iMyanmarHouse.com - Best Property Website for Myanmar
×


ၾကက္ဥဟာ ပရိုတင္းဓာတ္ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ဆံပင္နဲ႔ပတ္သက္တဲ့ျပႆနာအမ်ိဳးမ်ိဳးကို ေျဖရွင္းေပးပါတယ္။ က်န္းမာသန္စြမ္းတဲ့ ဆံပင္ေလးေတြျဖစ္ဖို႔အတြက္ ၾကက္ဥကိုအဓိကအသံုးျပဳျပီးျပဳျပင္ရေအာင္။ ဆံပင္ျပႆနာအမ်ိဳးမ်ိဳးကို ဘယ္လိုျပဳျပင္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြေျပာျပခ်င္ပါတယ္။

ႏူးညံေသာဆံေကသာျဖစ္ဖို႔အတြက္ ၾကက္ဥနဲ႔ ၾကက္ဆူဆီကို အသံုးျပဳရပါမယ္။

ၾကက္ဥ ႏွစ္လံုးကို ခြက္တစ္ခုထဲထည့္ျပီး ေမႊေႏွာက္ေအာင္ေခါက္ေပးရပါမယ္။ ေနာက္ျပီးရင္ ၾကက္ဆူဆီ စားပြဲတင္ဇြန္းတစ္ဇြန္း ထည့္ျပီးေရာေမႊရပါမယ္။ ေခါင္းကိုသုတ္လိမ္းတဲ့အခါ ဘရွက္ကို္အသံုးျပဳသင့္ပါတယ္။ မိနစ္၃၀ေလာက္ ေခါင္းကို Shower Cap နဲ႔အုပ္ထားျပီးရင္ ေခါင္းေလွ်ာ္လို႔ရပါျပီး။

ပ်က္စီးေနတဲ့ဆံသားေတြအတြက္ ငွက္ေပ်ာသီး၊ ၾကက္ဥနဲ႔ ႏြားႏို႔ကို အသံုးျပဳရပါမယ္။

ငွက္ေပ်ာသီးအမွည့္တစ္လံုးကို ၾကိတ္ေျချပီး ေတာ့ခြက္တစ္ခုထဲထည့္ထားရပါမယ္။ ေနာက္ျပီး ၾကက္ဥအကားႏွစ္လံုးနဲ႔ ႏြားႏို႔တစ္ခြက္ကို အတူတူေရာထည့္ျပီး ၾကိတ္ေျခရပါမယ္။ ေနာက္ျပီးေတာ့ သံလြင္ဆီ၊ ၾကက္ဆူဆီ၊ အံုးဆီ ကိုယ္ၾကိဳက္ႏွစ္သက္ရာ တစ္ခုခုကိုေရာထည့္ျပီး အသံုးျပဳလို႔ရပါတယ္။ ေခါင္းကိုသုတ္လိမ္းတဲ့အခါ ဘရွက္ကို္အသံုးျပဳျပီး ေခါင္းေနရာအႏံု႔ကို ေသေသခ်ာခ်ာသုတ္လိမ္းေပးရပါတယ္။ မိနစ္၃၀ေလာက္ ထားျပီးရင္ ေခါင္းေလွ်ာ္လို႔ရပါျပီး။ ငွက္ေပ်ာသီးဟာ ဆံပင္ကိုေပ်ာ့ေပ်ာင္းေစျပီး ဆံသားေျခာက္တာနဲ႔ ဆံသားပ်က္စီးတာေတြအတြက္ ငွက္ေပ်ာသီးဟာ အေကာင္းဆံုးအရာျဖစ္ပါတယ္။

