iMyanmarHouse.com - Best Property Website for Myanmar
×

ဒိန္ခ်ဥ္မွာ အက်ဳိးေက်းဇူးမ်ားစြာ ရိွပါတယ္။ ႏုိ႔ျဖင့္ျပဳလုပ္ထားတဲ့ ဒီပစၥည္းဟာ ဆံေကသာနဲ႔ အသားေရထိန္းသိမ္းရာမွာ အင္မတန္အေထာက္အကူ ျဖစ္ေစပါတယ္။ တျခားပါဝင္ပစၥည္းမ်ားနဲ႔ ေပါင္းစပ္တဲ့အခါ ရရိွတဲ့ မ်ားစြာေသာ အက်ဳိးေက်းဇူးေတြ ေဖာ္ျပေပးလုိက္ပါတယ္။

ေဗာက္ေတြဖယ္ရွားေပး

သံပုယိုရည္အစက္အနည္းငယ္ရယ္၊ ဆားလက္တစ္ဆိတ္ရယ္နဲ႔ ေရာစပ္ပါ။ အထူးသျဖင့္ ဆံပင္အရင္းကုိ လိမ္းျပီး ေျပာင္းလဲမႈကို စူးစမ္းၾကည့္ပါ။ သံလြင္ဆီအစက္အနည္းငယ္ကို ခပ္ပ်စ္ပ်စ္ဒိန္ခ်ဥ္နဲ႔လည္း ေရာစပ္ျပီး ဦးေရျပားမွာ လိမ္းေပးပါ၊

သဘာဝ အေရျပားဆဲလ္ေသမ်ား ဖယ္ရွားေပး

ဒိန္ခ်ဥ္မွာပါတဲ့ ႏုိ႔အခ်ဥ္ဓာတ္က အမည္းကြက္ေတြ ပ်က္စီးေစျပီး အသားေရ ေခ်ာေမြ႔ေစပါတယ္။ ဒီသဘာဝအေရျပားဆဲလ္ေသမ်ားဖယ္ရွားမႈျဖစ္စဥ္ကို ဂ်ဳံမုန္႔၊ ၾကက္ဥအကာနဲ႔ ဒိန္ခ်ဥ္ေရာစပ္ျခင္းျဖင့္ ေဆာင္ရြက္ႏုိင္ပါတယ္။ ကုိယ္အသားေရကို ကုိယ္ကုိယ္တုိင္ သေဘာက်သြားပါလိမ့္မယ္။

အသားျဖဴေစ

ဒိန္ခ်ဥ္က ထူးကဲေသာ အသားျဖဴေစတဲ့အရာတစ္ခု ျဖစ္ပါတယ္။ သို႔ေပမယ့္ ေနာက္အသားျဖဴေစတဲ့ ပစၥည္းတစ္မ်ဳိးျဖစ္တဲ့ လိေမၼာသီးခြံနဲ႔ ေရာစပ္ႏုိင္ပါတယ္။ ညိဳတဲ့အသားကို ဝင္းပေစပါလိမ့္မယ္။ ဒိန္ခ်ဥ္မွာ ပါဝင္တဲ့ ဇင့္ျဒပ္ရဲ႕ ေက်းဇူးေၾကာင့္ ေနပူထဲထြက္တဲ့အခါ တြန္႔ဆုတ္ေနစရာ မလုိေတာ့ပါ။

ႏႈတ္ခမ္းအသားပပ္မႈ ေျဖရွင္းေပး

ဒိန္ခ်ဥ္နဲ႔ မုန္႔ညွင္းဆီေရာစပ္ျပီး ႏႈတ္ခမ္းကို တစ္ေန႔ ႏွစ္ၾကိမ္ပြတ္လိမ္းေပးပါ။ ႏႈတ္ခမ္းအေရာင္အေသြး သိသိသာသာ ေျပာင္းလဲလာတာ ျမင္ေတြ႔ပါလိမ့္မယ္။


Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒိန်ချဉ်မှာ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ နို့ဖြင့်ပြုလုပ်ထားတဲ့ ဒီပစ္စည်းဟာ ဆံကေသာနဲ့ အသားရေထိန်းသိမ်းရာမှာ အင်မတန်အထောက်အကူ ဖြစ်စေပါတယ်။ တခြားပါဝင်ပစ္စည်းများနဲ့ ပေါင်းစပ်တဲ့အခါ ရရှိတဲ့ များစွာသော အကျိုးကျေးဇူးတွေ ဖော်ပြပေးလိုက်ပါတယ်။

ဗောက်တွေဖယ်ရှားပေး

သံပုယိုရည်အစက်အနည်းငယ်ရယ်၊ ဆားလက်တစ်ဆိတ်ရယ်နဲ့ ရောစပ်ပါ။ အထူးသဖြင့် ဆံပင်အရင်းကို လိမ်းပြီး ပြောင်းလဲမှုကို စူးစမ်းကြည့်ပါ။ သံလွင်ဆီအစက်အနည်းငယ်ကို ခပ်ပျစ်ပျစ်ဒိန်ချဉ်နဲ့လည်း ရောစပ်ပြီး ဦးရေပြားမှာ လိမ်းပေးပါ၊

သဘာဝ အရေပြားဆဲလ်သေများ ဖယ်ရှားပေး

ဒိန်ချဉ်မှာပါတဲ့ နို့အချဉ်ဓာတ်က အမည်းကွက်တွေ ပျက်စီးစေပြီး အသားရေ ချောမွေ့စေပါတယ်။ ဒီသဘာဝအရေပြားဆဲလ်သေများဖယ်ရှားမှုဖြစ်စဉ်ကို ဂျုံမုန့်၊ ကြက်ဥအကာနဲ့ ဒိန်ချဉ်ရောစပ်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါတယ်။ ကိုယ်အသားရေကို ကိုယ်ကိုယ်တိုင် သဘောကျသွားပါလိမ့်မယ်။

အသားဖြူစေ

ဒိန်ချဉ်က ထူးကဲသော အသားဖြူစေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် နောက်အသားဖြူစေတဲ့ ပစ္စည်းတစ်မျိုးဖြစ်တဲ့ လိမ္မောသီးခွံနဲ့ ရောစပ်နိုင်ပါတယ်။ ညိုတဲ့အသားကို ဝင်းပစေပါလိမ့်မယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ ဇင့်ဒြပ်ရဲ့ ကျေးဇူးကြောင့် နေပူထဲထွက်တဲ့အခါ တွန့်ဆုတ်နေစရာ မလိုတော့ပါ။

နှုတ်ခမ်းအသားပပ်မှု ဖြေရှင်းပေး

ဒိန်ချဉ်နဲ့ မုန့်ညှင်းဆီရောစပ်ပြီး နှုတ်ခမ်းကို တစ်နေ့ နှစ်ကြိမ်ပွတ်လိမ်းပေးပါ။ နှုတ်ခမ်းအရောင်အသွေး သိသိသာသာ ပြောင်းလဲလာတာ မြင်တွေ့ပါလိမ့်မယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top