iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္အခ်စ္ေရး ဆက္ဆံမႈမဆုိ အစပ်ဳိးမွာ အမွတ္ရစရာ တစ္ခုခုက်န္ရစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ မိမိခ်စ္ရသူနဲ႔  ခ်စ္ခရီးလမ္း စတင္ေလ်ွာက္လွမ္းတဲ့အခါ သတိထားရမယ့္အခ်ကေ္တြ ရွိပါတယ္။ အထူးသျဖင့္ ကုိယ့္ကိုကုိယ္ ေမးျမန္းရမယ့္ ေမးခြန္းေတြ ရွိေနတာပါ။ ဒီေမးခြန္းေတြ ကိုယ့္ကိုယ္ကို ေမးၾကည့္ျပီး ေသခ်ာျပီဆုိမွ ႏွစ္ဦးသားလက္တြဲျမဲျမဲနဲ႕ ဘ၀ခရီးလမ္းကို ေလ်ွာက္လွမ္းပါ။

အသင့္ျဖစ္ျပီိလား

သင္ဟာ ခ်စ္သူနဲ႔လမ္းခြဲဖူးသူ တစ္ဦးျဖစ္ပါက ေနာက္တစ္ဦးတစ္ေယာက္နဲ႔ ေပြ႔ဖက္ေမွးစက္ဖုိ႔ လြယ္ကူႏုိင္ပါတယ္။ ဒါေပမယ့္ အေျခအေနျပန္ေကာင္းရုံသာရိွျပီး ခုိင္မာတဲ့ ခ်စ္သူခ်င္းဆက္ဆံမႈ ဦးတည္ျဖစ္ေပၚေစမွာ မဟုတ္ပါေသးပါဘူး။ ဒါ့ေၾကာင့္ စုံတြဲဘဝအျဖစ္ ခုိင္ျမဲတဲ့အခ်စ္ခရီးအတူ မေလွ်ာက္လွမ္းမီ ကိုယ္ေရာက္ေနတဲ့ ခ်စ္သူစုံတြဲဘဝက မိမိစိတ္ ေပ်ာ္ရႊင္မႈရိွေနပါေစ။ စုံတြဲဘဝကေန ကုိယ္ဘာလုိခ်င္လဲဆိုတာ ေသခ်ာနားလည္ေအာင္ လုပ္ပါ။ သီးျခားေကာင္းမြန္တဲ့ ခ်စ္သူဘဝမွာ ကိုယ္ဘာေမွ်ာ္လင့္လဲသိဖုိ႔ သိပ္အေရးၾကီးပါတယ္။ ဒါမွမဟုတ္ရင္ ေနာင္ စုိးရိမ္ရတဲ့ ျပသနာေတြ ျဖစ္ေပၚႏုိင္ပါတယ္။ အခ်စ္ေရး အသစ္စတင္တဲ့အခါ စကားေျပာဆုိဆက္ဆံမႈ မျဖစ္မေနလုပ္ရမွာပါ။ အစကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္းေျပာဆိုျပီး ဘာကိုမွ သိုသိပ္မထားပါနဲ႔။ ဒါက သင့္အခ်စ္ခရီးကို အမွတ္ရစရာျဖစ္ေစပါလိမ့္မယ္။

မိတ္ေဆြသူငယ္ခ်င္းအေနနဲ႔ အခ်ိန္ကာလတစ္ခု ျဖတ္သန္းပါ

သာမန္မိတ္ေဆြသူငယ္ခ်င္းတခ်ဳိ႕ေနတဆင့္ အခ်င္းခ်င္းေတြ႔ၾကတာဆုိရင္ ခ်စ္သူဘဝသို႔ ခ်က္ခ်င္းကူးေျပာင္းတာထက္ သူငယ္ခ်င္းေတြအျဖစ္ အခ်ိန္ကာလတစ္ခု ျဖတ္သန္းပါ။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေလ့လာသိကြ်မ္းျခင္းမရွိပဲ ခ်စ္သူဘ၀ကို တန္းျပီးျဖတ္သန္းတဲ့အခါ အဆုိးဘက္ ဦးတည္သြားတတ္လုိ႕ပါ။

