iMyanmarHouse.com - Best Property Website for Myanmar
×
ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကို စိတ်ပါလက်ပါ နားထောင်ပြီး ပြန်လည်မေးမြန်းတတ်သူ၊ ကိုယ့်ကို အကြံဥာဏ်ကောင်းတွေ ပေးနေသူဆိုရင်တော့ သူ ကိုယ့်ကိုစိတ်ဝင်စားနေလို့ပါပဲ။
ကိုယ်က လက်သည်း၊ ခြေသည်းအလှပြင်တာလေး နည်းနည်းပုံစံပြောင်းတာကအစ အရောင်တူတဲ့အင်္ကျံမျိုး နှစ်ရက်ဆက်တိုက် ၀တ်လာတာမျိုးအထိ သူက ကိုယ့်ကို သတိပြုပြောဆိုနေပြီဆိုရင်လည်း ကိုယ့်ကို သူ စိတ်ဝင်စားနေလို့ပါ။
Credit:Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
မိန်းကလေးအနေနဲ့ ကိုယ် စိတ်ဝင်စားတဲ့ ကောင်လေး သူမကို ချစ်နေသလား၊ သဘောကျနေသလားဆိုတာ  သိနိုင်ဖို့ နှုတ်က တိုက်ရိုက်ဖွင့်မေးလို့ မရပါဘူး။ သူ ကိုယ့်ကို ဘယ်လိုဆက်ဆံသလဲ၊ သူ့ရဲ့ အပြောအဆို၊ အနေအထိုင်တွေကို ကြည့်ခြင်းအားဖြင့်သာ ခန့်မှန်းကြည့်နိုင်တာပါ။ ဒါ့ကြောင့် တစ်ဖက်က ကိုယ့်ကို စိတ်ဝင်စားနေသလားဆိုတာ ခန့်မှန်းနိုင်စေဖို့ သိသာစေတဲ့ အချက်လေးတွေကို ခုလိုပြောပြပေးလိုက်ပါတယ်။
၁။သူက ကိုယ်ပြောသမျှကို စိတ်ဝင်တစား နားထောင်တတ်သူဆိုရင်
ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကို စိတ်ပါလက်ပါ နားထောင်ပြီး ပြန်လည်မေးမြန်းတတ်သူ၊ ကိုယ့်ကို အကြံဉာဏ်ကောင်းတွေ ပေးနေသူဆိုရင်တော့ သူ ကိုယ့်ကိုစိတ်ဝင်စားနေလို့ပါပဲ။
၂။သူက ကိုယ့်ရဲ့နောက်ကျောဘက်ကို မထိတထိ လုပ်ပြီဆိုရင်
ရည်းစားမဖြစ်သေးပေမယ့် သူက ကိုယ့်ကို ရှေ့ကသွားပါလို့ ပြောတဲ့အချိန်တွေ၊ ဒါမှမဟုတ် အရေးပါတဲ့ ကိစ္စရပ်တစ်ခုခုကို ဆွေးနွေးနေချိန်တွေမှာ ကိုယ့်ရဲ့နောက်ကျောကို တို့ထိပြီး စကားပြောနေပြီဆိုရင်တော့ သူကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတာ ငြင်းလို့ကို မရနိုင်ပါဘူး။
၃။ကိုယ့်ကိုအအေး၊ ဒါမှမဟုတ် သရေစာမုန့်တွေ ဝယ်ကျွေးတတ်သူဆိုရင်
ကိုယ်နဲ့တွေ့ချိန်တိုင်း အအေးဝယ်တိုက်တာမျိုး၊ သရေစာမုန့်ဝယ်ကျွေးတာမျိုးတွေ လုပ်တတ်သူဆိုရင်လည်း ကိုယ့်ကိုကြွေနေလို့ပါပဲ။
၄။ကိုယ့်ကို သူ့ရဲ့အနွေးထည် ပေးဝတ်တတ်သူဆိုရင်
