iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္ေလးတစ္ေယာက္။ သူ႔ခ်စ္သူေကာင္မေလးကပုိ႔တဲ့ မက္ေဆ့ခ်္ေတြကိုဖတ္ရမွာအရမ္းျငီးေငြ႔သလုိခံစားရပါတယ္တဲ့။ အျမဲပဲ“နင့္ကိုအရမ္းခ်စ္တယ္”“သတိရတယ္”“လြမ္းလိုက္တာ” “နင္ထမင္းစားျပီးရဲ႕လား”စတဲ့ မက္ေဆ့ခ်္ေတြပဲ ျဖစ္ေနတယ္ဆုိျပီးခ်စ္သူေလးရဲ႕ မက္ေဆ့ခ်္ေတြကို မဖတ္ခ်င္ေတာ့ပါဘူး။ တစ္ညမွာေတာ့ သူကအိပ္ယာေပၚမွာ စာအုပ္တစ္အုပ္ဖတ္ေနတုန္း ေကာင္မေလးဆီက မက္္ေဆ့ခ်္တစ္ေစာင္ေရာက္လာတယ္။ ဒါေပမဲ့သူကမက္ေဆ့ခ်္ကိုအေရးလုပ္ျပီးဖတ္မေနေတာ့ဘဲ အိပ္လိုက္ပါတယ္။

ေနာက္တစ္ေန႔မနက္မွာေတာ့ သူ႔ဆီကိုေကာင္မေလးရဲ႕ အေမကဖုန္းဆက္ခဲ့တယ္။ သူ႔အေမက ဝမ္းနည္းပက္လက္နဲ႔ ေျဖမဆည္ႏုိင္ဘဲေျပာျပခဲ့တာကေတာ့ မေန႔ညက သူ႔ခ်စ္သူေကာင္မေလးက အသတ္ခံခဲ့ရျပီး အသတ္ခံခဲ့ရတဲ့ညမွာပဲသူ႔ဆီကို စာတစ္ေစာင္ပို႔ခဲ့တယ္လို႔ ေျပာျပပါတယ္။ အဲ့ဒီအခ်ိန္က်မွ ေကာင္ေလးက သူ႔ဆီကုိညကစာတစ္ေစာင္ေရာက္လာတာကို သတိရျပီးဖတ္ၾကည့္ခဲ့ပါတယ္။ “ေမာင္... ကၽြန္မကိုလာျပီးကူညီပါဦး။ ကၽြန္မေနာက္ကို လူတစ္ေယာက္လုိက္လာေနတယ္။ ကၽြန္မေမာင္တုိ႔ လမ္းနားကိုေရာက္ေနတယ္..ကယ္ပါဦး...”တဲ့။

ေျပာျပခ်င္တဲ့အေၾကာင္းက ကုိယ္ခ်စ္တဲ့သူတစ္ေယာက္ကို ဘယ္ေတာ့မွ လ်စ္လ်ဴမရႈမိပါေစနဲ႔။ အေသးအဖြဲေလးေတြကိုအျပစ္မျမင္္ဘဲ ခ်စ္တဲ့မ်က္စိနဲ႔ၾကည့္ပါ။ ဆုံးရႈံးသြားျပီးမွ ေနာင္တမရပါေစနဲ႔။ ခ်စ္တဲ့သူဆီမွာ ကိုယ္မၾကိဳက္တဲ့အခ်က္ကေလးေတြရွိရင္လည္း နားလည္ေပးႏုိင္ေအာင္ ၾကိဳးစားပါ။ လူတုိင္းမွာ ခ်ဳိ႕ယြင္းခ်က္ အားနည္းခ်က္ဆုိတာ ရွိစျမဲပါ။ ဘာမဟုတ္တဲ့ အေသးအဖြဲေလးေတြကို ပုံၾကီးခ်ဲ႕ျပီး တန္ဖိုးမထားဘဲမေနပါနဲ႔။ တစ္ေန႔က်မွ မႈန္ပ်ပ်ၾကယ္အလင္းေတြကိုေရတြက္ေနတာနဲ႔ပဲ ကိုယ့္ဘဝကိုေအးျမတဲ့ အလင္းေရာင္ေပးႏုိင္တဲ့ လမင္းလိုခ်စ္သူမ်ဳိးနဲ႔ ေဝးခဲ့ရတာကို ေနာင္တရမေနရေအာင္ ဘယ္ေတာ့မွ ခ်စ္ရတဲ့သူကိုလ်စ္လ်ဴမရႈမိပါေစနဲ႔။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Trend Myanmar

