iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ ေထာင္ေရးေတြကို ေလ့လာၾကည့္လိုက္ပါ။ သူတို႔ေတြဟာ Instagram မွာ Selfie ဓါတ္ပံုေလးေတြ ရိုက္ၿပီးတင္ရံုေလာက္ပဲ ခ်စ္ၾကတာ မဟုတ္ပါဘူး။ သူတို႔ေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ နားလည္ သေဘာေပါက္ၾကတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ကူညီတယ္။ တစ္ေယာက္က တစ္ေယာက္ကို ရယ္ေမာေစတယ္။ ဒါေပမယ့္လည္း အဲဒီလိုေပ်ာ္စရာေကာင္းတဲ့ အိမ္ေထာင္ေရးမ်ိဳးျဖစ္လာေစဖို႔အတြက္ေတာ့ ထူးထူးဆန္းဆန္း လုပ္ရမယ့္ အခ်က္ေတြအမ်ားႀကီးရွိပါတယ္။ အဲဒီထဲကမွ စံုတြဲေတြ သတိမျပဳမိတဲ့ အခ်က္ ၄ ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
 ၁။ မဂၤလာေဆာင္ အခမ္းအနား အႀကီးႀကီး က်င္းပပါ။
ဗာဂ်ီးနီးယား တကၠသိုလ္ က စံုတြဲ ၄၁၈ တြဲ ေတြကိုေလ့လာၾကည့္တဲ့အခါမွာ သာမန္ မဂၤလာေဆာင္ အခမ္းအနား နဲ႔ လက္ထပ္လိုက္တဲ့ စံုတြဲေတြထက္ အဆင့္ျမင့္ျမင့္ လက္ထပ္ထားတဲ့ စံုတြဲေတြဟာ ပိုၿပီးေပ်ာ္ရႊင္ရတာကို ေတြ႕ရပါတယ္။ အဆင့္ျမင့္တဲ့ မဂၤလာေဆာင္ အခမ္းအနားဆိုတာဟာ နာမည္ႀကီး အဆိုေတာ္ေတြကို ငွားတာထက္ တက္ေရာက္တဲ့ ဧည့္သည္ အေရအတြက္မ်ားတာကို ဆိုလိုခ်င္တာျဖစ္ပါတယ္။

၂။ အရိုးက်န္းမာေရးေကာင္းပါေစ

စံုတြဲ ၆၃၂ တြဲ ကိုေလ့လာၾကည့္တဲ့အခါမွာ အရိုးက်န္းမာေရးနဲ႔ အိမ္ေထာင္ေရးတို႔ဟာ သက္ဆိုင္ေနတာကိုေတြ႕ရပါတယ္။ ကြာရွင္းျပတ္ဆဲသြားတဲ့ အတြဲေတြမွာ အမ်ိဳးသားအမ်ားစုဟာ အရိုးက်န္းမာေရး မေကာင္းၾကပါဘူး။

၃။ မတူညီတဲ့ ၀ါသနာေတြရွိပါေစ

အိမ္ေထာင္က်သြားတဲ့ေနာက္မွာေတာ့ သင္ဟာ အရာအားလံုးကို ၂ ေယာက္အတူလုပ္ခ်င္စိတ္ ျဖစ္မိမွာပါ။ ဒါေပမယ့္ ေရရ်ည္မွာေတာ့ ၀ါသနာ နဲ႔ ပတ္သက္ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အသိအမွတ္မျပဳႏိုင္က်ေတာ့ပါဘူး။ ဒါေၾကာင့္ Marriage and Family ဂ်ာနယ္ရဲ႕ ေဖာ္ျပခ်က္အတိုင္းပဲ အိမ္ေထာင္ေရးတစ္ခုမွာ မတူညီတဲ့ ၀ါသနာေတြရွိတာဟာ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို ရရွိေစမွာပါ။

၄။ ကေလးမယူပါနဲ႔

သင္ဟာ သင့္မိဘေတြကို သင္ေၾကာင့္ သူတို႔ ၂ ေယာက္ ပိုၿပီး သံေယာစဥ္ရွိခဲ့လားေမးရင္ေတာ့ သူတို႔က အင္းလို႔ပဲ ေျဖမွာပါ။ ဒါေပမယ့္ ေနာက္ဆံုးေလ့လာမႈေတြအရေတာ့ ငယ္ရြယ္ၿပီး ကေလးမရွိတဲ့ အိမ္ ေထာင္ေရးေတြဟာ ပိုၿပီးေပ်ာ္ရႊင္စရာေကာင္းတာကို ေတြ႕ရပါတယ္။

