iMyanmarHouse.com - Best Property Website for Myanmar
×

အပန္းေျဖခရီးထြက္တဲ့အခါ၊ ဒါမွမဟုတ္ အလုပ္ကိစၥေၾကာင့္ ခရီးသြားရတဲ့အခါ ႀကံဳေတြ႕ရေလ့ရွိတဲ့ အခ်ိန္ကြာဟျခင္းျပသနာဟာ စိတ္လႈပ္ရွားစရာေကာင္းသလို စိတ္အေႏွာင့္အယွက္ျဖစ္စရာလည္း ေကာင္းပါတယ္။ တစ္ခါတစ္ေလ ဒီလို တစ္ေနရာနဲ႔ တစ္ေနရာ အခ်ိန္မတူညီျခင္းေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံကေန တစ္ႏိုင္ငံကို ေရာက္ရွိသြားတဲ့အခါ မအီမသာျဖစ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ အစားအစာ စားမ၀င္ျခင္းစတဲ့ ေရာဂါေတြေတာင္ ခံစားၾကရပါတယ္။ အမွန္ေတာ့ ခုလို Jet Lag ျဖစ္တာမ်ိဳး၊ အခ်ိန္ကြာဟမႈေၾကာင့္ ခံစားရတာမ်ိဳးေတြဟာ ခႏၵာကိုယ္တြင္း အေနအထားေတြနဲ႔ တုိက္ရိုက္ပတ္သက္ေနၿပီး အိပ္ရာ၀င္ေနက်အခ်ိန္၊ အိပ္ရာထခ်ိန္ေတြ၊ ဒါ့အျပင္ ေန႔တုိင္းႀကံဳေနရတဲ့ ကိုယ္ေနထုိင္ရာေဒသက အပူခ်ိန္၊ ေနေရာင္ျခည္စတာေတြနဲ႔ သက္ဆုိင္ေနပါတယ္။ ခႏၶာကိုယ္ဟိုမုန္းအေျပာင္းအလဲနဲ႔ေတာင္ ပတ္သက္မႈရွိေနတယ္လို႔လည္း သိရပါတယ္။

ဒါေတြကို ေျဖရွင္းဖုိ႔ကေတာ့ ခႏၶာကိုယ္နဲ႔အသားက်ေနၿပီးသား အခ်ိန္ေတြနဲ႔ ကိုယ္ေရာက္ရွိရာေနရာရဲ႕အခ်ိန္ကို တန္းညွိေပးလိုက္ဖုိ႔ပါပဲ။ သင့္အေနနဲ႔ ႀကိဳတင္လုပ္ထားႏိုင္တာက ခရီးမသြားခင္တစ္ပတ္ေလာက္အလို ကတည္းက ကိုယ္သြားမယ့္ေနရာကို မူတည္ၿပီး အိပ္ခ်ိန္ေတြကို ေရွ႕တိုးသင့္တုိး၊ ေနာက္ဆုတ္သင့္ဆုတ္တာေတြ စလုပ္ရပါလိမ့္မယ္။ နာရီ၀က္၊ တစ္နာရီ ညတုိင္းေနာက္ဆုတ္ၿပီး အိပ္တာမ်ိဳးေတြဘာေတြ လုပ္သင့္ရင္ လုပ္သြားရပါလိမ့္မယ္။

ေနာက္တစ္နည္းကေတာ့ ေလယာဥ္ဆိုက္ေရာက္တာနဲ႔ ကိုယ္ေရာက္ရွိတဲ့ ေနရာက အခ်ိန္ကို ဖုန္းနဲ႔နာရီမွာ တန္းေျပာင္းလိုက္ပါ။ ဒါဟာ စိတ္ကိုလွည့္စားျခင္းျဖစ္ေမပယ့္ ကိုယ္လုပ္ရမယ့္အရာေတြ၊ လုပ္ငန္းေဆာင္တာေတြကို အစီအစဥ္ တက်ျပဳလုပ္သြားႏိုင္ပါလိမ့္မယ္။

