iMyanmarHouse.com - Best Property Website for Myanmar
×


သၾကားပါေသာ ေဖ်ာ္ရည္မ်ား မၾကာခဏေသာက္သုံးေလ့ရွိသည့္ မိန္းကေလးမ်ားမွာ ယင္းေဖ်ာ္ရည္မ်ဳိးမေသာက္သုံးေသာ မိန္းကေလးမ်ားထက္ အပ်ဳိေဖာ္၀င္ဓမၼတာေသြးစတင္မႈ ေစာႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

ယခုေလ့လာမႈကို အေမရိကန္ႏုိင္ငံရွိ ဟားဗတ္ေဆးေက်ာင္းမွ သုေတသီမ်ားက ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ သုေတသီမ်ားက အသက္(၉)ႏွစ္ႏွင့္ (၁၄)ႏွစ္ၾကား မိန္းကေလး ၅,၅၈၃ ဦးကို ၁၉၉၆ ႏွင့္၂၀၀၁ ၾကား ေလ့လာခဲ့ျခင္းျဖစ္ၿပီး တစ္ေန႔လွ်င္ သၾကားပါ၀င္ေသာ ေဖ်ာ္ရည္ ၁ ဒသမ ၅ ခြက္ေသာက္သုံးေလ့ရွိေသာ မိန္းကေလးမ်ားမွာ ယင္းကဲ့သို႔ ေဖ်ာ္ရည္မ်ဳိးကို သီတင္းတစ္ပတ္လွ်င္ ႏွစ္ခြက္(သို႔မဟုတ္) ယင္းထက္ေလ်ာ့၍ ေသာက္သုံးေသာ မိန္းကေလးမ်ား ထက္ ၂ ဒသမ ၇ လေစာ၍ ပထမဆုံးအႀကိမ္ ဓမၼတာလာေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။

‘‘အဓိကစိုးရိမ္ရတာက ကေလးဘ၀မွာ အ၀လြန္ျဖစ္လာႏုိင္ တာပါ။ ဒါေပမဲ့ ခႏၶာကိုယ္ၫႊန္းကိန္း (BMI) အရ သၾကားပါတဲ့ ေဖ်ာ္ရည္ေတြေသာက္ေလ့ရွိတဲ့ မိန္းကေလးေတြဟာ ပထမဆုံး ဓမၼ တာလာတဲ့အသက္အရြယ္ ပိုေစာတယ္ဆိုတာ ကြၽန္မတို႔ရဲ႕ ေလ့လာ မႈက ေဖာ္ျပေနပါတယ္’’ဟု ယခုေလ့လာမႈကို ဦးေဆာင္သူလက္ ေထာက္ပါေမာကၡကာရင္မီခ်ဲလ္က ေျပာသည္။

သၾကားပါ၀င္ေသာ ေဖ်ာ္ရည္မ်ားမွာ သစ္သီးေဖ်ာ္ရည္မ်ားကဲ့ သို႔ သဘာ၀အေလ်ာက္ ခ်ဳိေသာေဖ်ာ္ရည္မ်ားထက္ ခႏၶာကိုယ္ထဲ သၾကားဓာတ္ပမာဏကို လ်င္ျမန္စြာတိုးပြားေစေသာ ဓာတ္(Glycemic Index) ပိုမ်ားေၾကာင္း သိရသည္။

ခႏၶာကိုယ္ထဲသၾကားဓာတ္ ပမာဏကို လ်င္ျမန္စြာတုိးပြားေစ ေသာ အစားအေသာက္မ်ားေၾကာင့္ ခႏၶာကိုယ္ထဲရွိ အင္ဆူလင္ ဓာတ္မ်ား ပိုျမင့္မားေစသည္။ အင္ဆူလင္စုေ၀းမႈ ျမင့္မားပါက လိင္ ေဟာ္မုန္းစုေ၀းမႈ ပိုျမင့္မားၿပီး ခႏၶာကိုယ္ထဲ လွည့္ပတ္ေနေသာ ယင္းေဟာ္မုန္းမ်ား စုေ၀းမႈအတြင္း ႀကီးမားေသာ ေျပာင္းလဲမႈမ်ားမွာ ေစာေစာစီးစီး ဓမၼတာစလာျခင္းႏွင့္ ဆက္စပ္ေနသည္။

