iMyanmarHouse.com - Best Property Website for Myanmar
×

အေနာက္တိုင္းႏိုင္ငံမ်ားတြင္ ဆိုဖာေပၚမွာ ကေလးငယ္မ်ား အိပ္စက္ရင္းေသဆံုးၾကရတဲ့ျဖစ္ရပ္မ်ားနဲ႕ပတ္သက္ျပီး သုေတသနျပဳကာ သတိေပးေဖာ္ျပခ်က္ေတြကို ကြ်ႏု္ပ္တို႕ ျမန္မာႏိုင္ငံတြင္လည္း သတိထား သိရိွၾကေစဖို႕အတြက္ ဒီေဆာင္းပါးေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

ကေလးငယ္တစ္ေယာက္ အိပ္စက္ရာတြင္ အႏၱာရာယ္အရိွဆံုး ေနရာတစ္ခုဟာ ဆိုဖာျဖစ္တယ္ဆိုတာ ေလ့လာေတြ႕ရိွခ်က္အသစ္တစ္ရပ္အေနနဲ႕ HealthDay News တြင္ အခုလ ေအာက္တိုဘာ ၁၃ ရက္ေန႕၊ တနၤလာေန႕မွာ ေဖာ္ျပလိုက္ပါတယ္။အေမရိကန္ျပည္ေထာင္စုတြင္ ကေလးငယ္ေပါင္း ၈၀၀၀ နီးပါး ဟာ အိပ္ေပ်ာ္ေနရင္းေသဆံုးသြားၾကျပီး ၎ တြင္ ၁၂ % ေလာက္မွာ ဆုိဖာေပၚတြင္ အိပ္ေပ်ာ္ျခင္းနဲ႕ဆက္စပ္ေနတယ္ဆိုတာ သုေတသနသမားေတြမွ ေလ့လာေတြ႕ရိွခဲ့ၾကပါတယ္။ အဲဒီကေလးငယ္မ်ားတြင္ သံုးပံုတစ္ပံုနီးပါးေလာက္မွာ ေမြးကင္းစကေလးငယ္မ်ားဘဲျဖစ္တယ္ဆိုတာ ေဖာ္ျပထားပါတယ္။

ေမြးကင္းစကေလးငယ္မ်ား အိပ္ေပ်ာ္ေနရင္း ေသဆံုးသြားမႈဟာ ဆိုဖာနဲ႕ ဆက္စပ္ေနတယ္ဆိုတာက တကယ့္ကို တုန္လႈပ္စရာျဖစ္ေနပါတယ္လို႕ Kansas ျမိဳ႕မွ တြဲဖက္စာေရးသူ Dr. Jeffery Colvin ( a pediatrician at Children’s Mercy Hospital) ကေျပာဆိုထားပါတယ္။က်န္းမာေနတဲ့ ကေလးငယ္တစ္ေယာက္ ဟာ အိပ္ေပ်ာ္ ေနရင္း ဒီလို ရုတ္တရက္ေသဆံုးသြားရျခင္း ဟာ တကယ့္ကုိ ရွင္းျပဖို႕အေၾကာင္းအရင္းမရိွတဲ့ ကိစၥျဖစ္ေနပါတယ္။ ဒါေၾကာင့္ မိမိ တို႕ရဲ႕ကေလးငယ္ေတြကုိ မိမိတို႕ရဲ႕ေက်ာတြင္ ပိုးသိပ္ဖို႕ မိဘေတြကို တိုက္တြန္းလိုက္တဲ့အခါ အေမရိကန္ျပည္ေထာင္စုတြင္ ဒီလို ကေလးငယ္ေတြ အိပ္ေပ်ာ္ေနရင္း ေသဆံုးသြားမႈႏႈန္းဟာ ထက္ဝက္နီးပါးကို ေလ်ာ့ခ်သြားခဲ့ပါတယ္။

တကယ္တမ္းက်ေတာ့ လူၾကီးေတြအေနနဲ႕ အသက္ရႈဖို႕လြယ္ကူတဲ့ပတ္ဝန္းက်င္ဟာ ကေလးငယ္အတြက္ အသက္ရႈဖို႕ခက္ခဲတဲ့ပတ္ဝန္းက်င္ျဖစ္ေနတတ္ပါတယ္။ ကေလးငယ္ေတြရဲ႕ အဆုတ္ဟာ လူၾကီးလိုမဖြဲ႕ျဖိဳးေသးတဲ့အတြက္ ေအာက္ဆီဂ်င္နည္းတဲ့ပတ္ဝန္းက်င္မွာ ရုတ္တရက္အသက္ရႈရပ္ျပီးေသဆံုးသြားႏိုင္ပါတယ္။