#Unicode Version
ကောင်လေးတစ်ယောက်။ သူ့ချစ်သူကောင်မလေးကပို့တဲ့ မက်ဆေ့ချ်တွေကိုဖတ်ရမှာအရမ်းငြီးငွေ့သလိုခံစားရပါတယ်တဲ့။ အမြဲပဲ“နင့်ကိုအရမ်းချစ်တယ်”“သတိရတယ်”“လွမ်းလိုက်တာ” “နင်ထမင်းစားပြီးရဲ့လား”စတဲ့ မက်ဆေ့ချ်တွေပဲ ဖြစ်နေတယ်ဆိုပြီးချစ်သူလေးရဲ့ မက်ဆေ့ချ်တွေကို မဖတ်ချင်တော့ပါဘူး။ တစ်ညမှာတော့ သူကအိပ်ယာပေါ်မှာ စာအုပ်တစ်အုပ်ဖတ်နေတုန်း ကောင်မလေးဆီက မက်ဆေ့ချ်တစ်စောင်ရောက်လာတယ်။ ဒါပေမဲ့သူကမက်ဆေ့ချ်ကိုအရေးလုပ်ပြီးဖတ်မနေတော့ဘဲ အိပ်လိုက်ပါတယ်။

နောက်တစ်နေ့မနက်မှာတော့ သူ့ဆီကိုကောင်မလေးရဲ့ အမေကဖုန်းဆက်ခဲ့တယ်။ သူ့အမေက ဝမ်းနည်းပက်လက်နဲ့ ဖြေမဆည်နိုင်ဘဲပြောပြခဲ့တာကတော့ မနေ့ညက သူ့ချစ်သူကောင်မလေးက အသတ်ခံခဲ့ရပြီး အသတ်ခံခဲ့ရတဲ့ညမှာပဲသူ့ဆီကို စာတစ်စောင်ပို့ခဲ့တယ်လို့ ပြောပြပါတယ်။ အဲ့ဒီအချိန်ကျမှ ကောင်လေးက သူ့ဆီကိုညကစာတစ်စောင်ရောက်လာတာကို သတိရပြီးဖတ်ကြည့်ခဲ့ပါတယ်။ “မောင်... ကျွန်မကိုလာပြီးကူညီပါဦး။ ကျွန်မနောက်ကို လူတစ်ယောက်လိုက်လာနေတယ်။ ကျွန်မမောင်တို့ လမ်းနားကိုရောက်နေတယ်..ကယ်ပါဦး...”တဲ့။

ပြောပြချင်တဲ့အကြောင်းက ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဘယ်တော့မှ လျစ်လျူမရှုမိပါစေနဲ့။ အသေးအဖွဲလေးတွေကိုအပြစ်မမြင်ဘဲ ချစ်တဲ့မျက်စိနဲ့ကြည့်ပါ။ ဆုံးရှုံးသွားပြီးမှ နောင်တမရပါစေနဲ့။ ချစ်တဲ့သူဆီမှာ ကိုယ်မကြိုက်တဲ့အချက်ကလေးတွေရှိရင်လည်း နားလည်ပေးနိုင်အောင် ကြိုးစားပါ။ လူတိုင်းမှာ ချို့ယွင်းချက် အားနည်းချက်ဆိုတာ ရှိစမြဲပါ။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကို ပုံကြီးချဲ့ပြီး တန်ဖိုးမထားဘဲမနေပါနဲ့။ တစ်နေ့ကျမှ မှုန်ပျပျကြယ်အလင်းတွေကိုရေတွက်နေတာနဲ့ပဲ ကိုယ့်ဘဝကိုအေးမြတဲ့ အလင်းရောင်ပေးနိုင်တဲ့ လမင်းလိုချစ်သူမျိုးနဲ့ ဝေးခဲ့ရတာကို နောင်တရမနေရအောင် ဘယ်တော့မှ ချစ်ရတဲ့သူကိုလျစ်လျူမရှုမိပါစေနဲ့။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Trend Myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top