံးကိုပရိသတ်လက်ခံကြတယ်။ စာသားရေးဖွဲ့မှုအပိုင်းဆိုရင်လဲ ရိုးရိုးလေးပေမဲ့ ပရိသတ်တွေရင်ထဲစွဲအောင်ကျန်ခဲ့တယ်ပေါ့။ ဒါပေမဲ့ ဝေလဆိုပြီး သူတို့သိကတည်းက သီချင်းတွေက အခုဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဒီပုံစံတွေ ဒီအမျိုးအစားတွေချည်းပဲဆိုရင် သူတို့အတွက်ရိုးသွားနိုင်တယ်လေ။ အဲ့ဒီတော့ ဖန်တီးမှုအပိုင်းနဲ့ပတ်သက်ပြီး အသစ်ပြောင်းလဲတာမျိုးတွေရော ရှိမလား။

ဟုတ်တာပေါ့။ ပရိသတ်အနေနဲ့လဲရိုးနိုင်ပါတယ်။ ကျွန်တော်လဲ အသစ်အသစ်တွေအမြဲပြောင်းလဲနေဖို့စဉ်းစားထားပါတယ်။ အရသာမတူတဲ့ဟာတွေကို ကိုယ်လုပ်နိုင်သလောက်လေးအမြဲပြောင်းလဲသွားမယ်။ သီချင်းပုံစံရော trend ကအစပေါ့။

-တခြားအဖွဲ့လိုက်အခွေတွေမှာရော ပါဝင်ထားတာရှိဦးမလား။

ကိုထူးအယ်လင်းစီစဉ်တဲ့အခွေမှာတစ်ပုဒ်ပါမယ်။ ဂီတသစ်ပင် ဆိုတဲ့အခွေပေါ့။ နောက် Cherry FM ထဲမှာလဲ တစ်ပုဒ်ပါဖို့ရှိပါတယ်။

-လက်ရှိဂီတလှုပ်ရှားမှု အနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။

လက်ရှိကတော့ ပွဲဆိုဖြစ်တယ်။ အားရင်အခွေအတွက်လုပ်တယ်။ သီတင်းကျွတ်တုန်းက မကွေးနဲ့မန္တလေးမှဆိုဖြစ်တယ် တန်ဆောင်တိုင်ကတော့ ဦးညီထွဋ်နဲ့ ရန်ကုန်မှာ ဆေးပေါင်းခတဲ့ည ၁၄ ရှိမယ်။ မန္တလေးမှာက ၁၂ ဦးညီထွဋ်နဲ့ပဲရှိပါမယ်။

-အစ်ကိုဆိုလဲ ဂီတသက်တမ်းတော်တော်ကြာခဲ့ပြီ။ တချို့ အဆိုတော်တွေဆိုရင် အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ကြတာမျိုးတွေရှိတယ်။ အစ်ကို့ကိုကျတော့ အဲ့ဒီလိုမတွေ့ရဘူးပေါ့။ ဘာကြောင့်များလဲဆိုတာသိချင်ပါတယ်။

ကျွန်တော်က ဒိုင်လုပ်ရလောက်တဲ့ထိမကျွမ်းကျင်သေးပါဘူး။ လုပ်လဲမလုပ်တတ်ပါဘူး။ အခုလက်ရှိအခြေအနေမှာတော့ ကိုယ့်သီချင်းလေးကို အကောင်းဆုံးကြိုးစားနေတာမျိုးပဲရှိပါတယ်။

-အခုဆိုရင် အဆိုပြိုင်ပွဲတွေလဲများလာပြီဆိုတော့ အဲ့ဒီပွဲတွေအပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

ကောင်းသောရည်ရွယ်ချက်နဲ့လုပ်တဲ့ပြိုင်ပွဲတွေချည်းပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အသစ်တွေလဲအများကြီးထွက်လာတယ်။ သူတို့တွေကိုလဲ ကြိုဆိုရမှာပဲလေ။ တကယ်ဝါသနာပါသလို ပြိုင်ပွဲမှာလဲဆုတွေရတယ်။ အဲ့ဒီကနေတစ်ဆင့် အခွေတွေထုတ်ပြီး အဆိုတော်တွေဖြစ်သွားကြတယ်။ သူတို့အတွက်လဲဝမ်းသာပါတယ်။

-အစ်ကို့ကိုအခုချိန်ထိအားပေးလာတဲ့ ပရိသတ်တွေကို အစ်ကို့မွေးနေ့မှာထွက်မဲ့ အခွေလေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေးပြောပြချင်သေးလဲ။

ကျွန်တော်လဲ အများကြီးကြိုးစားနေပါတယ်။ အားပေးနေတဲ့အတွက်လဲကျေးဇူးတင်ပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top