ကေလးအတြက္ အိပ္ခန္းဆိုတာ ေလဝင္ေလထြက္ေကာင္းျပီး က်န္းမာေရးနဲ႕ညီညြတ္ေအာင္ သီးသန္႕ျပဳလုပ္ထားတဲ့ အခန္းျဖစ္သင့္ျပီး လူၾကီးေတြရဲ႕ ေဆးလိ္ပ္ေငြ႕၊မီးဖိုခန္းမွေညွာ္န႕ံ၊ကားလမ္းေပၚမွ ဖႈန္နံ႕၊အိပ္ေဇာန႕ံတို႕နဲ႕ အတတ္ႏိုင္ဆံုးကင္းေဝးတဲ့ေနရာျဖစ္ရပါမယ္။မိဘအမ်ားစုနဲ႕ ကေလးျပဳစုသူေတြ သိထားသင့္တာက ေမြးကင္းစကေလးငယ္တစ္ေယာက္ရဲ႕ အဆုတ္ဟာ လူေတြရႈထုတ္လိုက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ မ်ားေနရင္ေတာင္ ကေလးအတြက္ အႏၱရယ္ရိွႏိုင္တယ္ဆိုတာပါဘဲ။

ကေလးေတြအတြက္ အိပ္ယာ ဟာ သူတို႕အတြက္ သက္ေတာ့င့္သက္သာအရိွဆံုးျဖစ္ပါတယ္။အိပ္ယာမဟုတ္တဲ့ တစ္ျခားေနရာတစ္ခုခု မွာ အမွတ္တမဲ့သိပ္ထားမိျပီးအိပ္ေပ်ာ္သြားတဲ့အခါ လည္ပင္းေစာင္းသြားျခင္း၊ေမွာက္ရက္အိပ္မိသြားျခင္း၊ ျပဳတ္က်ျခင္း၊ေဘးပတ္ဝန္းက်င္မွ ပစၥည္းတစ္ခုခု မေတာ္တဆဖိမိျခင္း၊ ပတ္ဝန္းက်င္မွ ေလထုညစ္ညမ္းမႈတစ္စံုတစ္ရာ ေရာက္ရိွလာျခင္း အစရိွတဲ့ အေၾကာင္းအရင္းေတြေၾကာင့္ ကေလးရဲ႕ ႏုနယ္တဲ့အဆုတ္ ဟာ ညိႈယူႏိုင္ျခင္းမရိွဘဲ ရုတ္တရက္ေသဆံုးရျခင္းတို႕ ဘဲျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးမ်ားအေၾကာင္းမဲ့ေသဆံုးႏႈန္းျမင့္တက္လာျခင္းျဖစ္ပါတယ္။

မိဘေတြအေနနဲ႕ အေျခခံသိထားရမွာက ကေလးရဲ႕ အဆုတ္ဟာ လူၾကီးေတြထက္ အဆမတန္ႏုနယ္ေၾကာင္း၊မိမိတို႕သက္ေသာင့္သက္သာရိွတဲ့ပတ္ဝန္းက်င္မွာေတာင္ ကေလးအတြက္သက္ေသာင့္သက္မရိွတာမ်ဳိးျဖစ္ႏိုင္ေၾကာင္းအျမဲသတိထားရပါမယ္။ကေလးကို အိပ္ယာအထိေရာက္ေအာင္ မသိပ္မိဘဲ ကေလးကို ေပြ႕ရင္း၊ ႏို႕တိုက္ရင္း အိပ္ေပ်ာ္သြားျခင္း က အရမ္း ကို အႏၱရယ္မ်ားတယ္ဆိုတာ သိထားသင့္ပါတယ္။ဒါေၾကာင့္ အျခားမြန္းၾကပ္မႈဒဏ္ေၾကာင့္ ေသဆံုးၾကရတဲ့ ကေလးငယ္မ်ား ရိွေပမယ့္ အခုလို ဆိုဖာေပၚတြင္အိပ္ေပ်ာ္ရင္းေသဆံုးမႈႏႈန္းဟာ ၂ ဆနီးပါး ျဖစ္ေနပါတယ္။