အဆီမ်ားတဲ့ဆံသားေတြအတြက္ ကုလားပဲမွန္႔၊ ဒိန္ခ်ဥ္နဲ႔ ၾကက္ဥတို႔ကို အသံုးျပဳရပါတယ္။

ၾကက္ဥအကာတစ္လံုးနဲ႔ ကုလားပဲမွန္႔ စားပြဲတင္ဇြန္း ၂ဇြန္းကို ေရာေမႊေပးရပါမယ္။ ေနာက္ျပီးရင္ ဒိန္ခ်ဥ္စားပြဲတင္ဇြန္း ၃၊၄ ဇြန္း ( ဆံပင္အတိုအရွည္ေပၚမူတည္းျပီး  )၊ သံပုရာသီး စားပြဲတင္ဇြန္း ၁ဇြန္းတို႔ကိုပါ ေရာေမႊေပးရပါမယ္။ မိနစ္၄၅ေလာက္ ထားျပီးရင္ ေခါင္းေလွ်ာ္လို႔ရပါျပီး။  အားနည္းေနတဲ့ဆံသားေတြကို အားေကာင္းေစပါတယ္။ သံပုရာသီးက ေဗာက္ျဖစ္ျခင္းကို ကာကြယ္ေပးပါတယ္။

ေဗာက္္အျဖစ္မ်ားတဲ့ သူေတြအတြက္ ၾကက္ဥနဲ႔ ရွာလကာရည္ကိုအသံုးျပဳရပါမယ္။

ၾကက္ဥတစ္လံုးလံုးကို ခြက္တစ္ခုထဲထည့္ျပီး ရွာလကာရည္စားပြဲတင္ဇြန္း ၁ဇြန္းနဲ႔ သံလြင္ဆီအနည္းထည့္ျပီး ေရာေမႊေပးရပါမယ္။ ဘရွက္ကို္အသံုးျပဳျပီး ဆံပင္အရင္းကေန သုတ္လိမ္းေပးရပါမယ္။ ေနာက္ျပီးရင္ အနည္းဆံုး ၄၅မိနစ္ကေန အမ်ားဆံုး၂နာရီထိ ထားျပီး ေခါင္းေလွ်ာ္လို႔ရပါတယ္။

ေျခာက္ေသြ႕တဲ့ ဆံသားေတြအတြက္ ၾကက္ဥ၊ ပ်ားရည္းနဲ႔ သံလြင္ဆီကို အသံုးျပဳရပါမယ္။

ၾကက္ဥတစ္လံုးလံုးကို ခြက္တစ္ခုထဲထည့္ျပီး ပ်ားရည္ နဲ႔ သံလြင္ဆီစားပြဲတင္ဇြန္း ၂ဇြန္းအနည္းထည့္ျပီး ေရာေမႊေပးရပါမယ္။ မိနစ္၃၀ေလာက္ ထားျပီးရင္ ေခါင္းေလွ်ာ္လို႔ရပါျပီး။

credit:marry

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ကြက်ဥဟာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံပင်လေးတွေဖြစ်ဖို့အတွက် ကြက်ဥကိုအဓိကအသုံးပြုပြီးပြုပြင်ရအောင်။ ဆံပင်ပြဿနာအမျိုးမျိုးကို ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေပြောပြချင်ပါတယ်။

နူးညံသောဆံကေသာဖြစ်ဖို့အတွက် ကြက်ဥနဲ့ ကြက်ဆူဆီကို အသုံးပြုရပါမယ်။

ကြက်ဥ နှစ်လုံးကို ခွက်တစ်ခုထဲထည့်ပြီး မွှေနှောက်အောင်ခေါက်ပေးရပါမယ်။ နောက်ပြီးရင် ကြက်ဆူဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်ပြီးရောမွှေရပါမယ်။ ခေါင်းကိုသုတ်လိမ်းတဲ့အခါ ဘရှက်ကိုအသုံးပြုသင့်ပါတယ်။ မိနစ်၃၀လောက် ခေါင်းကို Shower Cap နဲ့အုပ်ထားပြီးရင် ခေါင်းလျှော်လို့ရပါပြီး။

