iMyanmarHouse.com - Best Property Website for Myanmar
×

ေခ်ာကလက္ဟာ သြားေရစာအေနနဲ႔သာမက က်န္းမာေရးအေထာက္အကူျဖစ္ေစတဲ့ အစားအစာတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ကယ္လိုရီတက္မွာေၾကာက္ၿပီး ေခ်ာကလက္ကို မစားဘဲေနတာဟာ က်န္းမာေရးဘက္ကၾကည့္ရင္ နစ္နာစရာပါပဲ။ အခ်ိဳမမ်ားလြန္းတဲ့ ေခ်ာကလက္က က်န္းမာေရးအတြက္ တကယ္ပဲ ေကာင္းက်ိဳးေပးႏိုင္ပါတယ္။

၁။ ႏွလံုးက်န္းမာေစ

ေခ်ာကလက္မွာပါဝင္တဲ့ ကိုကိုးဟာ ႏွလံုးအတြက္ အထူးေကာင္းမြန္ပါတယ္။ ႏွလံုးေသြးလည္ပတ္မႈ ေကာင္းမြန္ေစၿပီး ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ ေလ်ာ့က်ေစပါတယ္။ ပိုတက္စီယံဓာတ္က ေသြးဖိအားမွန္ေစသလို မဂၢနီစီယံေၾကာင့္လည္း ႏွလံံုးၾကြက္သားေတြ သန္မာေစမွာပါ။

၂။ စြမ္းအားျမႇင့္တင္ေပး

ခႏၶာကိုယ္ကို စြမ္းအားေတြပိုတိုးလာေအာင္ ျမႇင့္တင္ေပးႏုိင္တဲ့ သီအိုဘ႐ိုမိုင္းေတြ ပါဝင္ပါတယ္။

၃။ အသားအေရ

ေခ်ာကလက္ရဲ႕ ေနာက္ထပ္ေကာင္းက်ိဳးတစ္ခုကေတာ့ အသားအေရကို လွပေစတာျဖစ္ပါတယ္။ အေရျပားကို ေနေလာင္ဒဏ္မခံရေအာင္ ကာကြယ္ေပးပါတယ္။ အသားအေရကို ေရဓာတ္ျဖည့္တင္းေပးႏိုင္လို႔ စိုေျပဝင္းလက္ေစပါလိမ့္မယ္။

၄။ ခႏၶာကိုယ္ က်စ္လ်စ္လွပေစမယ့္ အကူအညီေကာင္း

ေလ့က်င့္ခန္းမလုပ္ခင္ ေခ်ာကလက္စားပါ။ မဂၢနီစီယံက ၾကြက္သားလုပ္္ေဆာင္ခ်က္ေတြကို ေထာက္ပံ့ေပးတဲ့အျပင္ အားကစားေလ့က်င့္ျပီး ရင္ပူတာေတြလည္း မျဖစ္ေစပါဘူး။

၅။ ေပ်ာ္႐ႊင္ေစ

ေခ်ာကလက္ကို စားသင့္တဲ့ အေကာင္းဆံုးအေၾကာင္းျပခ်က္ကေတာ့ သင့္ကိုေပ်ာ္႐ႊင္ေစႏိုင္တာပါပဲ။ ဖီႏိုင္းလ္အီသိုင္လမင္း (PEA) က ေကာင္းတဲ့ခံစားခ်က္ေတြကို ဦးေႏွာက္က သိ႐ွိလာေအာင္ လႈံ႕ေဆာ္ေပးပါတယ္။ ဦးေႏွာက္အတြက္ လိုအပ္တဲ့ ဇင့္နဲ႔ မဂၢနီစီယံဓာတ္ေတြလည္း ပါဝင္ေနပါေသးတယ္။


Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချောကလက်ဟာ သွားရေစာအနေနဲ့သာမက ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ ကယ်လိုရီတက်မှာကြောက်ပြီး ချောကလက်ကို မစားဘဲနေတာဟာ ကျန်းမာရေးဘက်ကကြည့်ရင် နစ်နာစရာပါပဲ။ အချိုမများလွန်းတဲ့ ချောကလက်က ကျန်းမာရေးအတွက် တကယ်ပဲ ကောင်းကျိုးပေးနိုင်ပါတယ်။

၁။ နှလုံးကျန်းမာစေ

ချောကလက်မှာပါဝင်တဲ့ ကိုကိုးဟာ နှလုံးအတွက် အထူးကောင်းမွန်ပါတယ်။ နှလုံးသွေးလည်ပတ်မှု ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ ပိုတက်စီယံဓာတ်က သွေးဖိအားမှန်စေသလို မဂ္ဂနီစီယံကြောင့်လည်း နှလံုံးကြွက်သားတွေ သန်မာစေမှာပါ။

၂။ စွမ်းအားမြှင့်တင်ပေး

ခန္ဓာကိုယ်ကို စွမ်းအားတွေပိုတိုးလာအောင် မြှင့်တင်ပေးနိုင်တဲ့ သီအိုဘရိုမိုင်းတွေ ပါဝင်ပါတယ်။

၃။ အသားအရေ

ချောကလက်ရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အသားအရေကို လှပစေတာဖြစ်ပါတယ်။ အရေပြားကို နေလောင်ဒဏ်မခံရအောင် ကာကွယ်ပေးပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်လို့ စိုပြေဝင်းလက်စေပါလိမ့်မယ်။

၄။ ခန္ဓာကိုယ် ကျစ်လျစ်လှပစေမယ့် အကူအညီကောင်း

လေ့ကျင့်ခန်းမလုပ်ခင် ချောကလက်စားပါ။ မဂ္ဂနီစီယံက ကြွက်သားလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးတဲ့အပြင် အားကစားလေ့ကျင့်ပြီး ရင်ပူတာတွေလည်း မဖြစ်စေပါဘူး။

၅။ ပျော်ရွှင်စေ

ချောကလက်ကို စားသင့်တဲ့ အကောင်းဆုံးအကြောင်းပြချက်ကတော့ သင့်ကိုပျော်ရွှင်စေနိုင်တာပါပဲ။ ဖီနိုင်းလ်အီသိုင်လမင်း (PEA) က ကောင်းတဲ့ခံစားချက်တွေကို ဦးနှောက်က သိရှိလာအောင် လှုံ့ဆော်ပေးပါတယ်။ ဦးနှောက်အတွက် လိုအပ်တဲ့ ဇင့်နဲ့ မဂ္ဂနီစီယံဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။


Credit:Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top