Colvin နဲ႕ သူ႕ရဲ႕ မိတ္ေဆြေတြဟာ လြန္ခဲ့တဲ့ ၈ ႏွစ္တုန္္း က ျပည္နယ္ ၂၄ ျပည္နယ္ မွာ အစီရင္ခံထားတဲ့ အိပ္ေပ်ာ္ေနရင္း ေသဆံုးသြားတဲ့ ကေလးငယ္ ၇၉၀၀ ကို ပိုမိုေလ့လာျဖစ္ခဲ့ၾကပါတယ္။ေသဆံုးသြားၾကတဲ့ အဲဒီကေလးငယ္မ်ားတြင္ တစ္ဝက္ခန္႕မွာ လူၾကီးေတြရဲ႕အိပ္ယာေပၚတြင္ ေသဆံုးသြားၾကတာျဖစ္ျပီး ၅ပံု ၁ပံုခန္႕မွာ သူတို႕ရဲ႕ ပုခက္တြင္ေသဆံုးသြားၾကျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ သုေတသနသမားေတြဟာ ဆုိဖာေပၚတြင္ အိပ္ေပ်ာ္ရင္း ေသဆံုးသြားၾကတဲ့ ကေလးငယ္ ၁၀၀၀ နီးပါးေလာက္ ကို အဓိက ဦးတည္ျပီး ေလ့လာမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

အမ်ားအားျဖင့္ ဆိုဖာေပၚတြင္ အိပ္ေပ်ာ္ရင္း ေသဆံုးသြားၾကတဲ့ ကေလးငယ္မ်ားမွာ ၃ လ နဲ႕ ၃ လေအာက္ ကေလးငယ္မ်ားျဖစ္ၾကပါတယ္။ ကေလးငယ္ေတြ ဆိုဖာေပၚတြင္ အိပ္ေပ်ာ္ရင္းေသဆံုးၾကရတဲ့ကိစၥမွာ မိဘေတြဟာ ကေလးငယ္ကို ဆိုဖာေပၚတြင္ သိပ္ထားျပီး သူတို႕လုပ္လို႕ရႏိုင္တဲ့အရာေတြကုိလုပ္ေနတတ္ၾကတယ္။ ဥပမာ-ကေလးကုိ သိပ္ထားျပီး တီဗြီၾကည့္ၾကေနျခင္း၊ တစ္ခုခုကုိလုပ္ေနတတ္တာေတြရိွျပီး ညသန္းေခါင္ေက်ာ္ေတာ့ ေမာပန္းစြာနဲ႕ ကေလးကုိ အာရံုမစိုက္ႏိုင္ဘဲ အိပ္ေပ်ာ္သြားတတ္ၾကတာေတြရိွတယ္လို႕ losAngeles က Dr.Cigal Shaham က ေျပာဆိုထားပါတယ္။

ဒါဟာ ဆိုဖာေပၚမွာမွ မဟုတ္ အျခားေသာ အႏၱာရာယ္မကင္းတဲ့ေနရာမ်ားတြင္ မိမိတို႕ရဲ႕ ကေလးမ်ားကို မသိပ္မိေစဖို႕ အရမ္းကို အေရးၾကီးပါတယ္။ ကေလးငယ္အတြက္ ေလေကာင္းေလသန္႕ရရိွျပီး က်ယ္က်ယ္ဝန္းဝန္းသပ္သပ္ရပ္ရပ္နဲ႕ သူ႕အိပ္ယာေလးနဲ႕သူ စနစ္တက်သိပ္ျခင္း ဟာ အရမ္းကုိေဘးကင္းေစပါတယ္။ မိဘမ်ားနဲ႕ အတူ၊ မိဘမ်ားရဲ႕အလယ္တြင္ထားျပီး သိပ္ျခင္းဟာလည္း ကေလး အတြက္ မြန္းၾကပ္မႈ ကုိ ျဖစ္ေစတတ္သလို၊ အိပ္ေမာက်ေနတုန္း မိဘမ်ားဖိမိျခင္းေၾကာင့္လည္း ကေလးအတြက္ အႏၱရာယ္ျဖစ္ေစတတ္ပါတယ္။