မိုးတွေရွာနေတဲ့အချိန် အတူရှိတဲ့အခါပဲဖြစ်ဖြစ်၊ အဲယာကွန်းအေးတဲ့အချိန် ကိုယ်က အနွေးထည် မဝတ်ထားတဲ့အခါမျိုးတွေမှာ ကိုယ့်ကို သူ့အနွေးထည် ဝတ်ဖို့ တိုက်တွန်းတတ်သူဆိုရင်လည်း သူ့ဟာ  ကိုယ့်ကို စိတ်ဝင်စားနေလို့ပဲနော်။
၅။ကိုယ့်ကို sms တွေ ညသန်းခေါင်၊ မနက်စောစောမှာ ပို့တတ်သူဆိုရင်
သာမာန်သူငယ်ချင်းတွေဆိုရင် sms ကို ညသန်းခေါင်အချိန်တွေ၊ မနက်အစောကြီးအချိန်တွေမှာ ထပို့နေစရာ အကြောင်းမရှိဘူးလေ။ အဲ့ဒီလို ပို့တတ်သူဆိုရင်တော့ သူငယ်ချင်းအဆင့်ထက် ပိုချင်သူမို့လို့ပါပဲ။
၆။ကိုယ်ဘယ်လိုဇာတ်ကားမျိုးလေးတွေ ကြိုက်တတ်သလဲ စပ်စုပြီဆိုရင်
ကိုယ်က ရုပ်ရှင်သရဲမို့လို့၊ ဇာတ်ကားတွေ ကြိုက်တတ်သူမို့ ဘယ်လိုဇာတ်ကားမျိုးလေးတွေ အများဆုံး ကြည့်ဖြစ်သလဲ ကိုယ့်ကို စပ်စုပြီဆိုရင်လည်း ဒါဟာ သူကိုယ့်ကိုစိတ်ဝင်စားလို့ပါပဲ။
၇။သူက ကိုယ့်ပုံတိုင်းကို Like ပေးတတ်သူဆိုရင်
Instagram မှာပဲဖြစ်ဖြစ်၊ Facebook မှာပဲဖြစ်ဖြစ် ကိုယ်တင်သမျှပုံတိုင်းကို Like နှိပ်တတ်သူကလည်း သူကိုယ့်ကို စိတ်ဝင်စားပါတယ်ဆိုတာ ပြသနေတာပါပဲ။
၈။စကားပြောနေချိန်လေးမှာ ကိုယ့်ခြေထောက်ကို သူ့ခြေထောက်နဲ့ လာထိတတ်သူဆိုရင်
ခဏခဏ မဟုတ်တောင် တစ်ခါ၊ နှစ်ခါလောက်ပဲဖြစ်ဖြစ် သူ့နဲ့ကိုယ်စကားပြောနေချိန်အတွင်း ကိုယ့်ခြေထောက်ကို သူ့ခြေထောက်နဲ့ အမှတ်တမဲ့ ထိသလိုမျိုး လာထိတတ်သူဆိုရင် ဒါသူစိတ်ဝင်စားနေတယ်ဆိုတာကို ကိုယ့်ကိုပြသနေတာပါ။
၉။ကိုယ်လုပ်လိုက်တဲ့ အသေးအဖွဲကိစ္စတိုင်း သတိပြုမိနေတတ်သူဆိုရင်
ကိုယ်က လက်သည်း၊ ခြေသည်းအလှပြင်တာလေး နည်းနည်းပုံစံပြောင်းတာကအစ အရောင်တူတဲ့အကျႍမျိုး နှစ်ရက်ဆက်တိုက် ဝတ်လာတာမျိုးအထိ သူက ကိုယ့်ကို သတိပြုပြောဆိုနေပြီဆိုရင်လည်း ကိုယ့်ကို သူ စိတ်ဝင်စားနေလို့ပါ။
၁၀။သူ ကိုယ့်ကို ခိုးခိုးကြည့်နေပြီဆိုရင်
ကိုယ်က ဖြတ်ခနဲသူ့ကို ကြည့်လိုက်မိချိန်တိုင်း သူကိုယ့်ကို ကြည့်နေတဲ့အချိန်မျိုးချည်းပဲ ဖြစ်နေတယ်ဆိုရင်တော့ သူ့ကိုယ့်ကို ချစ်နေသလားဆိုတဲ့ မေးခွန်းအစား ချစ်နေပါပြီလို့သာ ယုံလိုက်ပါတော့။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top