iMyanmarHouse.com - Best Property Website for Myanmar
×

အေရွ႕ရက္ေတြက လႈမႈကြန္ယက္ေပၚက page အခ်ိဳ႕မွာ သဥၹာႏြယ္၀င္း အခ်စ္ေရးေျဖၿပီဆိုတဲ့ ေခါင္းစဥ္နဲ႕အတူ အလုပ္ေတြပဲ ၾကိဳးစားလုပ္ကုိင္ေတာ့မယ္ဆိုတဲ့ သဥၹုာႏြယ္၀င္းရဲ႕သတင္းေတြ အေတာ္ေလးပ်ံ႕သြားခဲ့ပါတယ္။ ဒါ့အျပင္ သူမသံုးတဲ့ ေဖစ့္ဘြတ္ေပၚမွာလဲ ပရိသတ္စိတ္၀င္စားစရာ စာသားေလးေတြတင္ထားတာကိုလဲ ေတြ႕ေနရသလုိ သူမနဲ႕နာမည္ထြက္တဲ့ အဆုိေတာ္ကလဲ သူ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ အလြမ္းစာသားအခ်ိဳ႕ တင္ထားတာေၾကာင့္ ပရိသတ္ေတြ သို႕ေလာသို႕ေလာျဖစ္ခဲ့ရပါတယ္။ ဒါ့ေၾကာင့္လက္ရွိမွာ ပရိသတ္စိတ္၀င္စားမဲ့ သဥၹာႏြယ္၀င္းရဲ႕ အခ်စ္ေရးကိစၥကို သြားေရာက္ေမးျမန္းရင္း လက္ရွိသူမရဲ႕ အႏုပညာလႈပ္ရွားမႈမ်ားကို ေမးျမန္းေျပာဆိုျဖစ္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈေလးကို အရင္ေျပာျပေပးပါဦး။

အခုကေတာ့ သဥၹာအိမ္မွာပါပဲ။ မေန႕ကမွ ဗီဒီယိုကားေလးတစ္ကားၿပီးသြားတယ္ေပါ့။ ကိုေဇရဲထက္နဲ႕ကိုေအာင္ေလးရယ္၊ ေနာက္ထပ္ မင္းသားႏွစ္ေယာက္ရယ္၊ သဥၹာရယ္ေပါ့။ အဲ့ဒီထဲမွာ သဥၹာကေက်ာင္းသူ ကာရုိက္တာေလးပါပဲ။ ဟာသေလးေပါ့။

-သီတင္းကၽြတ္ကိုေရာ ဘယ္လိုေလးျဖတ္သန္းျဖစ္ခဲ့လဲ။

သီတင္းကၽြတ္ကို အေမနဲ႕အေဖကို အိမ္မွာ ညီအစ္မေတြအကုန္စုၿပီး ကန္႕ေတာ့တယ္။ အျပင္ေတာ့မသြားျဖစ္ဘူး။

-ေရွ႕လဆိုလဲ တန္ေဆာင္တိုင္ဆိုေတာ့ ေတာင္ၾကီးမီးပံုးပ်ံပြဲကိုေရာသြားျဖစ္ဥိးမလား။

မေသခ်ာေသးဘူး။ သြားေတာ့သြားခ်င္တယ္။ သြားလဲသြားျဖစ္ဖို႕မ်ားပါတယ္။ အရင္ႏွစ္ကေတာ့သြားျဖစ္တယ္။ သြားရင္လဲ တန္ေဆာင္တိုင္မီးပံုးပြဲကိုပဲ သြားျဖစ္မွာပါ။ ၿပီးေတာ့ အခုလတ္တေလာကက်ေတာ့ အေမကလဲ ေျခေထာက္နာေနတာက အခုထိမသက္သာေသးဘူး။ လမ္းေလွ်ာက္ရတာ သိပ္အဆင္မေျပေသးဘူးဆိုေတာ့ အေျခအေနၾကည့္ေနတုန္းပါပဲ။