အခုလို ဆိုဖာေပၚတြင္ အိပ္စက္ရင္းေသဆံုးၾကရတဲ့ျဖစ္ရပ္မ်ားတြင္လည္း ကေလးငယ္မ်ားဟာ ဆိုဖာေပၚတြင္ လူၾကီးနဲ႕အတူပူးတြဲအိပ္စက္ရင္း မြန္းၾကပ္မႈဒဏ္ေၾကာင့္ ေသဆံုးၾကရတာေတြလည္းရိွပါတယ္။

ဒါေၾကာင့္ မိဘမ်ား၊ ကေလးကို ျပဳစုေစာင့္ေရွာက္သူမ်ားအတြက္ မိမိတို႕ရဲ႕ကေလးမ်ားကို ေဘးကင္းလံုျခံဳဖို႕ဘယ္လို သတိရိွရိွ ေစာင့္ေရွာက္သင့္တယ္ဆိုတာ ဆင္ျခင္စရာအျဖစ္မိဘမ်ားအတြက္ ေဖာ္ျပလိုက္ရျခင္းျဖစ္ပါတယ္။

Credit:Yangon Life
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အနောက်တိုင်းနိုင်ငံများတွင် ဆိုဖာပေါ်မှာ ကလေးငယ်များ အိပ်စက်ရင်းသေဆုံးကြရတဲ့ဖြစ်ရပ်များနဲ့ပတ်သက်ပြီး သုတေသနပြုကာ သတိပေးဖော်ပြချက်တွေကို ကျွနု်ပ်တို့ မြန်မာနိုင်ငံတွင်လည်း သတိထား သိရှိကြစေဖို့အတွက် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်တစ်ယောက် အိပ်စက်ရာတွင် အန္တာရာယ်အရှိဆုံး နေရာတစ်ခုဟာ ဆိုဖာဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိချက်အသစ်တစ်ရပ်အနေနဲ့ HealthDay News တွင် အခုလ အောက်တိုဘာ ၁၃ ရက်နေ့၊ တင်္နလာနေ့မှာ ဖော်ပြလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ်ပေါင်း ၈၀၀၀ နီးပါး ဟာ အိပ်ပျော်နေရင်းသေဆုံးသွားကြပြီး ၎င်း တွင် ၁၂ % လောက်မှာ ဆိုဖာပေါ်တွင် အိပ်ပျော်ခြင်းနဲ့ဆက်စပ်နေတယ်ဆိုတာ သုတေသနသမားတွေမှ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဲဒီကလေးငယ်များတွင် သုံးပုံတစ်ပုံနီးပါးလောက်မှာ မွေးကင်းစကလေးငယ်များဘဲဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။

မွေးကင်းစကလေးငယ်များ အိပ်ပျော်နေရင်း သေဆုံးသွားမှုဟာ ဆိုဖာနဲ့ ဆက်စပ်နေတယ်ဆိုတာက တကယ့်ကို တုန်လှုပ်စရာဖြစ်နေပါတယ်လို့ Kansas မြို့မှ တွဲဖက်စာရေးသူ Dr. Jeffery Colvin ( a pediatrician at Children’s Mercy Hospital) ကပြောဆိုထားပါတယ်။ကျန်းမာနေတဲ့ ကလေးငယ်တစ်ယောက် ဟာ အိပ်ပျော် နေရင်း ဒီလို ရုတ်တရက်သေဆုံးသွားရခြင်း ဟာ တကယ့်ကို ရှင်းပြဖို့အကြောင်းအရင်းမရှိတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒါကြောင့် မိမိ တို့ရဲ့ကလေးငယ်တွေကို မိမိတို့ရဲ့ကျောတွင် ပိုးသိပ်ဖို့ မိဘတွေကို တိုက်တွန်းလိုက်တဲ့အခါ အမေရိကန်ပြည်ထောင်စုတွင် ဒီလို ကလေးငယ်တွေ အိပ်ပျော်နေရင်း သေဆုံးသွားမှုနှုန်းဟာ ထက်ဝက်နီးပါးကို လျော့ချသွားခဲ့ပါတယ်။

