iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္ေတာ္မ်ားမ်ားဟာ ဒီအလုပ္ကို ဟိုေရႊ႕၊ ဒီေန႔လုပ္ရမယ့္ အလုပ္ကို ေနာက္ေန႔ေရႊ႕တတ္ေလ့ရွိပါတယ္။ ဒါဟာ ကိုယ့္ထံေရာက္လာမယ့္ အခြင့္အေရးကို ေနာက္မွလာခဲ့ဖုိ႔ ေျပာလိုက္တာနဲ႔ အတူတူပါပဲ။ ဒီေတာ့ အခ်ိန္ဆြဲတာ၊ အလုပ္ကိုဟိုေရႊ႕ဒီေရႊ႕လုပ္တတ္တဲ့ အက်င့္ကို ေဖ်ာက္ပစ္ဖုိ႔ ကူညီေပးႏိုင္မယ့္ နည္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။အခ်ိန္ဆြဲျခင္းေၾကာင့္ အရင္တုန္းက လက္လႊတ္ခဲ့ရတဲ့ အခြင့္အေရးမ်ိဳးေတြရွိရင္ ေန႔တုိင္း စာရင္းေလးေတြ လုပ္ၿပီး မွတ္ထားပါ။

ကိုယ့္ရဲ႕ေန႔စဥ္ဘ၀မွာ လုပ္ရမယ့္အလုပ္ေတြ မၿပီးေျမာက္ခဲ့တာမ်ိဳး ရွိကိုရွိမွာပါ။ ငါးခုလုပ္မယ္ဆို သံုးခုေလာက္ပဲ လုပ္ႏိုင္ၿပီး က်န္တဲ့အလုပ္ေတြကို ေနာက္တစ္ရက္ေရႊ႕ပစ္လိုက္တာမ်ိဳးေပါ့။ ခုုျပန္ၾကည့္ရင္ လုပ္ရမယ့္အလုပ္စာရင္းက တစ္ျဖည္းျဖည္း မ်ားလာခဲ့ၿပီ မဟုတ္လား။ ဒီေတာ့ ညတုိင္း ဒိုင္ယာရီထဲမွာ အလုပ္ေတြ လုပ္ဖုိ႔ ဘာေတြက်န္တယ္ဆုိတာမ်ိဳး အၿမဲထည့္ေရးမယ္ဆုိရင္ ေနာက္တစ္ခါ အလုပ္ေရႊ႕ဆိုင္းမႈလုပ္ခါနီးတိုင္း ငါ ဒီအလုပ္ကို ၿပီးေအာင္လုပ္ရမယ္ဆိုတာေလး ေတြးမိလာမွာပါ။ ဒီလိုေတြးမိလာတဲ့အခါ ငါဒါကို ၿပီးေအာင္ လုပ္ရမယ္ဆိုတဲ့ စိတ္လည္း ျဖစ္လာပါလိမ့္မယ္။

၂။တစ္ခုခုဆုိ တစ္၀က္တစ္ပ်က္လုပ္ရင္းနဲ႔ ရပ္ပစ္လိုက္တာမ်ိဳးေတြ မျဖစ္ပါေစနဲ႔။

ေန႔တုိင္း ကိုယ္လုပ္မယ္ဆုိၿပီး စတင္လုိက္တာေတြ အားလံုးၿပီးေအာင္ လုပ္ေဆာင္ႏိုင္ပါရဲ႕လား။ အနည္းဆံုး အြန္လိုင္းတက္ၿပီး ကိုယ္ဖတ္ဖုိ႔ ဖြင့္ထားတဲ့ tab ေတြ အားလံုးၿပီးေျမာက္ေအာင္ဖတ္ျဖစ္ပါသလား။ အလုပ္လုပ္ျဖစ္ပါသလား။ အစရွိၿပီး မဆံုးတဲ့ လုပ္ရပ္မ်ိဳးေတြ ေရွာင္ပါ။ ကိုယ္တကယ္ ၿပီးေျမာက္ေအာင္ ဘာေတြလုုပ္မယ္ဆုိတာ အရင္ေတြးၿပီး လုပ္တဲ့အခါမွာလည္း တစ္၀က္နဲ႔ရပ္ပစ္လိုက္တာမ်ိဳးေတြ မျဖစ္ပါေစနဲ႔ေတာ့။

