iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်ပန္ႏုိင္ငံ ဝန္ထမ္းအင္အားစုရဲ႕ ငါးပုံတစ္ပုံဟာ အလုပ္ဝန္ပိျခင္းေၾကာင့္ ေသဆုံးမႈအႏၱရာယ္႐ွိေနေၾကာင္း အစုိးရက ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈစစ္တမ္းအရ သိရပါတယ္။ အားသြန္ခြန္စုိက္ အလုပ္လုပ္ကုိင္ရေလ့႐ွိတဲ့ နာမည္ႀကီးလွတဲ့ ဂ်ပန္ရဲ႕ လုပ္ငန္းခြင့္ အေလ့အထေတြအေပၚ အစုိးရက ေလ့လာဆန္းစစ္ခဲ့တာ ျဖစ္ပါတယ္။

ဂ်ပန္မွာ အလုပ္ဝန္ပိျခင္းနဲ႕ ဆက္ႏြယ္ၿပီး ေလျဖတ္ျခင္း၊ ႏွလုံးေဖာက္ျပန္ျခင္းနဲ႕ ေသေၾကာင္းႀကံစည္ျခင္းတုိ႕ျဖင့္ ႏွစ္စဥ္ ရာနဲ႕ခ်ီတဲ့ ေသဆုံးမႈေတြ ႐ွိေနပါတယ္။

ပင္ပန္းစြာ အလုပ္လုပ္ကုိင္ရမႈေၾကာင့္ ဆုိး႐ြားတဲ့ က်န္းမာေရးျပႆနာမ်ား ျဖစ္ေနၿပီး ဥပေဒေၾကာင္းအရ ေဆာင္႐ြက္ျခင္းနဲ႕ အလုုပ္ဝန္ပိတဲ့ ျပႆနာေတြကုိ ေျဖ႐ွင္းရန္ ေတာင္းဆုိမႈေတြလည္း ႐ွိေနပါတယ္။

ယခု ေလ့လာမႈစစ္တမ္းမွာ ဝန္ႀကီးခ်ဳပ္ ႐ွင္ဇိုအာေဘးရဲ႕ ေထာက္ခံအားေပးမႈျဖင့္ ဂ်ပန္မွာ ပထမဆုံးအႀကိမ္ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။ ဂ်ပန္မွာ အလုုပ္လုပ္ကုိင္သူေတြဟာ အလုပ္ခ်ိန္႐ွည္ၾကာစြာ လုပ္ကိုင္ရေလ့႐ွိပါၿပီး အခ်ိန္ပုိ အလုုပ္ခ်ိန္မ်ားလည္း လုပ္ကုိင္ရပါတယ္။

ဂ်ပန္အစုိးရက ထုတ္ျပန္တဲ့ ေလ့လာမႈစစ္တမ္းအတြင္း ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာမွ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီအတြင္း ကုမၸဏီေတြကုိ ေမးျမန္းခဲ့ရာမွာ ၂၂.၇ ရာခုိင္ႏႈန္းက ၎တုိ႕ရဲ႕ ဝန္ထမ္းေတြဟာ တစ္လလွ်င္ အခ်ိန္ပုိ အလုပ္လုပ္ခ်ိန္ နာရီ ၈၀ ေက်ာ္ လုပ္ကိုင္ေနေၾကာင္း သိရပါတယ္။

ေလ့လာမႈအရ ခန္႕မွန္းေျခအားျဖင့္ ဂ်ပန္လူမ်ဳိး ဝန္ထမ္းေတြရဲ႕ ၂၁.၃ ရာခုိင္ႏႈန္းဟာ တစ္ပတ္လွ်င္ ပ်မ္းမွ်အလုပ္လုပ္ခ်ိန္ ၄၉ နာရီနဲ႕အထက္ လုပ္ကုိင္ေနၾကၿပီး အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္ ႏုိင္ငံမ်ားထက္ ပုိမ်ားေနပါတယ္။

တစ္ပတ္လွ်င္ ပ်မ္းမွ်အလုပ္ခ်ိန္ ၄၉ နာရီထက္ပုိၿပီး အလုပ္လုပ္ကုိင္ေနတဲ့ ဝန္ထမ္းရာခုိင္ႏႈန္းမွာ အေမရိကန္တြင္ ၁၆.၄ ရာခုိင္ႏႈန္း၊ ၿဗိတိန္မွာ ၁၂.၅ ရာခုိင္ႏႈန္းနဲ႕ ျပင္သစ္မွာ ၁၀.၄ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။

အစုိးရက ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈစစ္တမ္းက ဂ်ပန္လူမ်ဳိး ဝန္ထမ္းေတြဟာ ၎တုိ႕ရဲ႕ အလုပ္နဲ႕ဆက္ႏြယ္ၿပီး စိတ္ဖိစီးမႈ ျမင့္မားစြာ ခံစားေနရေၾကာင္းနဲ႕ တာဝန္႐ွိသူေတြ အေနနဲ႕ ကုမၸဏီေတြကုိ လုပ္ငန္းခြင္ အေျခအေနမ်ား ပုိမုိေကာင္းမြန္ေစရန္ တုိက္တြန္းသင့္ေၾကာင္း ေထာက္ျပထားပါတယ္။