တကယ်တမ်းကျတော့ လူကြီးတွေအနေနဲ့ အသက်ရှုဖို့လွယ်ကူတဲ့ပတ်ဝန်းကျင်ဟာ ကလေးငယ်အတွက် အသက်ရှုဖို့ခက်ခဲတဲ့ပတ်ဝန်းကျင်ဖြစ်နေတတ်ပါတယ်။ ကလေးငယ်တွေရဲ့ အဆုတ်ဟာ လူကြီးလိုမဖွဲ့ဖြိုးသေးတဲ့အတွက် အောက်ဆီဂျင်နည်းတဲ့ပတ်ဝန်းကျင်မှာ ရုတ်တရက်အသက်ရှုရပ်ပြီးသေဆုံးသွားနိုင်ပါတယ်။

ကလေးအတွက် အိပ်ခန်းဆိုတာ လေဝင်လေထွက်ကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် သီးသန့်ပြုလုပ်ထားတဲ့ အခန်းဖြစ်သင့်ပြီး လူကြီးတွေရဲ့ ဆေးလိပ်ငွေ့၊မီးဖိုခန်းမှညှော်နံ့၊ကားလမ်းပေါ်မှ ဖှုန်နံ့၊အိပ်ဇောနံ့တို့နဲ့ အတတ်နိုင်ဆုံးကင်းဝေးတဲ့နေရာဖြစ်ရပါမယ်။မိဘအများစုနဲ့ ကလေးပြုစုသူတွေ သိထားသင့်တာက မွေးကင်းစကလေးငယ်တစ်ယောက်ရဲ့ အဆုတ်ဟာ လူတွေရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များနေရင်တောင် ကလေးအတွက် အန္တရယ်ရှိနိုင်တယ်ဆိုတာပါဘဲ။

ကလေးတွေအတွက် အိပ်ယာ ဟာ သူတို့အတွက် သက်တော့င့်သက်သာအရှိဆုံးဖြစ်ပါတယ်။အိပ်ယာမဟုတ်တဲ့ တစ်ခြားနေရာတစ်ခုခု မှာ အမှတ်တမဲ့သိပ်ထားမိပြီးအိပ်ပျော်သွားတဲ့အခါ လည်ပင်းစောင်းသွားခြင်း၊မှောက်ရက်အိပ်မိသွားခြင်း၊ ပြုတ်ကျခြင်း၊ဘေးပတ်ဝန်းကျင်မှ ပစ္စည်းတစ်ခုခု မတော်တဆဖိမိခြင်း၊ ပတ်ဝန်းကျင်မှ လေထုညစ်ညမ်းမှုတစ်စုံတစ်ရာ ရောက်ရှိလာခြင်း အစရှိတဲ့ အကြောင်းအရင်းတွေကြောင့် ကလေးရဲ့ နုနယ်တဲ့အဆုတ် ဟာ ညှိုယူနိုင်ခြင်းမရှိဘဲ ရုတ်တရက်သေဆုံးရခြင်းတို့ ဘဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးများအကြောင်းမဲ့သေဆုံးနှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။

မိဘတွေအနေနဲ့ အခြေခံသိထားရမှာက ကလေးရဲ့ အဆုတ်ဟာ လူကြီးတွေထက် အဆမတန်နုနယ်ကြောင်း၊မိမိတို့သက်သောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်မှာတောင် ကလေးအတွက်သက်သောင့်သက်မရှိတာမျိုးဖြစ်နိုင်ကြောင်းအမြဲသတိထားရပါမယ်။ကလေးကို အိပ်ယာအထိရောက်အောင် မသိပ်မိဘဲ ကလေးကို ပွေ့ရင်း၊ နို့တိုက်ရင်း အိပ်ပျော်သွားခြင်း က အရမ်း ကို အန္တရယ်များတယ်ဆိုတာ သိထားသင့်ပါတယ်။ဒါကြောင့် အခြားမွန်းကြပ်မှုဒဏ်ကြောင့် သေဆုံးကြရတဲ့ ကလေးငယ်များ ရှိပေမယ့် အခုလို ဆိုဖာပေါ်တွင်အိပ်ပျော်ရင်းသေဆုံးမှုနှုန်းဟာ ၂ ဆနီးပါး ဖြစ်နေပါတယ်။

