iMyanmarHouse.com - Best Property Website for Myanmar
×





မက်ဒေါနားသည် တစ်ကိုယ် တော်ဖျော်ဖြေပွဲမှ ၀င်ငွေအများ ဆုံးရရှိသော အဆိုတော်ဖြစ်လာ ပြီး ဖျော်ဖြေပွဲများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံအထိ ၀င် ငွေရရှိခဲ့သည်။


Credit: 7 day daily


 Unicode Version

 ပေါ့ပ်ဘုရင်မ မက်ဒေါနားသည် Billboard ၏ ၂၀၁၆ အတွက် တစ်နှစ်တာ အ အောင်မြင်ဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

မက်ဒေါနားသည် ယင်းဆု ကို နယူးယောက်စီးတီးမြို့တွင် ဒီ ဇင်ဘာ ၉ ရက်၌ ကျင်းပမည့် ၁၁ နှစ်မြောက် Billboard Women in Music အခမ်းအနားတွင် ဆု လက်ခံရယူမည်ဖြစ်သည်။

မက်ဒေါနား၏ ဖန်တီးနိုင်မှု အမြင်၊ တီထွင်ဆန်းသစ်မှုများနှင့် ပရဟိတလုပ်ဆောင်မှုများ ကြောင့် ကမ္ဘာတစ်ဝန်း လူသန်း ပေါင်းများစွာကို အားကျအတုယူ စေခဲ့ကြောင်း Billboard မီဒီယာ အုပ်စု၏ ကြေညာချက်တစ်ရပ် တွင် ဖော်ပြထားသည်။

မက်ဒေါနား (၅၈) နှစ်သည် ယခုနှစ်၏ အချိန်အများစုကို ဖျော်ဖြေရေး ခရီးစဉ်အတွက် အ သုံးပြုခဲ့ပြီး လက်မှတ်ပေါင်းတစ် သန်းကျော် ရောင်းချခဲ့ရကာ ဝင် ငွေကန်ဒေါ်လာ ၁၇၀ သန်း ရရှိခဲ့ သည်။

မက်ဒေါနားသည် တစ်ကိုယ် တော်ဖျော်ဖြေပွဲမှ ဝင်ငွေအများ ဆုံးရရှှိသော အဆိုတော်ဖြစ်လာ ပြီး ဖျော်ဖြေပွဲများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံအထိ ဝင် ငွေရရှိခဲ့သည်။

မက်ဒေါနားသည် ထာဝရ ရောင်းအားအကောင်းဆုံး အမျိုး သမီးအနုပညာရှင်ဖြစ်ပြီး နံပါတ် တစ် တေးအယ်လ်ဘမ် ရှစ်ခုအ ထိရှိကြောင်းသိရသည်။

Credit: 7 day daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top