iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ လက္ေခ်ာင္းေလးေတြကို ၾကည့္တဲ့အခါ လက္သည္းခြံအရင္းေနရာကေန ထြက္လာတဲ့ အျဖဴေရာင္ လျခမ္းသ႑န္ေလးေတြကို သတိျပဳမိပါသလား။ တကယ္ေတာ့ ဒီလျခမ္းေလးေတြက လက္သည္းရဲ႕ အရမ္းကို အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒါက လက္သည္းမွာပါတဲ့ အစိတ္အပိုင္းတစ္ခုဆိုတာထက္ ပိုပါတယ္။ အေၾကာင္းကေတာ့ ဒီလျခမ္းေလးေတြကတဆင့္ သင့္ရဲ႕ က်န္းမာေရးအေျခအေနကို အမ်ားၾကီးသိႏုိင္လို႔ပဲ ျဖစ္ပါတယ္။

တရုတ္ေဆးပညာမွာ လက္သည္းေပၚက လျခမ္းေလးေတြကုိ ေလဖိအားတုိင္းကိရိယာလိုပဲ က်န္းမာေရးကိုတုိင္းတဲ့ ကိရိယာတစ္ခုအေနနဲ႔ မွတ္ယူပါတယ္။ လျခမ္းရဲ႕ အေျခအေနက သင့္က်န္းမာေရး သေကၤတပါ။ က်န္းမာေရးခၽြတ္ယြင္းလာတဲ့အခါမွာ လျခမ္းကေျပာင္းလဲလာတာ၊ လုံးဝေပ်ာက္သြားတာေတြ ျဖစ္တတ္ပါတယ္။ က်န္းမာေရးျပန္ေကာင္းလာတဲ့ အခ်ိန္မွာ လျခမ္းေလးေတြက မူလအေျခအေနအတုိင္း ျပန္ျဖစ္လာတတ္ပါတယ္။

ေဆးပညာရွင္မ်ားရဲ႕ အဆုိအရ လက္ေခ်ာင္း ၈ ေခ်ာင္းကေန လက္ေခ်ာင္းအားလုံးေပၚမွာအထိ လျခမ္းေတြရွိေနမယ္ဆုိရင္ က်န္းမာေရးက အေကာင္းဆုံးအေျခအေနမွာ ရွိေနတာကို ျပပါတယ္။ လျခမ္းက ပုိျဖဴေလ က်န္းမာေရးပိုေကာင္းေလပဲ ျဖစ္ပါတယ္။ လျခမ္းေတြကို ၈ ေခ်ာင္းေအာက္ပိုနည္းျပီးေတြ႔ရမယ္ဆုိရင္ စြမ္းအင္ပိုနည္းသြားျပီး ခုခံအားစနစ္လည္းအားနည္းေနတာကို ျပတာျဖစ္ပါတယ္။ လက္မႏွစ္ေခ်ာင္းေပၚမွာပဲ လျခမ္းေတြရွိတယ္ဆုိရင္ေတာ့ အလြယ္တကူနာမက်န္းျဖစ္ႏုိင္တယ္ဆုိတာကိုသိထားရပါမယ္။

ေလ့လာမႈတစ္ခုအရ လက္သည္းခြံအားလုံးမွာ လျခမ္းေတြလုံးဝမရွိဘူးဆုိရင္ေတာ့ ခႏၶာကိုယ္တြင္းမွာ မညီမွ်မႈေတြ အမ်ားၾကီးျဖစ္ေနတာကို ျပတာပဲျဖစ္ပါတယ္။ သိုင္းရြိဳက္ဂလင္း၊ သံဓာတ္အားနည္းတာ၊ နာတာရွည္ေက်ာက္ကပ္ေရာဂါ၊ စိတ္က်ေရာဂါ ၊ ဗီတာမင္ဘီ 12 ခ်ဳိ႕တဲ့ေရာဂါေတြျဖစ္တတ္ပါတယ္။ သင့္ရဲ႕ အုိင္အုိဒင္း ပမာဏနဲ႔ ဗီတာမင္ဘီ 12 ပမာဏကို စစ္ေဆးၾကည့္သင့္ပါတယ္။ သိုင္းရဳိြက္အလုပ္လုပ္ပုံနဲ႔ ေသြးဖိအားေတြနဲ႔လည္း ဆက္စပ္ေနတတ္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ရဲ့ လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းခွံအရင်းနေရာကနေ ထွက်လာတဲ့ အဖြူရောင် လခြမ်းသဏ္ဍန်လေးတွေကို သတိပြုမိပါသလား။ တကယ်တော့ ဒီလခြမ်းလေးတွေက လက်သည်းရဲ့ အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါက လက်သည်းမှာပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာထက် ပိုပါတယ်။ အကြောင်းကတော့ ဒီလခြမ်းလေးတွေကတဆင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေကို အများကြီးသိနိုင်လို့ပဲ ဖြစ်ပါတယ်။

တရုတ်ဆေးပညာမှာ လက်သည်းပေါ်က လခြမ်းလေးတွေကို လေဖိအားတိုင်းကိရိယာလိုပဲ ကျန်းမာရေးကိုတိုင်းတဲ့ ကိရိယာတစ်ခုအနေနဲ့ မှတ်ယူပါတယ်။ လခြမ်းရဲ့ အခြေအနေက သင့်ကျန်းမာရေး သင်္ကေတပါ။ ကျန်းမာရေးချွတ်ယွင်းလာတဲ့အခါမှာ လခြမ်းကပြောင်းလဲလာတာ၊ လုံးဝပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့ အချိန်မှာ လခြမ်းလေးတွေက မူလအခြေအနေအတိုင်း ပြန်ဖြစ်လာတတ်ပါတယ်။

ဆေးပညာရှင်များရဲ့ အဆိုအရ လက်ချောင်း ၈ ချောင်းကနေ လက်ချောင်းအားလုံးပေါ်မှာအထိ လခြမ်းတွေရှိနေမယ်ဆိုရင် ကျန်းမာရေးက အကောင်းဆုံးအခြေအနေမှာ ရှိနေတာကို ပြပါတယ်။ လခြမ်းက ပိုဖြူလေ ကျန်းမာရေးပိုကောင်းလေပဲ ဖြစ်ပါတယ်။ လခြမ်းတွေကို ၈ ချောင်းအောက်ပိုနည်းပြီးတွေ့ရမယ်ဆိုရင် စွမ်းအင်ပိုနည်းသွားပြီး ခုခံအားစနစ်လည်းအားနည်းနေတာကို ပြတာဖြစ်ပါတယ်။ လက်မနှစ်ချောင်းပေါ်မှာပဲ လခြမ်းတွေရှိတယ်ဆိုရင်တော့ အလွယ်တကူနာမကျန်းဖြစ်နိုင်တယ်ဆိုတာကိုသိထားရပါမယ်။

လေ့လာမှုတစ်ခုအရ လက်သည်းခွံအားလုံးမှာ လခြမ်းတွေလုံးဝမရှိဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ မညီမျှမှုတွေ အများကြီးဖြစ်နေတာကို ပြတာပဲဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်း၊ သံဓာတ်အားနည်းတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ စိတ်ကျရောဂါ ၊ ဗီတာမင်ဘီ 12 ချို့တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။ သင့်ရဲ့ အိုင်အိုဒင်း ပမာဏနဲ့ ဗီတာမင်ဘီ 12 ပမာဏကို စစ်ဆေးကြည့်သင့်ပါတယ်။ သိုင်းရိုွက်အလုပ်လုပ်ပုံနဲ့ သွေးဖိအားတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top