ခ်စ္သူဘဝ အလ်င္စလုိမသြားပါနဲ႔

စစခ်င္းမွာ ဘာကတိကဝတ္မွမျပဳဘဲ လက္တြဲၾကတာ ေကာင္းပါတယ္။ ကိုယ့္လူအေၾကာင္း သိနားလည္ဖုိ႔ အခ်ိန္အလုံအေလာက္ ရရိွရုံမက သူ/သူမနဲ႔ပတ္သက္လုိ႔ မိမိစိတ္ခံစားမႈအေပၚလည္း ျပန္လည္သံုးသပ္ပါ။

Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘယ်အချစ်ရေး ဆက်ဆံမှုမဆို အစပျိုးမှာ အမှတ်ရစရာ တစ်ခုခုကျန်ရစ်တတ်ပါတယ်။ ဒါ့ကြောင့် မိမိချစ်ရသူနဲ့  ချစ်ခရီးလမ်း စတင်လျှောက်လှမ်းတဲ့အခါ သတိထားရမယ့်အချကေ်တွ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်ကိုကိုယ် မေးမြန်းရမယ့် မေးခွန်းတွေ ရှိနေတာပါ။ ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကို မေးကြည့်ပြီး သေချာပြီဆိုမှ နှစ်ဦးသားလက်တွဲမြဲမြဲနဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းပါ။

အသင့်ဖြစ်ပြီလား

သင်ဟာ ချစ်သူနဲ့လမ်းခွဲဖူးသူ တစ်ဦးဖြစ်ပါက နောက်တစ်ဦးတစ်ယောက်နဲ့ ပွေ့ဖက်မှေးစက်ဖို့ လွယ်ကူနိုင်ပါတယ်။ ဒါပေမယ့် အခြေအနေပြန်ကောင်းရုံသာရှိပြီး ခိုင်မာတဲ့ ချစ်သူချင်းဆက်ဆံမှု ဦးတည်ဖြစ်ပေါ်စေမှာ မဟုတ်ပါသေးပါဘူး။ ဒါ့ကြောင့် စုံတွဲဘဝအဖြစ် ခိုင်မြဲတဲ့အချစ်ခရီးအတူ မလျှောက်လှမ်းမီ ကိုယ်ရောက်နေတဲ့ ချစ်သူစုံတွဲဘဝက မိမိစိတ် ပျော်ရွှင်မှုရှိနေပါစေ။ စုံတွဲဘဝကနေ ကိုယ်ဘာလိုချင်လဲဆိုတာ သေချာနားလည်အောင် လုပ်ပါ။ သီးခြားကောင်းမွန်တဲ့ ချစ်သူဘဝမှာ ကိုယ်ဘာမျှော်လင့်လဲသိဖို့ သိပ်အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင် နောင် စိုးရိမ်ရတဲ့ ပြသနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အချစ်ရေး အသစ်စတင်တဲ့အခါ စကားပြောဆိုဆက်ဆံမှု မဖြစ်မနေလုပ်ရမှာပါ။ အစကတည်းက တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ဘာကိုမှ သိုသိပ်မထားပါနဲ့။ ဒါက သင့်အချစ်ခရီးကို အမှတ်ရစရာဖြစ်စေပါလိမ့်မယ်။

မိတ်ဆွေသူငယ်ချင်းအနေနဲ့ အချိန်ကာလတစ်ခု ဖြတ်သန်းပါ

သာမန်မိတ်ဆွေသူငယ်ချင်းတချို့နေတဆင့် အချင်းချင်းတွေ့ကြတာဆိုရင် ချစ်သူဘဝသို့ ချက်ချင်းကူးပြောင်းတာထက် သူငယ်ချင်းတွေအဖြစ် အချိန်ကာလတစ်ခု ဖြတ်သန်းပါ။ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာသိကျွမ်းခြင်းမရှိပဲ ချစ်သူဘဝကို တန်းပြီးဖြတ်သန်းတဲ့အခါ အဆိုးဘက် ဦးတည်သွားတတ်လို့ပါ။

ချစ်သူဘဝ အလျင်စလိုမသွားပါနဲ့

စစချင်းမှာ ဘာကတိကဝတ်မှမပြုဘဲ လက်တွဲကြတာ ကောင်းပါတယ်။ ကိုယ့်လူအကြောင်း သိနားလည်ဖို့ အချိန်အလုံအလောက် ရရှိရုံမက သူ/သူမနဲ့ပတ်သက်လို့ မိမိစိတ်ခံစားမှုအပေါ်လည်း ပြန်လည်သုံးသပ်ပါ။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top