iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူနဲ႔ ျပတ္ဆဲေတာ့မယ္ အေျခအေနလား၊ တစ္ဖက္နဲ႔ တစ္ဖက္ သိပ္ကုိတင္းမာလြန္းတဲ့ အေျခအေနကုိ ေရာက္ေနၿပီလား၊ ကုိယ့္ရင္ဘတ္တစ္ခုလုံးနဲ႔ရင္းၿပီး ခ်စ္ထားရတာမုိ႔ ပစ္ရမွာလဲ သဲတရွပ္ရွပ္ ျဖစ္ေနၿပီလား … မပူပါနဲ႕ ေအာက္ပါအခ်က္(၆)ခ်က္ကုိ လုပ္ပါ။ လုံး၀ မကြဲေစရဘူးလုိ႔ အာမခံပါတယ္။

(၁) နားလည္မႈနဲ႔ နားေထာင္ပါ

နားေထာင္တယ္ဆုိတာ နားလည္မႈမပါဘဲ နားေထာင္ရင္ ဒီဘက္နားက ၀င္၊ ဟုိဘက္နားက ထြက္ ျဖစ္ေနမွာပဲ။ ဒီေတာ့ခ်စ္သူေျပာတဲ့ စကားကုိ အျပန္အလွန္ နားလည္မႈနဲ႕ နားေထာင္ပါ။ ကုိယ္နဲ႔မပတ္တဲ့ အေၾကာင္းအရာ ျဖစ္ေစ နားလည္မႈနဲ႕ နားေထာင္ေပးျခင္းဟာ ခ်စ္သူရဲ႕ ၀တၱရားပါ။

(၂) အတၱကုိ ေရွာင္ပါ

ႏွစ္ကုိယ္တူ ဘ၀ခရီးတစ္ခုကို တည္ေထာင္ဖုိ႔ရည္ရြယ္ထားပါရက္နဲ႔ အတၱကို ေရွ႕တန္းတင္မိရင္ ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ဆုိဆုိ အဆင္ေျပမွာ မဟုတ္ပါဘူး။ အဲဒီေတာ့ ႏွစ္ဦးေပါင္းစပ္ထားတဲ့ သမအတၱတရားေလး ထားပါ။ အရာရာ ႏွစ္ေယာက္စလုံးနဲ႕ ဆုိင္တာကိုပဲ လုပ္ပါ။ မိမိအတြက္ဆုိ အက်ိဳးမယုတ္ႏုိင္တဲ့ ကိစၥမ်ိဳး အသိေပးၿပီး တုိင္တုိင္ပင္ပင္ လုပ္ၾကပါ။

(၃) ယုံၾကည္မႈကုိ ရေအာင္တည္ေဆာက္ပါ

ယုံၾကည္မႈရေအာင္တည္ေဆာက္ဖုိ႔ ခ်စ္သူေတြၾကားမွာ လုံး၀ မခက္ပါဘူး။ အဓိကကေတာ့ ကုိယ္ကုိယ္တုိင္က အျပစ္ကင္းတယ္၊ ရွိတဲ့အျပစ္ေတြကို ရဲရဲ၀န္ခံရဲတယ္ … သူ႕အျပစ္ေတြကို နားလည္ခြင့္လႊတ္တယ္ဆုိရင္ ႏွစ္ေယာက္ၾကားမွာယုံၾကည္မႈ ျပန္လည္အသက္၀င္လာပါၿပီ။

(၄) နာက်င္ေစမယ့္ အျပဳအမူေတြကို ေရွာင္မယ္

ဒီကေရွ႕ ကိုယ့္အျပဳအမူေတြက ကုိယ့္ခ်စ္သူကိ နာက်င္ေစခဲ့တယ္ဆုိရင္ အဲဒါေတြ မျဖစ္ေအာင္ ေရွာင္မယ္ … ဒီစိတ္ကူးေလး ထားရွိပါ။

(၅) လုိအပ္ခ်က္ေတြ ျဖည့္ဆည္းမယ္

လုိအပ္ခ်က္ေတြက ဘာေတြျဖစ္တယ္ဆုိတာကေတာ့ အေျခအေနေပၚမွာ မူတည္ပါတယ္။ အရင္က သူ႕လုိအပ္ခ်က္ကေလးေတြ ဘယ္ေလာက္ထိ မ်က္ကြယ္ျပဳမိခဲ့လဲ … ဒါကို စာနာနားလည္စြာနဲ႔ အတုိးခ်လုိ႔ ေပးဆပ္မယ္ ..။

(၆) အေျပာနဲ႔အလုပ္ ညီေအာင္ေနမယ္

အေရးႀကီးဆုံးအခ်က္က အေျပာနဲ႔ အလုပ္ ညီေအာင္ေနဖုိ႔ပါဘဲ။ ဒါဟာ အဓိက ေသာ့ခ်က္ပါဘဲ။ ခ်စ္သူေတြၾကားမွာ အလြန္ေစးကပ္တဲ့ ေကာ္တစ္ခုနဲ႔ ကပ္ေပးလုိက္တာနဲ႔ တူပါတယ္။