-ျမန္မာကားေတြကို ေ၀ဖန္ေနတဲ့ Event ေတြအေပၚ သဥၹာ့ အျမင္ကိုလဲသိခ်င္ပါတယ္။

အႏုပညာအလုပ္လုပ္ေနတဲ့ဒါရုိက္တာေတြ၊ မင္းသား၊ မင္းသမီးေတြအကုန္လံုးက အႏုပညာသမားမျဖစ္ခင္တုန္းက အရင္ေခတ္ကမင္းသားမင္းသမီးေတြရဲ႕ ပရိသတ္ေတြျဖစ္ခဲ့ဖူးတယ္။ ကုိယ္ေတြတုန္းကလဲ ကုိယ္မၾကိဳက္တဲ့ဟာေလးေတြကို ေ၀ဖန္ခဲ့ဖူးတယ္။ ေ၀ဖန္ၾကတယ္။ အခုလက္ရွိမွာ ပရိသတ္ေတြေ၀ဖန္ေနတာကိုလဲ သဥၹာကနားလည္တယ္။ သူတို႕အတြက္ပ်က္လံုးေတြက ရိုးေနၿပီ။ ထပ္ေနၿပီဆိုတာမ်ိဳးကို နားလည္တယ္။ သိတယ္။ ဒါေပမဲ့ တစ္ခါတစ္ေလက်ေတာ့ အရမ္းၾကီးကြာလတီေကာင္းတဲ့ ဟာမ်ိဳးရုိက္ဖို႕က်ေတာ့ ဘားခ်ပ္ေတြနဲ႕လဲ အမ်ားၾကီးဆိုင္တယ္။ အဲ့ဒီလိုဆိုေတာ့ ပရိသတ္ေတြေ၀ဖန္မႈကို သဥၹာတို႕နားလည္တယ္။ ပရိသတ္ေတြကလဲ သဥၹာတို႕ကိုနားလည္ေစခ်င္တယ္။ ဒီဖက္မွာလဲ ဘားခ်ပ္အရအခက္အခဲေတြရွိတဲ့အတြက္ နားလည္ေပးၾကပါလို႕။ အားလံုးကလဲ ရုပ္ရွင္ေလာကကိုတုိးတက္ေစခ်င္လို႕ေျပာတယ္ဆိုတာ နားလည္ပါတယ္လို႕ေျပာခ်င္ပါတယ္။

-အေရွ႕ရက္က ေဖ့စ္ဘြတ္မွာတင္တဲ့ စာသားေလးေတြနဲ႕ပတ္သက္ၿပီး သဥၹာ့ရဲ႕ အခ်စ္ေရးကို စိတ္၀င္စားေနၾကတယ္ေနာ္။

အစ္မ သဥၹာ အခ်စ္ေရးမေျဖခ်င္ဘူး။

-တျခားမီဒီယာတစ္ခုကတင္ထားတဲ့ သဥၹာႏြယ္၀င္း အခ်စ္ေရးေျဖၿပီဆိုတဲ့ အင္တာဗ်ဴးကေရာ သဥၹာေျဖထားတာလားဆိုတာသိခ်င္ပါတယ္။

အဲ့ဒါက သဥၹာေျဖလိုက္တာပါ။ ဒါေပမဲ့ အခုထပ္မေျဖခ်င္ေတာ့ဘူးဆိုတာက ေျဖလိုက္တာတစ္ခုက အၾကီးၾကီးေတြျဖစ္ျဖစ္သြားေတာ့ မေျဖခ်င္ေတာ့လို႕ပါ။ ၿပီးေတာ့လဲ အရမ္းလဲ အေျပာခံေနရလို႕ပါ။

-အဲ့ဒါဆို အခုအခ်စ္ေရးက ဘယ္လုိျဖစ္သြားၿပီလဲ။

အဲ့ဒီတုန္းကေတာ့ စိတ္ဆိုးေနတာေၾကာင့္ေျဖလိုက္တာေပါ့။ အခုကေတာ့ အဆင္ေျပသြားပါၿပီ။

-အခုဆိုကိုယ္တစ္ခုခုေျဖလိုက္တဲ့ အင္တာဗ်ဴးျဖစ္ျဖစ္ ၊ အျခားေသာဘာပဲျဖစ္ျဖစ္ အခုလက္ရွိက ေ့ဖစ္ဘြတ္မွာပ်ံ႕ႏွံ႕တတ္တဲ့သေဘာရွိေတာ့ ဒီလူမႈကြန္ယက္အေပၚ သဥၹာအျမင္ေလးကုိလဲသိခ်င္ပါတယ္။