Colvin နဲ့ သူ့ရဲ့ မိတ်ဆွေတွေဟာ လွန်ခဲ့တဲ့ ၈ နှစ်တုန်း က ပြည်နယ် ၂၄ ပြည်နယ် မှာ အစီရင်ခံထားတဲ့ အိပ်ပျော်နေရင်း သေဆုံးသွားတဲ့ ကလေးငယ် ၇၉၀၀ ကို ပိုမိုလေ့လာဖြစ်ခဲ့ကြပါတယ်။သေဆုံးသွားကြတဲ့ အဲဒီကလေးငယ်များတွင် တစ်ဝက်ခန့်မှာ လူကြီးတွေရဲ့အိပ်ယာပေါ်တွင် သေဆုံးသွားကြတာဖြစ်ပြီး ၅ပုံ ၁ပုံခန့်မှာ သူတို့ရဲ့ ပုခက်တွင်သေဆုံးသွားကြခြင်းဖြစ်ပါတယ်။ ဒါပေမယ့် သုတေသနသမားတွေဟာ ဆိုဖာပေါ်တွင် အိပ်ပျော်ရင်း သေဆုံးသွားကြတဲ့ ကလေးငယ် ၁၀၀၀ နီးပါးလောက် ကို အဓိက ဦးတည်ပြီး လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။

အများအားဖြင့် ဆိုဖာပေါ်တွင် အိပ်ပျော်ရင်း သေဆုံးသွားကြတဲ့ ကလေးငယ်များမှာ ၃ လ နဲ့ ၃ လအောက် ကလေးငယ်များဖြစ်ကြပါတယ်။ ကလေးငယ်တွေ ဆိုဖာပေါ်တွင် အိပ်ပျော်ရင်းသေဆုံးကြရတဲ့ကိစ္စမှာ မိဘတွေဟာ ကလေးငယ်ကို ဆိုဖာပေါ်တွင် သိပ်ထားပြီး သူတို့လုပ်လို့ရနိုင်တဲ့အရာတွေကိုလုပ်နေတတ်ကြတယ်။ ဥပမာ-ကလေးကို သိပ်ထားပြီး တီဗွီကြည့်ကြနေခြင်း၊ တစ်ခုခုကိုလုပ်နေတတ်တာတွေရှိပြီး ညသန်းခေါင်ကျော်တော့ မောပန်းစွာနဲ့ ကလေးကို အာရုံမစိုက်နိုင်ဘဲ အိပ်ပျော်သွားတတ်ကြတာတွေရှိတယ်လို့ losAngeles က Dr.Cigal Shaham က ပြောဆိုထားပါတယ်။

ဒါဟာ ဆိုဖာပေါ်မှာမှ မဟုတ် အခြားသော အန္တာရာယ်မကင်းတဲ့နေရာများတွင် မိမိတို့ရဲ့ ကလေးများကို မသိပ်မိစေဖို့ အရမ်းကို အရေးကြီးပါတယ်။ ကလေးငယ်အတွက် လေကောင်းလေသန့်ရရှိပြီး ကျယ်ကျယ်ဝန်းဝန်းသပ်သပ်ရပ်ရပ်နဲ့ သူ့အိပ်ယာလေးနဲ့သူ စနစ်တကျသိပ်ခြင်း ဟာ အရမ်းကိုဘေးကင်းစေပါတယ်။ မိဘများနဲ့ အတူ၊ မိဘများရဲ့အလယ်တွင်ထားပြီး သိပ်ခြင်းဟာလည်း ကလေး အတွက် မွန်းကြပ်မှု ကို ဖြစ်စေတတ်သလို၊ အိပ်မောကျနေတုန်း မိဘများဖိမိခြင်းကြောင့်လည်း ကလေးအတွက် အန္တရာယ်ဖြစ်စေတတ်ပါတယ်။

အခုလို ဆိုဖာပေါ်တွင် အိပ်စက်ရင်းသေဆုံးကြရတဲ့ဖြစ်ရပ်များတွင်လည်း ကလေးငယ်များဟာ ဆိုဖာပေါ်တွင် လူကြီးနဲ့အတူပူးတွဲအိပ်စက်ရင်း မွန်းကြပ်မှုဒဏ်ကြောင့် သေဆုံးကြရတာတွေလည်းရှိပါတယ်။

ဒါကြောင့် မိဘများ၊ ကလေးကို ပြုစုစောင့်ရှောက်သူများအတွက် မိမိတို့ရဲ့ကလေးများကို ဘေးကင်းလုံခြုံဖို့ဘယ်လို သတိရှိရှိ စောင့်ရှောက်သင့်တယ်ဆိုတာ ဆင်ခြင်စရာအဖြစ်မိဘများအတွက် ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

Credit:Yangon Life

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top