ဒါ့အျပင္ မယ္တုိနင္လို႔ လူသိမ်ားတဲ့ သင့္ကို ေလယာဥ္ေပၚမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ၿပီး လန္းဆန္းစြာ ႏိုးထေစႏိုင္တဲ့ေဆးကိုလည္း ဆရာ၀န္နဲ႔တိုင္ပင္ၿပီး ေသာက္ႏိုင္ပါေသးတယ္ေနာ္။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အပန်းဖြေခရီးထွက်တဲ့အခါ၊ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် ခရီးသွားရတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ အချိန်ကွာဟခြင်းပြသနာဟာ စိတ်လှုပ်ရှားစရာကောင်းသလို စိတ်အနှောင့်အယှက်ဖြစ်စရာလည်း ကောင်းပါတယ်။ တစ်ခါတစ်လေ ဒီလို တစ်နေရာနဲ့ တစ်နေရာ အချိန်မတူညီခြင်းကြောင့် နိုင်ငံတစ်နိုင်ငံကနေ တစ်နိုင်ငံကို ရောက်ရှိသွားတဲ့အခါ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအစာ စားမဝင်ခြင်းစတဲ့ ရောဂါတွေတောင် ခံစားကြရပါတယ်။ အမှန်တော့ ခုလို Jet Lag ဖြစ်တာမျိုး၊ အချိန်ကွာဟမှုကြောင့် ခံစားရတာမျိုးတွေဟာ ခန္ဒာကိုယ်တွင်း အနေအထားတွေနဲ့ တိုက်ရိုက်ပတ်သက်နေပြီး အိပ်ရာဝင်နေကျအချိန်၊ အိပ်ရာထချိန်တွေ၊ ဒါ့အပြင် နေ့တိုင်းကြုံနေရတဲ့ ကိုယ်နေထိုင်ရာဒေသက အပူချိန်၊ နေရောင်ခြည်စတာတွေနဲ့ သက်ဆိုင်နေပါတယ်။ ခန္ဓာကိုယ်ဟိုမုန်းအပြောင်းအလဲနဲ့တောင် ပတ်သက်မှုရှိနေတယ်လို့လည်း သိရပါတယ်။

ဒါတွေကို ဖြေရှင်းဖို့ကတော့ ခန္ဓာကိုယ်နဲ့အသားကျနေပြီးသား အချိန်တွေနဲ့ ကိုယ်ရောက်ရှိရာနေရာရဲ့အချိန်ကို တန်းညှိပေးလိုက်ဖို့ပါပဲ။ သင့်အနေနဲ့ ကြိုတင်လုပ်ထားနိုင်တာက ခရီးမသွားခင်တစ်ပတ်လောက်အလို ကတည်းက ကိုယ်သွားမယ့်နေရာကို မူတည်ပြီး အိပ်ချိန်တွေကို ရှေ့တိုးသင့်တိုး၊ နောက်ဆုတ်သင့်ဆုတ်တာတွေ စလုပ်ရပါလိမ့်မယ်။ နာရီဝက်၊ တစ်နာရီ ညတိုင်းနောက်ဆုတ်ပြီး အိပ်တာမျိုးတွေဘာတွေ လုပ်သင့်ရင် လုပ်သွားရပါလိမ့်မယ်။

နောက်တစ်နည်းကတော့ လေယာဉ်ဆိုက်ရောက်တာနဲ့ ကိုယ်ရောက်ရှိတဲ့ နေရာက အချိန်ကို ဖုန်းနဲ့နာရီမှာ တန်းပြောင်းလိုက်ပါ။ ဒါဟာ စိတ်ကိုလှည့်စားခြင်းဖြစ်မေပယ့် ကိုယ်လုပ်ရမယ့်အရာတွေ၊ လုပ်ငန်းဆောင်တာတွေကို အစီအစဉ် တကျပြုလုပ်သွားနိုင်ပါလိမ့်မယ်။

ဒါ့အပြင် မယ်တိုနင်လို့ လူသိများတဲ့ သင့်ကို လေယာဉ်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး လန်းဆန်းစွာ နိုးထစေနိုင်တဲ့ဆေးကိုလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်နိုင်ပါသေးတယ်နော်။


Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top