Credit : Lwin Pyin

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်သူနဲ့ ပြတ်ဆဲတော့မယ် အခြေအနေလား၊ တစ်ဖက်နဲ့ တစ်ဖက် သိပ်ကိုတင်းမာလွန်းတဲ့ အခြေအနေကို ရောက်နေပြီလား၊ ကိုယ့်ရင်ဘတ်တစ်ခုလုံးနဲ့ရင်းပြီး ချစ်ထားရတာမို့ ပစ်ရမှာလဲ သဲတရှပ်ရှပ် ဖြစ်နေပြီလား … မပူပါနဲ့ အောက်ပါအချက်(၆)ချက်ကို လုပ်ပါ။ လုံး၀ မကွဲစေရဘူးလို့ အာမခံပါတယ်။

(၁) နားလည်မှုနဲ့ နားထောင်ပါ

နားထောင်တယ်ဆိုတာ နားလည်မှုမပါဘဲ နားထောင်ရင် ဒီဘက်နားက ဝင်၊ ဟိုဘက်နားက ထွက် ဖြစ်နေမှာပဲ။ ဒီတော့ချစ်သူပြောတဲ့ စကားကို အပြန်အလှန် နားလည်မှုနဲ့ နားထောင်ပါ။ ကိုယ်နဲ့မပတ်တဲ့ အကြောင်းအရာ ဖြစ်စေ နားလည်မှုနဲ့ နားထောင်ပေးခြင်းဟာ ချစ်သူရဲ့ ဝတ္တရားပါ။

(၂) အတ္တကို ရှောင်ပါ

နှစ်ကိုယ်တူ ဘဝခရီးတစ်ခုကို တည်ထောင်ဖို့ရည်ရွယ်ထားပါရက်နဲ့ အတ္တကို ရှေ့တန်းတင်မိရင် ဘယ်လောက်ပဲ ချစ်ပါတယ်ဆိုဆို အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒီတော့ နှစ်ဦးပေါင်းစပ်ထားတဲ့ သမအတ္တတရားလေး ထားပါ။ အရာရာ နှစ်ယောက်စလုံးနဲ့ ဆိုင်တာကိုပဲ လုပ်ပါ။ မိမိအတွက်ဆို အကျိုးမယုတ်နိုင်တဲ့ ကိစ္စမျိုး အသိပေးပြီး တိုင်တိုင်ပင်ပင် လုပ်ကြပါ။

(၃) ယုံကြည်မှုကို ရအောင်တည်ဆောက်ပါ

ယုံကြည်မှုရအောင်တည်ဆောက်ဖို့ ချစ်သူတွေကြားမှာ လုံး၀ မခက်ပါဘူး။ အဓိကကတော့ ကိုယ်ကိုယ်တိုင်က အပြစ်ကင်းတယ်၊ ရှိတဲ့အပြစ်တွေကို ရဲရဲဝန်ခံရဲတယ် … သူ့အပြစ်တွေကို နားလည်ခွင့်လွှတ်တယ်ဆိုရင် နှစ်ယောက်ကြားမှာယုံကြည်မှု ပြန်လည်အသက်ဝင်လာပါပြီ။

(၄) နာကျင်စေမယ့် အပြုအမူတွေကို ရှောင်မယ်

ဒီကရှေ့ ကိုယ့်အပြုအမူတွေက ကိုယ့်ချစ်သူကိ နာကျင်စေခဲ့တယ်ဆိုရင် အဲဒါတွေ မဖြစ်အောင် ရှောင်မယ် … ဒီစိတ်ကူးလေး ထားရှိပါ။

(၅) လိုအပ်ချက်တွေ ဖြည့်ဆည်းမယ်

လိုအပ်ချက်တွေက ဘာတွေဖြစ်တယ်ဆိုတာကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ အရင်က သူ့လိုအပ်ချက်ကလေးတွေ ဘယ်လောက်ထိ မျက်ကွယ်ပြုမိခဲ့လဲ … ဒါကို စာနာနားလည်စွာနဲ့ အတိုးချလို့ ပေးဆပ်မယ် ..။

(၆) အပြောနဲ့အလုပ် ညီအောင်နေမယ်

အရေးကြီးဆုံးအချက်က အပြောနဲ့ အလုပ် ညီအောင်နေဖို့ပါဘဲ။ ဒါဟာ အဓိက သော့ချက်ပါဘဲ။ ချစ်သူတွေကြားမှာ အလွန်စေးကပ်တဲ့ ကော်တစ်ခုနဲ့ ကပ်ပေးလိုက်တာနဲ့ တူပါတယ်။

Credit : Lwin Pyin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top