iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
#Unicode Version
တချို့သော မှန်ကန်တဲ့ချစ်ခြင်းခံစားမှုတွေက စိတ်ပျော်ရွှင်ချမ်းမြေ့ ရတယ်။ ကိုယ့်အပေါ်တကယ်ချစ်မြတ်နိုးတဲ့သူရဲ့အချစ်ကြောင့် လည်း လုံခြုံမှုအပြည့်အဝရတယ်။ ကိုယ့်ပေးနားမှာ မြတ်မြတ်နိုးနိုး တွယ်တွယ်တာတာ ချစ်ခင်ပေးတဲ့ ချစ်သူအဖော်မွန်ကောင်းတစ် ယောက်ရှိနေလို့ တစ်ဘဝလုံးစာ သာယာချမ်းမြေ့တဲ့ဘဝနဲ့ ပျော်ရွှင် နေရတယ်။ အခုဖော်ပြမယ့် အချက်ကလေးတွေက သင့်ဘေးနားမှာ သင့်ချစ်သူက တစ်သက်လုံးစာ ချစ်ခင်ပေးသွားမယ်ဆိုတဲ့ လက္ခ ဏာ လေးတွေပါပဲ။
၁။ သူ့ဘေးနားမှာရှိတဲ့အချိန် အခိုက်အတန့်လေးဆို သင်တစ် ယောက်မင်းသမီးလေးတစ်ပါးလို ခံစားနေရတာပါပဲ။ သူ့ရဲ့ ပြုစု၊ ယုယမှု အကြင်နာလေးတွေ၊ ဂရုစိုက်မှုလေးတွေက သိပ်ကိုနူးညံ့ပြီး တော့ ခမ်းခမ်းနားနားလေးကြောင့် သင်တစ်ယောက် မင်းသမီးလေး တစ်ပါးလို့တောင် အထင်နေရသလို ဖြစ်နေတာပါပဲ။ သင့်ကိုဆက် ဆံပုံလေးတွေကအစ နူးညံ့သိမ်မွေ့ပြီး အလိုလိုက်အ ကြိုက်ဆောင် အလျော့ပေးတာလေးတွေကလည်း ချစ်စရာကောင်းလွန်းပြီးကျေ နပ်စရာဖြစ်နေမှာပါပဲ။
၂။ နှစ်ဦးသား တစ်ဘဝစာ အစီအစဉ်တွေ အမြဲရှိနေတတ်တာပါ။ သူက သင်နဲ့အတူ နှစ်ဦးသား အနာဂတ်မှာ နေထိုင်သွားကြဖို့ အစီ အစဉ်လေးတွေအကြောင်း အမြဲတမ်းတွေးတောနေတာ၊ ပုံဖော်နေ တာ၊ ရည်မှန်းချက်ထားပြီး ကြိုးစားနေတဲ့ အကြောင်းလေး တွေရှိ နေတတ်ပါတယ်။
၃။ သင့်ရဲ့ ကိစ္စမှန်သမျှ၊ သင်နဲ့ပတ်သက်တဲ့ အရာရာတိုင်းအတွက် အကူအညီပေးဖို့ အဆင်သင့်ဖြစ်နေတာပါပဲ။ သင့်အတွက်ဆို အမြဲ လိုလိုတတ်နိုင်တဲ့ ဘက်ကနေ အကူအညီတွေ ပေးဖို့၊ ဖြေရှင်းပေးဖို့ သူ့ဆီမှာ ဆန္ဒတွေအမြဲရှိနေပါတယ်။
၄။ အလှတရားကိုတော့ လူတိုင်းခုံမင်တတ်ကြတာ အမှန်ပါပဲ။ ဒါပေ မဲ့ သင့်ဘေးနားမှာ ရှိတဲ့သူကတော့ သင့်ရဲ့အလှအပတရားကို ကြိုက်နှစ်သက်တာမျိုးမဟုတ်ပဲ သင့်ဆီက စိတ်ထားပင်ကိုယ်အလှ အပတရားကိုပဲ မြတ်နိုးတွယ်တာတတ်တဲ့သူပါ။ ပတ်ဝန်းကျင်က လှပပြီးစွဲဆောင်မှုရှိလွန်းတဲ့ မိန်းကလေးတွေရဲ့ အလှက သင့်ရဲ့ ဒီအတိုင်း သဘာဝကျကျ ချစ်စရာကောင်းတဲ့ အလှကလေးတွေ လောက် သူ့အပေါ်မှာ စွဲဆောင်မှုမရှိတော့တာပါ။ သင် ဘယ်အချိန် ဘယ်လိုနေနေ၊ သင်က သူ့အတွက် စွဲဆောင်မှုရှိနေဆဲပါပဲ။
၅။ သင်က သူ့အတွက် ပထမဦးစားပေးပါပဲ။ သူနဲ့ပတ်သက်ပြီး ကောင်းတဲ့ အရာတွေ၊ ဆိုးတဲ့အရာတွေပေါ်လာတိုင်း သင့်ဆီကိုပဲ အရင်ဆုံး သတိတရရှိနေပါတယ်။ ပျော်စရာတွေဆို သင်နဲ့အတူဝေ မျှကြမယ်။ စိတ်ညစ်စရာတွေ၊ တိုင်ပင်စရာတွေဆို သင်နဲ့အတူကြိုး စား ရုန်းကန်ကြမယ်။ စသဖြင့် သူ့ဘဝရဲ့အရာရာတိုင်းမှာ သင်က ဦးစားပေး ပထမဖြစ်နေတာပါပဲ။
ကဲ… သင့်ဘေးနားက ချစ်သူက ဒီလိုအချက်ကလေးတွေ ပိုင်ဆိုင် နေမယ်ဆိုရင်တော့… သင့်ကိုတစ်သက်လုံး ချစ်နေသွားလိမ့်မယ်ဆို တာ ယုံကြည်လိုက်ပါတော့။
Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top