ေဖစ့္ဘြတ္ဆိုတာ မ်ားေသာအားျဖင့္ လူေတြစုတဲ့ေနရာလုိမ်ိဳးျဖစ္ေနတာေပါ့။ အိမ္မွာေနတဲ့သူေတြလဲဒီဟာကိုသံုးေနတဲ့အခါက်ေတာ့ လူမႈကြန္ယက္အေပၚမွာ လူေတြအားလံုးလာစုေနသလုိျဖစ္ေနတယ္။ သူတုိ႕တျခားသူေတြကုိသိေစခ်င္တဲ့ဟာမ်ိဳးေတြဆို Share ၾကတယ္။  ေျပာရမယ္ဆိုရင္ အႏုပညာသမားတုိင္းက ေ၀ဖန္တာေရာ၊ အားေပးတာေရာကို ခံႏုိင္ရမယ္။ အဲ့ဒီအတြက္ အရမ္းၾကီးေတာ့ စိတ္ဆိုးတာ၊ စိတ္တိုတာေတာ့မျဖစ္ပါဘူး။ ေ၀ဖန္တယ္ဆိုတာကလဲ အေၾကာင္းရွိလို႕ပဲေ၀ဖန္တာဆိုေတာ့ အဓိကကေတာ့ ဟုတ္မဟုတ္ဆိုတာကို အခ်ိန္ကာလ အပိုင္းအျခားတစ္ခုေပၚမူတည္ၿပီးေတာ့ သူတို႕ဆံုးျဖတ္သြားမွာပါ။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အရှေ့ရက်တွေက လှုမှုကွန်ယက်ပေါ်က page အချို့မှာ သဉ္ဖာနွယ်ဝင်း အချစ်ရေးဖြေပြီဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အလုပ်တွေပဲ ကြိုးစားလုပ်ကိုင်တော့မယ်ဆိုတဲ့ သဉ္ဖုာနွယ်ဝင်းရဲ့သတင်းတွေ အတော်လေးပျံ့သွားခဲ့ပါတယ်။ ဒါ့အပြင် သူမသုံးတဲ့ ဖေစ့်ဘွတ်ပေါ်မှာလဲ ပရိသတ်စိတ်ဝင်စားစရာ စာသားလေးတွေတင်ထားတာကိုလဲ တွေ့နေရသလို သူမနဲ့နာမည်ထွက်တဲ့ အဆိုတော်ကလဲ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အလွမ်းစာသားအချို့ တင်ထားတာကြောင့် ပရိသတ်တွေ သို့လောသို့လောဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လက်ရှိမှာ ပရိသတ်စိတ်ဝင်စားမဲ့ သဉ္ဖာနွယ်ဝင်းရဲ့ အချစ်ရေးကိစ္စကို သွားရောက်မေးမြန်းရင်း လက်ရှိသူမရဲ့ အနုပညာလှုပ်ရှားမှုများကို မေးမြန်းပြောဆိုဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကို အရင်ပြောပြပေးပါဦး။

အခုကတော့ သဉ္ဖာအိမ်မှာပါပဲ။ မနေ့ကမှ ဗီဒီယိုကားလေးတစ်ကားပြီးသွားတယ်ပေါ့။ ကိုဇေရဲထက်နဲ့ကိုအောင်လေးရယ်၊ နောက်ထပ် မင်းသားနှစ်ယောက်ရယ်၊ သဉ္ဖာရယ်ပေါ့။ အဲ့ဒီထဲမှာ သဉ္ဖာကကျောင်းသူ ကာရိုက်တာလေးပါပဲ။ ဟာသလေးပေါ့။

-သီတင်းကျွတ်ကိုရော ဘယ်လိုလေးဖြတ်သန်းဖြစ်ခဲ့လဲ။

သီတင်းကျွတ်ကို အမေနဲ့အဖေကို အိမ်မှာ ညီအစ်မတွေအကုန်စုပြီး ကန့်တော့တယ်။ အပြင်တော့မသွားဖြစ်ဘူး။

-ရှေ့လဆိုလဲ တန်ဆောင်တိုင်ဆိုတော့ တောင်ကြီးမီးပုံးပျံပွဲကိုရောသွားဖြစ်ဥိးမလား။

မသေချာသေးဘူး။ သွားတော့သွားချင်တယ်။ သွားလဲသွားဖြစ်ဖို့များပါတယ်။ အရင်နှစ်ကတော့သွားဖြစ်တယ်။ သွားရင်လဲ တန်ဆောင်တိုင်မီးပုံးပွဲကိုပဲ သွားဖြစ်မှာပါ။ ပြီးတော့ အခုလတ်တလောကကျတော့ အမေကလဲ ခြေထောက်နာနေတာက အခုထိမသက်သာသေးဘူး။ လမ်းလျှောက်ရတာ သိပ်အဆင်မပြေသေးဘူးဆိုတော့ အခြေအနေကြည့်နေတုန်းပါပဲ။