၃။အလုပ္တစ္ခုၿပီးေျမာက္ေအာင္ လုပ္ႏိုင္တဲ့အခါ ကိုယ့္ကိုယ့္ကိုယ္ ခ်ီးက်ဴးပါ။

ကိုယ္လုပ္ေနတဲ့ assignment ပဲျဖစ္ျဖစ္၊ ပံုဆြဲတာ၊ ဒါမွမဟုတ္လည္း ကိုယ္လုပ္မယ္ဆုိတဲ့အရာတစ္ခုကို ၿပီးေျမာက္ေအာင္ လုပ္ႏိုင္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ခ်ီးက်ဴးပါ။ အနည္းဆံုး ဒါလုပ္ၿပီးရင္ ငါေကာ္ဖီေလး ေသာက္မယ္။ ၿပီးမွ ေသာက္မယ္။ ဒါမွမဟုတ္လည္း ဒါေလးလုပ္ၿပီးရင္ေတာ့ ငါသူငယ္ခ်င္းနဲ႔ေတြ႕ဖုိ႔ သြားမယ္။ မၿပီးရင္ လံုး၀မသြားဘူး စသျဖင့္ ကိုယ္ႏွစ္ၿခိဳက္တဲ့အရာ၊ ကိုယ့္ကို motivate ျဖစ္ေစမယ့္အရာေတြကို ကိုယ္ၿပီးေျမာက္ေအာင္ လုပ္ရမယ့္ လုပ္ငန္းေဆာင္တာတစ္ခုအၿပီးမွာ လုပ္ေဆာင္ပါ။

၄။ကိုယ္ဟာ ဘယ္အခ်ိန္မွာ အလုပ္ေတြကို ဘယ္အခ်ိန္မွာ အလွ်င္ျမန္ဆံုး လုပ္ေဆာင္ႏိုင္သလဲဆိုတာ သိထားပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ အလုပ္လုပ္တဲ့အခါ ၿပီးေျမာက္တဲ့အခ်ိန္ မတူညီႏိုင္ပါဘူး။ ဒါကလည္း ကိုယ္က ဘယ္အခ်ိန္မ်ိဳးဆိုရင္ အလုပ္လုပ္လို႔ အေကာင္းဆံုးလဲဆိုတာေပး မူတည္ေနပါေသးတယ္။ တစ္ခ်ိဳ႕က မနက္ပိုင္းဆုိရင္ ပိုသြက္သြက္လက္လက္ လုပ္ကိုင္ႏိုင္ေပမယ့္၊ တစ္ခ်ိဳ႕က်ေတာ့လည္း ညပိုင္းကို ပိုအားသန္ၾကျပန္ေရာ။ ဒီေတာ့ ကိုယ့္ရဲ႕လုပ္ငန္းေဆာင္တာေတြ ၿပီးေျမာက္ႏိုင္ဖုိ႔ ဘယ္အခ်ိန္က ကိုယ့္အတြက္ အေကာင္းဆံုးလဲဆိုတာ သိထားရမွာပါ။