ပျက်စီးနေတဲ့ဆံသားတွေအတွက် ငှက်ပျောသီး၊ ကြက်ဥနဲ့ နွားနို့ကို အသုံးပြုရပါမယ်။

ငှက်ပျောသီးအမှည့်တစ်လုံးကို ကြိတ်ခြေပြီး တော့ခွက်တစ်ခုထဲထည့်ထားရပါမယ်။ နောက်ပြီး ကြက်ဥအကားနှစ်လုံးနဲ့ နွားနို့တစ်ခွက်ကို အတူတူရောထည့်ပြီး ကြိတ်ခြေရပါမယ်။ နောက်ပြီးတော့ သံလွင်ဆီ၊ ကြက်ဆူဆီ၊ အုံးဆီ ကိုယ်ကြိုက်နှစ်သက်ရာ တစ်ခုခုကိုရောထည့်ပြီး အသုံးပြုလို့ရပါတယ်။ ခေါင်းကိုသုတ်လိမ်းတဲ့အခါ ဘရှက်ကိုအသုံးပြုပြီး ခေါင်းနေရာအနုံ့ကို သေသေချာချာသုတ်လိမ်းပေးရပါတယ်။ မိနစ်၃၀လောက် ထားပြီးရင် ခေါင်းလျှော်လို့ရပါပြီး။ ငှက်ပျောသီးဟာ ဆံပင်ကိုပျော့ပျောင်းစေပြီး ဆံသားခြောက်တာနဲ့ ဆံသားပျက်စီးတာတွေအတွက် ငှက်ပျောသီးဟာ အကောင်းဆုံးအရာဖြစ်ပါတယ်။

အဆီများတဲ့ဆံသားတွေအတွက် ကုလားပဲမှန့်၊ ဒိန်ချဉ်နဲ့ ကြက်ဥတို့ကို အသုံးပြုရပါတယ်။

ကြက်ဥအကာတစ်လုံးနဲ့ ကုလားပဲမှန့် စားပွဲတင်ဇွန်း ၂ဇွန်းကို ရောမွှေပေးရပါမယ်။ နောက်ပြီးရင် ဒိန်ချဉ်စားပွဲတင်ဇွန်း ၃၊၄ ဇွန်း ( ဆံပင်အတိုအရှည်ပေါ်မူတည်းပြီး  )၊ သံပုရာသီး စားပွဲတင်ဇွန်း ၁ဇွန်းတို့ကိုပါ ရောမွှေပေးရပါမယ်။ မိနစ်၄၅လောက် ထားပြီးရင် ခေါင်းလျှော်လို့ရပါပြီး။  အားနည်းနေတဲ့ဆံသားတွေကို အားကောင်းစေပါတယ်။ သံပုရာသီးက ဗောက်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

ဗောက်အဖြစ်များတဲ့ သူတွေအတွက် ကြက်ဥနဲ့ ရှာလကာရည်ကိုအသုံးပြုရပါမယ်။

ကြက်ဥတစ်လုံးလုံးကို ခွက်တစ်ခုထဲထည့်ပြီး ရှာလကာရည်စားပွဲတင်ဇွန်း ၁ဇွန်းနဲ့ သံလွင်ဆီအနည်းထည့်ပြီး ရောမွှေပေးရပါမယ်။ ဘရှက်ကိုအသုံးပြုပြီး ဆံပင်အရင်းကနေ သုတ်လိမ်းပေးရပါမယ်။ နောက်ပြီးရင် အနည်းဆုံး ၄၅မိနစ်ကနေ အများဆုံး၂နာရီထိ ထားပြီး ခေါင်းလျှော်လို့ရပါတယ်။

ခြောက်သွေ့တဲ့ ဆံသားတွေအတွက် ကြက်ဥ၊ ပျားရည်းနဲ့ သံလွင်ဆီကို အသုံးပြုရပါမယ်။

ကြက်ဥတစ်လုံးလုံးကို ခွက်တစ်ခုထဲထည့်ပြီး ပျားရည် နဲ့ သံလွင်ဆီစားပွဲတင်ဇွန်း ၂ဇွန်းအနည်းထည့်ပြီး ရောမွှေပေးရပါမယ်။ မိနစ်၃၀လောက် ထားပြီးရင် ခေါင်းလျှော်လို့ရပါပြီး။

credit:marry

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top