-မြန်မာကားတွေကို ဝေဖန်နေတဲ့ Event တွေအပေါ် သဉ္ဖာ့ အမြင်ကိုလဲသိချင်ပါတယ်။

အနုပညာအလုပ်လုပ်နေတဲ့ဒါရိုက်တာတွေ၊ မင်းသား၊ မင်းသမီးတွေအကုန်လုံးက အနုပညာသမားမဖြစ်ခင်တုန်းက အရင်ခေတ်ကမင်းသားမင်းသမီးတွေရဲ့ ပရိသတ်တွေဖြစ်ခဲ့ဖူးတယ်။ ကိုယ်တွေတုန်းကလဲ ကိုယ်မကြိုက်တဲ့ဟာလေးတွေကို ဝေဖန်ခဲ့ဖူးတယ်။ ဝေဖန်ကြတယ်။ အခုလက်ရှိမှာ ပရိသတ်တွေဝေဖန်နေတာကိုလဲ သဉ္ဖာကနားလည်တယ်။ သူတို့အတွက်ပျက်လုံးတွေက ရိုးနေပြီ။ ထပ်နေပြီဆိုတာမျိုးကို နားလည်တယ်။ သိတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့ အရမ်းကြီးကွာလတီကောင်းတဲ့ ဟာမျိုးရိုက်ဖို့ကျတော့ ဘားချပ်တွေနဲ့လဲ အများကြီးဆိုင်တယ်။ အဲ့ဒီလိုဆိုတော့ ပရိသတ်တွေဝေဖန်မှုကို သဉ္ဖာတို့နားလည်တယ်။ ပရိသတ်တွေကလဲ သဉ္ဖာတို့ကိုနားလည်စေချင်တယ်။ ဒီဖက်မှာလဲ ဘားချပ်အရအခက်အခဲတွေရှိတဲ့အတွက် နားလည်ပေးကြပါလို့။ အားလုံးကလဲ ရုပ်ရှင်လောကကိုတိုးတက်စေချင်လို့ပြောတယ်ဆိုတာ နားလည်ပါတယ်လို့ပြောချင်ပါတယ်။

-အရှေ့ရက်က ဖေ့စ်ဘွတ်မှာတင်တဲ့ စာသားလေးတွေနဲ့ပတ်သက်ပြီး သဉ္ဖာ့ရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြတယ်နော်။

အစ်မ သဉ္ဖာ အချစ်ရေးမဖြေချင်ဘူး။

-တခြားမီဒီယာတစ်ခုကတင်ထားတဲ့ သဉ္ဖာနွယ်ဝင်း အချစ်ရေးဖြေပြီဆိုတဲ့ အင်တာဗျူးကရော သဉ္ဖာဖြေထားတာလားဆိုတာသိချင်ပါတယ်။

အဲ့ဒါက သဉ္ဖာဖြေလိုက်တာပါ။ ဒါပေမဲ့ အခုထပ်မဖြေချင်တော့ဘူးဆိုတာက ဖြေလိုက်တာတစ်ခုက အကြီးကြီးတွေဖြစ်ဖြစ်သွားတော့ မဖြေချင်တော့လို့ပါ။ ပြီးတော့လဲ အရမ်းလဲ အပြောခံနေရလို့ပါ။

-အဲ့ဒါဆို အခုအချစ်ရေးက ဘယ်လိုဖြစ်သွားပြီလဲ။

အဲ့ဒီတုန်းကတော့ စိတ်ဆိုးနေတာကြောင့်ဖြေလိုက်တာပေါ့။ အခုကတော့ အဆင်ပြေသွားပါပြီ။

-အခုဆိုကိုယ်တစ်ခုခုဖြေလိုက်တဲ့ အင်တာဗျူးဖြစ်ဖြစ် ၊ အခြားသောဘာပဲဖြစ်ဖြစ် အခုလက်ရှိက ေ့ဖစ်ဘွတ်မှာပျံ့နှံ့တတ်တဲ့သဘောရှိတော့ ဒီလူမှုကွန်ယက်အပေါ် သဉ္ဖာအမြင်လေးကိုလဲသိချင်ပါတယ်။

ဖေစ့်ဘွတ်ဆိုတာ များသောအားဖြင့် လူတွေစုတဲ့နေရာလိုမျိုးဖြစ်နေတာပေါ့။ အိမ်မှာနေတဲ့သူတွေလဲဒီဟာကိုသုံးနေတဲ့အခါကျတော့ လူမှုကွန်ယက်အပေါ်မှာ လူတွေအားလုံးလာစုနေသလိုဖြစ်နေတယ်။ သူတို့တခြားသူတွေကိုသိစေချင်တဲ့ဟာမျိုးတွေဆို Share ကြတယ်။  ပြောရမယ်ဆိုရင် အနုပညာသမားတိုင်းက ဝေဖန်တာရော၊ အားပေးတာရောကို ခံနိုင်ရမယ်။ အဲ့ဒီအတွက် အရမ်းကြီးတော့ စိတ်ဆိုးတာ၊ စိတ်တိုတာတော့မဖြစ်ပါဘူး။ ဝေဖန်တယ်ဆိုတာကလဲ အကြောင်းရှိလို့ပဲဝေဖန်တာဆိုတော့ အဓိကကတော့ ဟုတ်မဟုတ်ဆိုတာကို အချိန်ကာလ အပိုင်းအခြားတစ်ခုပေါ်မူတည်ပြီးတော့ သူတို့ဆုံးဖြတ်သွားမှာပါ။

Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top