iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္တုိက္ေရျမဳပ္ေတြဟာ ေရခ်ဳိးရာမွာ သုံးေနက်ပစၥည္းတစ္ခု ျဖစ္ပါတယ္။ အသားေရ ပိုမိုႏူးညံ့ေစတာရယ္၊ အေရျပားဆဲလ္ေသေတြဖယ္ရွားျပီး ေသြးလည္ပတ္မႈေကာင္းမြန္ေစတာရယ္ေၾကာင့္ ကြ်ႏု္ပ္တုိ႔ ႏွစ္သက္ၾကပါတယ္။ အသုံးျပဳျပီး ခ်ိတ္ သုိ႔မဟုတ္ ဘုံဘုိင္ေခါင္းတစ္ခုခုေပၚမွာ ေနာက္ျပန္အသုံးျပဳႏိုင္ဖုိ႕အတြက္ ခ်ိတ္ထားေလ့ရိွၾကပါတယ္။ ဒါကို အသံုးျပဳျခင္းက အသားေရအတြက္ အရမ္းေကာင္းမြန္တယ္လို႕လည္း ယံုၾကည္ၾကပါတယ္။

ဒါေပမယ့္ ေကာင္းက်ဳိးထက္ ဆုိးက်ဳိးပုိျဖစ္ေစတာေၾကာင့္ ကိုယ္တုိက္ေရျမဳပ္ေတြကို မသုံးဖုိ႔ အေရျပားအထူးကု ဆရာဝန္ေတြက အၾကံျပဳထားပါတယ္။ Knighht Dermotology Institute က အေရျပားအထူးကုဆရာဝန္ J. Matthew Knight က ကုိယ္တိုက္သပြတ္ အသုံးျပဳတဲ့အခါ အေရျပားဆဲလ္ေသေတြ ဖယ္ရွားေပးပါတယ္။ ဒါေပမယ့္ ဆုိးတာက အဲဒီဆဲလ္ေသေတြ ကိုယ္တုိက္သပြတ္ထဲ စြဲက်န္ရစ္ျပီး ဘက္တီးရီးပိုးေတြ ေပါက္ပြားရာေနရာေကာင္းတစ္ခု ျဖစ္ေစပါတယ္။ သုံးျပီးလုိ႔ ျပန္ထားတဲ့အခါ က်န္ရိွေနတဲ့ အစိုဓာတ္ေတြက ဘက္တီးရီးယားပိုးေတြ ၾကီးထြားေစျပီး မိႈေတြေပါက္ပြားေစပါတယ္။ ဒါ့အျပင္ ဆံပင္၊ မုတ္ဆိတ္၊ ေမြးညင္းေတြ ရိတ္ျပီး အသုံးျပဳတဲ့အခါမွာ ေရာဂါကူးစက္မႈ အထူးသျဖင့္ အေရျပားျပသနာနဲ႔ အနီအကြက္ေတြ ျဖစ္ေစႏုိင္ပါတယ္။

ကုိယ္တိုက္သပြတ္ကို မသုံးဘဲ မေနႏုိင္ဘူးဆုိရင္ ၾကိဳတင္ကာကြယ္မႈတခ်ဳိ႕ျပဳလုပ္သင့္ပါတယ္။ အသုံးျပဳျပီးေနာက္ ေသခ်ာေဆးေၾကာသန္႔စင္ျပီး ေျခာက္ေစမယ့္ ေနရာမွာ ထားပါ။ အထဲမွာ ဘာမွကိန္းေအာင္း မေနႏုိင္ေအာင္ ကုိယ္တုိက္သပြတ္ကို ၂ လ ၁ ၾကိမ္ အသစ္လဲလွယ္ေပးပါ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်တိုက်ရေမြုပ်တွေဟာ ရေချိုးရာမှာ သုံးနေကျပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အသားရေ ပိုမိုနူးညံ့စေတာရယ်၊ အရေပြားဆဲလ်သေတွေဖယ်ရှားပြီး သွေးလည်ပတ်မှုကောင်းမွန်စေတာရယ်ကြောင့် ကျွနု်ပ်တို့ နှစ်သက်ကြပါတယ်။ အသုံးပြုပြီး ချိတ် သို့မဟုတ် ဘုံဘိုင်ခေါင်းတစ်ခုခုပေါ်မှာ နောက်ပြန်အသုံးပြုနိုင်ဖို့အတွက် ချိတ်ထားလေ့ရှိကြပါတယ်။ ဒါကို အသုံးပြုခြင်းက အသားရေအတွက် အရမ်းကောင်းမွန်တယ်လို့လည်း ယုံကြည်ကြပါတယ်။

ဒါပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေတာကြောင့် ကိုယ်တိုက်ရေမြုပ်တွေကို မသုံးဖို့ အရေပြားအထူးကု ဆရာဝန်တွေက အကြံပြုထားပါတယ်။ Knighht Dermotology Institute က အရေပြားအထူးကုဆရာဝန် J. Matthew Knight က ကိုယ်တိုက်သပွတ် အသုံးပြုတဲ့အခါ အရေပြားဆဲလ်သေတွေ ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် ဆိုးတာက အဲဒီဆဲလ်သေတွေ ကိုယ်တိုက်သပွတ်ထဲ စွဲကျန်ရစ်ပြီး ဘက်တီးရီးပိုးတွေ ပေါက်ပွားရာနေရာကောင်းတစ်ခု ဖြစ်စေပါတယ်။ သုံးပြီးလို့ ပြန်ထားတဲ့အခါ ကျန်ရှိနေတဲ့ အစိုဓာတ်တွေက ဘက်တီးရီးယားပိုးတွေ ကြီးထွားစေပြီး မှိုတွေပေါက်ပွားစေပါတယ်။ ဒါ့အပြင် ဆံပင်၊ မုတ်ဆိတ်၊ မွေးညင်းတွေ ရိတ်ပြီး အသုံးပြုတဲ့အခါမှာ ရောဂါကူးစက်မှု အထူးသဖြင့် အရေပြားပြသနာနဲ့ အနီအကွက်တွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ်တိုက်သပွတ်ကို မသုံးဘဲ မနေနိုင်ဘူးဆိုရင် ကြိုတင်ကာကွယ်မှုတချို့ပြုလုပ်သင့်ပါတယ်။ အသုံးပြုပြီးနောက် သေချာဆေးကြောသန့်စင်ပြီး ခြောက်စေမယ့် နေရာမှာ ထားပါ။ အထဲမှာ ဘာမှကိန်းအောင်း မနေနိုင်အောင် ကိုယ်တိုက်သပွတ်ကို ၂ လ ၁ ကြိမ် အသစ်လဲလှယ်ပေးပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top