iMyanmarHouse.com - Best Property Website for Myanmar
×


ဝမ္းဗိုက္မွာအဆီေတြစုၿပီးဗိုက္ပူေနလို႔စိတ္ညစ္ေနသူေတြအတြက္ဗိုက္ပူတာ ေလ်ာ့က်ေအာင္ လုပ္ႏိုင္မယ့္အလြယ္နည္းေတြကိုေရးသားလိုက္ရပါတယ္။

(၁) ေလ့က်င့္ခန္း လုပ္ပါ။

ေလ့က်င့္ခန္း အားလံုးဟာ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစပါတယ္။ ေလ့က်င့္ခန္း လုပ္တဲ့အခါ ဝမ္းဗိုက္အဆီက်ေအာင္စြမ္းအားျမင့္ ေလ့က်င့္ခန္းကို လုပ္ဖို႔ လိုအပ္ပါတယ္။ ေလ့လာမႈအရ အမ်ဳိးသမီးအုပ္စု သံုးခုကို တစ္ပတ္မွာ ငါးႀကိမ္ခန္႔မတူညီတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ေစခဲ့ရာ ကယ္လိုရီ ေလာင္ကၽြမ္းပံုခ်င္း တူေပမယ့္ စြမ္းအားျမင့္ ေလ့က်င့္ခန္းကို

လုပ္ေဆာင္တဲ့အုပ္စုတစ္ခုရွိအမ်ဳိးသမီးေတြကသာဝမ္းဗိုက္အဆီ ေလ်ာ့က်မႈရွိခဲ့တာကို ေတြ႕ရပါတယ္။ စြမ္းအားျမႇင့္ေလ့က်င့္ခန္းေတြမွာ အိပ္ထမတင္ ေလ့က်င့္ခန္း၊ ခါးလွည့္ ေလ့က်င့္ခန္းစတဲ့ ေလ့က်င့္ခန္း အမ်ဳိးအစားေတြပါဝင္ေနပါတယ္။

(၂) ဗိုက္ကို တုန္ခါေအာင္ လုပ္ပါ။

ဗိုက္ကိုတုန္ခါေစတဲ့စက္နဲ႔အဆီခ်ေပးတာကထိုင္-ထ ေလ့က်င့္ခန္းလုပ္သလို ေျခာက္လအတြင္းမွာ ဝမ္းဗိုက္အဆီကိုသိသိသာသာ ေလ်ာ့က် ေစတာကိုေတြ႕ရပါတယ္။

(၃) ညေနခင္းတြင္ အလင္းေရာင္ကို ေလွ်ာ့ခ်ပါ။

စိတ္ဖိစီးမႈ ေဟာ္မုန္း ေကာ္တီေဆာ အဆင့္ျမင့္တက္မႈ ရွိတာက ဝမ္းဗိုက္အဆီတိုးတာနဲ႔ ဆက္စပ္မႈ ရွိပါတယ္။ ညဘက္မွာ ေကာ္တီေဆာ ေဟာ္မုန္းအဆင့္ ေလ်ာ့က်ေအာင္ အိပ္ရာမဝင္ခင္ တစ္နာရီအလိုမွာ လွ်ပ္စစ္ပစၥည္းေတြကို ပိတ္ၿပီး
အနားယူေပးဖို႔ လိုပါတယ္။ ကြန္ပ်ဴတာကို ညဥ့္နက္တဲ့အထိ အသံုးျပဳတာကို ေရွာင္သင့္ပါတယ္။ ဒါဆိုရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ပါလိမ့္မယ္။