၅။ ဘယ္အခ်ိန္မွာ ဘာကိုၿပီးေျမာက္ေအာင္ လုပ္မယ္ဆုိၿပီး အခ်ိန္ကို စီမံခန္႔ခြဲပါ။

တစ္ခ်ိဳ႕အလုပ္ေတြက ဘယ္အခ်ိန္ၿပီးေျမာက္ေအာင္ လုပ္ရမယ္ဆိုတဲ့ အခ်ိန္ကန္႔သတ္မႈေတြ ရွိေနပါတယ္။ ဒါ့ေၾကာင့္ ဒီအလုပ္ကို ဘယ္ႏွစ္ရက္နဲ႔ အခ်ိန္ဘယ္ေလာက္ေပးမယ္၊ ကိုယ့္ရဲ႕ ကိုယ္ပိုင္အခ်ိန္အတြက္ ကိုယ္ႀကိဳက္တဲ့အရာေလးေတြ လုပ္ေဆာင္မယ္ စသျဖင့္ အားလံုးကို အခ်ိန္ေသခ်ာစီမံခန္႔ခြဲၿပီး လုပ္ေဆာင္သြားပါ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတော်တော်များများဟာ ဒီအလုပ်ကို ဟိုရွှေ့၊ ဒီနေ့လုပ်ရမယ့် အလုပ်ကို နောက်နေ့ရွှေ့တတ်လေ့ရှိပါတယ်။ ဒါဟာ ကိုယ့်ထံရောက်လာမယ့် အခွင့်အရေးကို နောက်မှလာခဲ့ဖို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီတော့ အချိန်ဆွဲတာ၊ အလုပ်ကိုဟိုရွှေ့ဒီရွှေ့လုပ်တတ်တဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ ကူညီပေးနိုင်မယ့် နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။အချိန်ဆွဲခြင်းကြောင့် အရင်တုန်းက လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးမျိုးတွေရှိရင် နေ့တိုင်း စာရင်းလေးတွေ လုပ်ပြီး မှတ်ထားပါ။

ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ လုပ်ရမယ့်အလုပ်တွေ မပြီးမြောက်ခဲ့တာမျိုး ရှိကိုရှိမှာပါ။ ငါးခုလုပ်မယ်ဆို သုံးခုလောက်ပဲ လုပ်နိုင်ပြီး ကျန်တဲ့အလုပ်တွေကို နောက်တစ်ရက်ရွှေ့ပစ်လိုက်တာမျိုးပေါ့။ ခုုပြန်ကြည့်ရင် လုပ်ရမယ့်အလုပ်စာရင်းက တစ်ဖြည်းဖြည်း များလာခဲ့ပြီ မဟုတ်လား။ ဒီတော့ ညတိုင်း ဒိုင်ယာရီထဲမှာ အလုပ်တွေ လုပ်ဖို့ ဘာတွေကျန်တယ်ဆိုတာမျိုး အမြဲထည့်ရေးမယ်ဆိုရင် နောက်တစ်ခါ အလုပ်ရွှေ့ဆိုင်းမှုလုပ်ခါနီးတိုင်း ငါ ဒီအလုပ်ကို ပြီးအောင်လုပ်ရမယ်ဆိုတာလေး တွေးမိလာမှာပါ။ ဒီလိုတွေးမိလာတဲ့အခါ ငါဒါကို ပြီးအောင် လုပ်ရမယ်ဆိုတဲ့ စိတ်လည်း ဖြစ်လာပါလိမ့်မယ်။

၂။တစ်ခုခုဆို တစ်ဝက်တစ်ပျက်လုပ်ရင်းနဲ့ ရပ်ပစ်လိုက်တာမျိုးတွေ မဖြစ်ပါစေနဲ့။

နေ့တိုင်း ကိုယ်လုပ်မယ်ဆိုပြီး စတင်လိုက်တာတွေ အားလုံးပြီးအောင် လုပ်ဆောင်နိုင်ပါရဲ့လား။ အနည်းဆုံး အွန်လိုင်းတက်ပြီး ကိုယ်ဖတ်ဖို့ ဖွင့်ထားတဲ့ tab တွေ အားလုံးပြီးမြောက်အောင်ဖတ်ဖြစ်ပါသလား။ အလုပ်လုပ်ဖြစ်ပါသလား။ အစရှိပြီး မဆုံးတဲ့ လုပ်ရပ်မျိုးတွေ ရှောင်ပါ။ ကိုယ်တကယ် ပြီးမြောက်အောင် ဘာတွေလုုပ်မယ်ဆိုတာ အရင်တွေးပြီး လုပ်တဲ့အခါမှာလည်း တစ်ဝက်နဲ့ရပ်ပစ်လိုက်တာမျိုးတွေ မဖြစ်ပါစေနဲ့တော့။