ကဖိန္းဓာတ္စားသုံးမႈ ပိုမ်ားျခင္းမွာလည္း ေစာေစာစီးစီး ဓမၼတာ စလာျခင္းႏွင့္ ဆက္စပ္မႈရွိေၾကာင္း သုေတသီမ်ားက ေျပာသည္။

Credit:7Day Daily


မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version
 သကြားပါသော ဖျော်ရည်များ မကြာခဏသောက်သုံးလေ့ရှိသည့် မိန်းကလေးများမှာ ယင်းဖျော်ရည်မျိုးမသောက်သုံးသော မိန်းကလေးများထက် အပျိုဖော်ဝင်ဓမ္မတာသွေးစတင်မှု စောနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။


ယခုလေ့လာမှုကို အမေရိကန်နိုင်ငံရှိ ဟားဗတ်ဆေးကျောင်းမှ သုတေသီများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သုတေသီများက အသက်(၉)နှစ်နှင့် (၁၄)နှစ်ကြား မိန်းကလေး ၅,၅၈၃ ဦးကို ၁၉၉၆ နှင့်၂၀၀၁ ကြား လေ့လာခဲ့ခြင်းဖြစ်ပြီး တစ်နေ့လျှင် သကြားပါဝင်သော ဖျော်ရည် ၁ ဒသမ ၅ ခွက်သောက်သုံးလေ့ရှိသော မိန်းကလေးများမှာ ယင်းကဲ့သို့ ဖျော်ရည်မျိုးကို သီတင်းတစ်ပတ်လျှင် နှစ်ခွက်(သို့မဟုတ်) ယင်းထက်လျော့၍ သောက်သုံးသော မိန်းကလေးများ ထက် ၂ ဒသမ ၇ လစော၍ ပထမဆုံးအကြိမ် ဓမ္မတာလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။

‘‘အဓိကစိုးရိမ်ရတာက ကလေးဘဝမှာ အဝလွန်ဖြစ်လာနိုင် တာပါ။ ဒါပေမဲ့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) အရ သကြားပါတဲ့ ဖျော်ရည်တွေသောက်လေ့ရှိတဲ့ မိန်းကလေးတွေဟာ ပထမဆုံး ဓမ္မ တာလာတဲ့အသက်အရွယ် ပိုစောတယ်ဆိုတာ ကျွန်မတို့ရဲ့ လေ့လာ မှုက ဖော်ပြနေပါတယ်’’ဟု ယခုလေ့လာမှုကို ဦးဆောင်သူလက် ထောက်ပါမောက္ခကာရင်မီချဲလ်က ပြောသည်။

သကြားပါဝင်သော ဖျော်ရည်များမှာ သစ်သီးဖျော်ရည်များကဲ့ သို့ သဘာဝအလျောက် ချိုသောဖျော်ရည်များထက် ခန္ဓာကိုယ်ထဲ သကြားဓာတ်ပမာဏကို လျင်မြန်စွာတိုးပွားစေသော ဓာတ်(Glycemic Index) ပိုများကြောင်း သိရသည်။

ခန္ဓာကိုယ်ထဲသကြားဓာတ် ပမာဏကို လျင်မြန်စွာတိုးပွားစေ သော အစားအသောက်များကြောင့် ခန္ဓာကိုယ်ထဲရှိ အင်ဆူလင် ဓာတ်များ ပိုမြင့်မားစေသည်။ အင်ဆူလင်စုဝေးမှု မြင့်မားပါက လိင် ဟော်မုန်းစုဝေးမှု ပိုမြင့်မားပြီး ခန္ဓာကိုယ်ထဲ လှည့်ပတ်နေသော ယင်းဟော်မုန်းများ စုဝေးမှုအတွင်း ကြီးမားသော ပြောင်းလဲမှုများမှာ စောစောစီးစီး ဓမ္မတာစလာခြင်းနှင့် ဆက်စပ်နေသည်။

ကဖိန်းဓာတ်စားသုံးမှု ပိုများခြင်းမှာလည်း စောစောစီးစီး ဓမ္မတာ စလာခြင်းနှင့် ဆက်စပ်မှုရှိကြောင်း သုတေသီများက ပြောသည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top