(၄) ေစာေစာ အိပ္ရာဝင္ပါ။

တစ္ညမွာ ၅-၆ နာရီခန္႔ပဲ အိပ္တဲ့သူေတြက တစ္ညမွာ ၇-၈ နာရီေလာက္ အိပ္တဲ့သူေတြထက္ ခါးနဲ႔ ဗိုက္ေနရာတစ္ဝိုက္မွာ အဆီတက္ၿပီး ဝႏိုင္ေျခ ၆၀ ရာခိုင္ႏႈန္း ပိုမ်ားေၾကာင္း ေလ့လာ ေတြ႕ရွိရပါတယ္။ “အိပ္ေရးပ်က္တာက ဆာေလာင္မႈ
တိုးေစတဲ့ Ghrelin ေဟာ္မုန္းကို အထြက္တိုးေစၿပီး ဆာေလာင္မႈကို ဟန္႔တားေပးတဲ့ Leptin ေဟာ္မုန္းကို ေလ်ာ့က်ေစလို႔ ျဖစ္တယ္” လို႔ အိပ္စက္မႈဆိုင္ရာ ပညာရွင္ ေဒါက္တာ စတန္ေလက ဆိုပါတယ္။ လူေတြက ပင္ပန္းႏြမ္းနယ္တဲ့အခါသၾကားပါတဲ့ ကာဗိုဟိုက္ဒရိတ္အစာကို မ်ားမ်ား စားမိတာေၾကာင့္ ဗိုက္ပူလာရတာ ျဖစ္ပါတယ္။

(၅) ရွလကာရည္ ေသာက္ပါ။

တစ္ေန႔မွာ ရွလကာရည္ ထမင္းစားဇြန္း ႏွစ္ဇြန္းေသာက္တဲ့ အဝလြန္သူေတြက အခ်ဥ္ေရွာင္တဲ့ တျခားသူေတြထက္ဗိုက္ပူတာငါးရာခိုင္ႏႈန္း ေလ်ာ့က်မႈရွိေစတယ္လို႔ဂ်ပန္သုေတသီေတြက ေလ့လာေတြ႕ရွိခဲ့ပါတယ္။ရွလကာရည္မွာအဓိကပါဝင္တဲ့AceticAcidဟာခႏၶာကိုယ္အဆီေတြ ေလာင္ကၽြမ္းေအာင္ လႈံ႕ေဆာ္မႈေပးတာေၾကာင့္ ျဖစ္တယ္လို႔ သုေတသီေတြက ဆိုပါတယ္။ ျပဳလုပ္ရမယ့္ နည္းကေတာ့ အစာမစားခင္မွာ ေရေႏြးတစ္ဖန္ခြက္ထဲကို ရွလကာ
ရည္ ထမင္းစားဇြန္း တစ္ဇြန္း ထည့္ၿပီး ေသာက္သံုးရမွာ ျဖစ္ပါတယ္။

(၆) ဒိန္ခ်ဥ္စားပါ။

ေန႔စဥ္ ကယ္လိုရီကို ထိန္းခ်ဳပ္ၿပီး စားေနတဲ့သူေတြဟာ ဒိန္ခ်ဥ္မွ ကယ္လ္စီယမ္ ၁၁၀၀ မီလီဂရမ္ေလာက္ ရေနရင္ဝမ္းဗိုက္အဆီ ၈၁ ရာခိုင္ႏႈန္း ေလ်ာ့က်မႈ ရွိတာကို တင္နက္ဆီး တကၠသိုလ္မွ ေလ့လာ ေတြ႕ရွိရပါတယ္။ကယ္လ္စီယမ္ဟာအဆီကို ေလာင္ကၽြမ္းေစလို႔ ျဖစ္တယ္လို႔ ယံုၾကည္ၾကပါတယ္။ တျခားအစာေတြ အေနနဲ႔ အခြံခၽြတ္မထားတဲ့ ေကာက္ႏွံစာ (ဥပမာ- ဆန္လံုးညိဳ၊ ေခါက္ဆြဲညိဳ) နဲ႔ မျပည့္ဝဆီ(အခြံမာတဲ့ အေစ့အဆန္၊ ေထာပတ္သီး၊ ငါး)
စတာေတြကိုလည္း စားေပးရမွာ ျဖစ္ပါတယ္။