ဂ်ပန္မွာ ပထမဆုံး အမ်ဳိးသမီး တုိက်ဳိၿမဳိ႕ေတာ္ဝန္ကလည္း တုိက်ဳိမွာ အခ်ိန္ပုိ အလုပ္လုပ္ကုိင္မႈ မ႐ွိေစရန္ ေဆာင္႐ြက္သြားမယ္လုိ႕ ေျပာၾကားထားခဲ့ဖူးပါတယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဂျပန်နိုင်ငံ ဝန်ထမ်းအင်အားစုရဲ့ ငါးပုံတစ်ပုံဟာ အလုပ်ဝန်ပိခြင်းကြောင့် သေဆုံးမှုအန္တရာယ်ရှိနေကြောင်း အစိုးရက ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းအရ သိရပါတယ်။ အားသွန်ခွန်စိုက် အလုပ်လုပ်ကိုင်ရလေ့ရှိတဲ့ နာမည်ကြီးလှတဲ့ ဂျပန်ရဲ့ လုပ်ငန်းခွင့် အလေ့အထတွေအပေါ် အစိုးရက လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်မှာ အလုပ်ဝန်ပိခြင်းနဲ့ ဆက်နွယ်ပြီး လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်းနဲ့ သေကြောင်းကြံစည်ခြင်းတို့ဖြင့် နှစ်စဉ် ရာနဲ့ချီတဲ့ သေဆုံးမှုတွေ ရှိနေပါတယ်။

ပင်ပန်းစွာ အလုပ်လုပ်ကိုင်ရမှုကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်နေပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းနဲ့ အလုုပ်ဝန်ပိတဲ့ ပြဿနာတွေကို ဖြေရှင်းရန် တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ယခု လေ့လာမှုစစ်တမ်းမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ထောက်ခံအားပေးမှုဖြင့် ဂျပန်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်မှာ အလုုပ်လုပ်ကိုင်သူတွေဟာ အလုပ်ချိန်ရှည်ကြာစွာ လုပ်ကိုင်ရလေ့ရှိပါပြီး အချိန်ပို အလုုပ်ချိန်များလည်း လုပ်ကိုင်ရပါတယ်။

ဂျပန်အစိုးရက ထုတ်ပြန်တဲ့ လေ့လာမှုစစ်တမ်းအတွင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီအတွင်း ကုမ္ပဏီတွေကို မေးမြန်းခဲ့ရာမှာ ၂၂.၇ ရာခိုင်နှုန်းက ၎င်းတို့ရဲ့ ဝန်ထမ်းတွေဟာ တစ်လလျှင် အချိန်ပို အလုပ်လုပ်ချိန် နာရီ ၈၀ ကျော် လုပ်ကိုင်နေကြောင်း သိရပါတယ်။

လေ့လာမှုအရ ခန့်မှန်းခြေအားဖြင့် ဂျပန်လူမျိုး ဝန်ထမ်းတွေရဲ့ ၂၁.၃ ရာခိုင်နှုန်းဟာ တစ်ပတ်လျှင် ပျမ်းမျှအလုပ်လုပ်ချိန် ၄၉ နာရီနဲ့အထက် လုပ်ကိုင်နေကြပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံများထက် ပိုများနေပါတယ်။

တစ်ပတ်လျှင် ပျမ်းမျှအလုပ်ချိန် ၄၉ နာရီထက်ပိုပြီး အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းရာခိုင်နှုန်းမှာ အမေရိကန်တွင် ၁၆.၄ ရာခိုင်နှုန်း၊ ဗြိတိန်မှာ ၁၂.၅ ရာခိုင်နှုန်းနဲ့ ပြင်သစ်မှာ ၁၀.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အစိုးရက ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းက ဂျပန်လူမျိုး ဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့ အလုပ်နဲ့ဆက်နွယ်ပြီး စိတ်ဖိစီးမှု မြင့်မားစွာ ခံစားနေရကြောင်းနဲ့ တာဝန်ရှိသူတွေ အနေနဲ့ ကုမ္ပဏီတွေကို လုပ်ငန်းခွင် အခြေအနေများ ပိုမိုကောင်းမွန်စေရန် တိုက်တွန်းသင့်ကြောင်း ထောက်ပြထားပါတယ်။

ဂျပန်မှာ ပထမဆုံး အမျိုးသမီး တိုကျိုမြို့တော်ဝန်ကလည်း တိုကျိုမှာ အချိန်ပို အလုပ်လုပ်ကိုင်မှု မရှိစေရန် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားခဲ့ဖူးပါတယ်။


Credit : Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top