ခုေျပာျပသြားတဲ့အခ်က္ေတြဟာအျငင္းပြားဖြယ္အခ်က္ေတြ ျဖစ္ေပမယ့္ ေနာက္ဆံုးစစ္တမ္းေကာက္
 ေလ့လာထားခ်က္ေတြလည္း ျဖစ္တယ္ဆုိတာပါပဲ။


Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတွေကို လေ့လာကြည့်လိုက်ပါ။ သူတို့တွေဟာ Instagram မှာ Selfie ဓါတ်ပုံလေးတွေ ရိုက်ပြီးတင်ရုံလောက်ပဲ ချစ်ကြတာ မဟုတ်ပါဘူး။ သူတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည် သဘောပေါက်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီတယ်။ တစ်ယောက်က တစ်ယောက်ကို ရယ်မောစေတယ်။ ဒါပေမယ့်လည်း အဲဒီလိုပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးဖြစ်လာစေဖို့အတွက်တော့ ထူးထူးဆန်းဆန်း လုပ်ရမယ့် အချက်တွေအများကြီးရှိပါတယ်။ အဲဒီထဲကမှ စုံတွဲတွေ သတိမပြုမိတဲ့ အချက် ၄ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
 ၁။ မင်္ဂလာဆောင် အခမ်းအနား အကြီးကြီး ကျင်းပပါ။
ဗာဂျီးနီးယား တက္ကသိုလ် က စုံတွဲ ၄၁၈ တွဲ တွေကိုလေ့လာကြည့်တဲ့အခါမှာ သာမန် မင်္ဂလာဆောင် အခမ်းအနား နဲ့ လက်ထပ်လိုက်တဲ့ စုံတွဲတွေထက် အဆင့်မြင့်မြင့် လက်ထပ်ထားတဲ့ စုံတွဲတွေဟာ ပိုပြီးပျော်ရွှင်ရတာကို တွေ့ရပါတယ်။ အဆင့်မြင့်တဲ့ မင်္ဂလာဆောင် အခမ်းအနားဆိုတာဟာ နာမည်ကြီး အဆိုတော်တွေကို ငှားတာထက် တက်ရောက်တဲ့ ဧည့်သည် အရေအတွက်များတာကို ဆိုလိုချင်တာဖြစ်ပါတယ်။

၂။ အရိုးကျန်းမာရေးကောင်းပါစေ

စုံတွဲ ၆၃၂ တွဲ ကိုလေ့လာကြည့်တဲ့အခါမှာ အရိုးကျန်းမာရေးနဲ့ အိမ်ထောင်ရေးတို့ဟာ သက်ဆိုင်နေတာကိုတွေ့ရပါတယ်။ ကွာရှင်းပြတ်ဆဲသွားတဲ့ အတွဲတွေမှာ အမျိုးသားအများစုဟာ အရိုးကျန်းမာရေး မကောင်းကြပါဘူး။

၃။ မတူညီတဲ့ ဝါသနာတွေရှိပါစေ

အိမ်ထောင်ကျသွားတဲ့နောက်မှာတော့ သင်ဟာ အရာအားလုံးကို ၂ ယောက်အတူလုပ်ချင်စိတ် ဖြစ်မိမှာပါ။ ဒါပေမယ့် ရေရျည်မှာတော့ ဝါသနာ နဲ့ ပတ်သက်ရင် တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်မပြုနိုင်ကျတော့ပါဘူး။ ဒါကြောင့် Marriage and Family ဂျာနယ်ရဲ့ ဖော်ပြချက်အတိုင်းပဲ အိမ်ထောင်ရေးတစ်ခုမှာ မတူညီတဲ့ ဝါသနာတွေရှိတာဟာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိစေမှာပါ။

၄။ ကလေးမယူပါနဲ့

သင်ဟာ သင့်မိဘတွေကို သင်ကြောင့် သူတို့ ၂ ယောက် ပိုပြီး သံယောစဉ်ရှိခဲ့လားမေးရင်တော့ သူတို့က အင်းလို့ပဲ ဖြေမှာပါ။ ဒါပေမယ့် နောက်ဆုံးလေ့လာမှုတွေအရတော့ ငယ်ရွယ်ပြီး ကလေးမရှိတဲ့ အိမ် ထောင်ရေးတွေဟာ ပိုပြီးပျော်ရွှင်စရာကောင်းတာကို တွေ့ရပါတယ်။

ခုပြောပြသွားတဲ့အချက်တွေဟာအငြင်းပွားဖွယ်အချက်တွေ ဖြစ်ပေမယ့် နောက်ဆုံးစစ်တမ်းကောက်
 လေ့လာထားချက်တွေလည်း ဖြစ်တယ်ဆိုတာပါပဲ။


Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top