(၇) စိတ္ဖိစီးမႈကို အႏိုင္ယူပါ။

စိတ္ဖိစီးမႈဟာ ဝမ္းဗိုက္မွာ အဆီပိုေတြ စုေနတာနဲ႔ အႀကီးအက်ယ္ ဆက္စပ္မႈရွိပါတယ္။ အေၾကာင္းကေတာ့ စိတ္ဖိစီးမႈမ်ားေနခ်ိန္မွာ အဒရီနယ္ဂလင္းမွ ေကာ္တီေဆာ အလြန္အမင္း ထြက္လာလို႔ပါ။ ေကာ္တီေဆာ အထြက္မ်ားတာကအင္ဆူလင္ ထြက္ႏႈန္းတိုးေစၿပီး အဆီေတြ စုေနေစပါတယ္။

(၈) ဗီတာမင္ဒီကို ရယူပါ။

ေန႔စဥ္ နံနက္တိုင္း အိမ္အျပင္မွာ ၁၅ မိနစ္ေလာက္ေနၿပီး ေနျခည္ႏုႏုမွ ဗီတာမင္ဒီရေအာင္ ယူပါ။ ဗီတာမင္ဒီဟာ အဆီေတြကို ေခ်ဖ်က္ေပးႏိုင္တဲ့ အရာျဖစ္ပါတယ္။ ဗီတာမင္ဒီ မလံုေလာက္တာေၾကာင့္ အဝလြန္တာကို ျဖစ္ေစႏိုင္ပါတယ္။

(၉) ေဆးလိပ္ေသာက္တတ္လွ်င္ ေဆးလိပ္ျဖတ္ပါ။

ေဆးလိပ္ေသာက္တာဟာ ဗိုက္ပူေစတယ္လို႔ နယ္သာလန္ ေဆးစင္တာမွ သုေတသီေတြက ဆိုပါတယ္။ အေၾကာင္းရင္းကို တိတိက်က် မသိၾကေသးေပမယ့္ ေဆးလိပ္ေသာက္တာဟာ ခႏၶာကိုယ္ထဲမွာ အီစထ႐ိုဂ်င္ ေဟာ္မုန္းရဲ႕ လုပ္ေဆာင္မႈကို ေလ်ာ့က်ေစၿပီး က်ားေဟာ္မုန္းရဲ႕ လႊမ္းမိုးမႈကို တိုးေစတာေၾကာင့္ ဗိုက္ပူတာ ျဖစ္ႏိုင္တယ္လို႔ သုေတသီေတြက ယူဆထားပါတယ္။


Credit:နွင္းဆီဖူးေလးမ်ား


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ဝမ်းဗိုက်မှာအဆီတွေစုပြီးဗိုက်ပူနေလို့စိတ်ညစ်နေသူတွေအတွက်ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့်အလွယ်နည်းတွေကိုရေးသားလိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင်စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့်မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို

လုပ်ဆောင်တဲ့အုပ်စုတစ်ခုရှိအမျိုးသမီးတွေကသာဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့်လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေပါဝင်နေပါတယ်။

(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ။

ဗိုက်ကိုတုန်ခါစေတဲ့စက်နဲ့အဆီချပေးတာကထိုင်-ထ လေ့ကျင့်ခန်းလုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကိုသိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ။

စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး
အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ။

တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု
တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါသကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။

(၅) ရှလကာရည် သောက်ပါ။

တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာငါးရာခိုင်နှုန်း လျော့ကျမှုရှိစေတယ်လို့ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ရှလကာရည်မှာအဓိကပါဝင်တဲ့AceticAcidဟာခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာ
ရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ။

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင်ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ကယ်လ်စီယမ်ဟာအဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး)
စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ။

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာကအင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ။

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။


Credit:နှင်းဆီဖူးလေးများ



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top