၃။အလုပ်တစ်ခုပြီးမြောက်အောင် လုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ့်ကိုယ် ချီးကျူးပါ။

ကိုယ်လုပ်နေတဲ့ assignment ပဲဖြစ်ဖြစ်၊ ပုံဆွဲတာ၊ ဒါမှမဟုတ်လည်း ကိုယ်လုပ်မယ်ဆိုတဲ့အရာတစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ချီးကျူးပါ။ အနည်းဆုံး ဒါလုပ်ပြီးရင် ငါကော်ဖီလေး သောက်မယ်။ ပြီးမှ သောက်မယ်။ ဒါမှမဟုတ်လည်း ဒါလေးလုပ်ပြီးရင်တော့ ငါသူငယ်ချင်းနဲ့တွေ့ဖို့ သွားမယ်။ မပြီးရင် လုံးဝမသွားဘူး စသဖြင့် ကိုယ်နှစ်ခြိုက်တဲ့အရာ၊ ကိုယ့်ကို motivate ဖြစ်စေမယ့်အရာတွေကို ကိုယ်ပြီးမြောက်အောင် လုပ်ရမယ့် လုပ်ငန်းဆောင်တာတစ်ခုအပြီးမှာ လုပ်ဆောင်ပါ။

၄။ကိုယ်ဟာ ဘယ်အချိန်မှာ အလုပ်တွေကို ဘယ်အချိန်မှာ အလျှင်မြန်ဆုံး လုပ်ဆောင်နိုင်သလဲဆိုတာ သိထားပါ။

တစ်ယောက်နဲ့တစ်ယောက် အလုပ်လုပ်တဲ့အခါ ပြီးမြောက်တဲ့အချိန် မတူညီနိုင်ပါဘူး။ ဒါကလည်း ကိုယ်က ဘယ်အချိန်မျိုးဆိုရင် အလုပ်လုပ်လို့ အကောင်းဆုံးလဲဆိုတာပေး မူတည်နေပါသေးတယ်။ တစ်ချို့က မနက်ပိုင်းဆိုရင် ပိုသွက်သွက်လက်လက် လုပ်ကိုင်နိုင်ပေမယ့်၊ တစ်ချို့ကျတော့လည်း ညပိုင်းကို ပိုအားသန်ကြပြန်ရော။ ဒီတော့ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေ ပြီးမြောက်နိုင်ဖို့ ဘယ်အချိန်က ကိုယ့်အတွက် အကောင်းဆုံးလဲဆိုတာ သိထားရမှာပါ။

၅။ ဘယ်အချိန်မှာ ဘာကိုပြီးမြောက်အောင် လုပ်မယ်ဆိုပြီး အချိန်ကို စီမံခန့်ခွဲပါ။

တစ်ချို့အလုပ်တွေက ဘယ်အချိန်ပြီးမြောက်အောင် လုပ်ရမယ်ဆိုတဲ့ အချိန်ကန့်သတ်မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီအလုပ်ကို ဘယ်နှစ်ရက်နဲ့ အချိန်ဘယ်လောက်ပေးမယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်အတွက် ကိုယ်ကြိုက်တဲ့အရာလေးတွေ လုပ်ဆောင်မယ် စသဖြင့် အားလုံးကို အချိန်သေချာစီမံခန့်ခွဲပြီး လုပ်ဆောင်သွားပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top