iMyanmarHouse.com - Best Property Website for Myanmar
×

လစဥ္ ဓမၼတာလာတဲ့အခါမွာ အစားေသာက္ဆင္ျခင္ဖုိ႔ လုိပါတယ္။ အေၾကာင္းကေတာ့ တစ္ခ်ိဳ႕ေသာ အစားအစာေတြဟာ ဓမၼတာလာစဥ္အေတာအတြင္းမွာ ခႏၶာကုိယ္ကေန ထုတ္လႊတ္တဲ့ ဟုိမုန္းေတြနဲ႔ မတည့္ပဲ … အဆိပ္အေတာက္ ျဖစ္ေလ့ရွိပါတယ္။

(၁) အဆီရႊမ္းေသာ အသားအမ်ိဳးမ်ိဳး
အသားထဲမွာပါတဲ့ အဆီဓာတ္ဟာ ရာသီလာစဥ္ နာက်င္ကို္က္ခဲျခင္းကို ျဖစ္ေစလုိ႔ ဘယ္အသားမ်ိဳးမဆုိ ေရွာင္ၾကဥ္သင့္ပါတယ္။ ဒါ့အျပင္ ရာသီလာေနစဥ္မွာ အဲဒီအသားကေန ရတဲ့ အဆီဓာတ္ဟာ အဂၤါေယာင္ရမ္းနာက်င္မႈကို ျဖစ္ေစႏုိင္ပါတယ္။ ဒီလုိအခ်ိန္မ်ိဳးမွာ က်န္းမာေရးနဲ႔ ညီညႊတ္ပါတယ္ဆုိတဲ့ ငါးကိုေတာင္ ေရွာင္သင့္ပါတယ္။

(၂) ေရခဲမုန္႔
အမ်ိဳးသမီးေတြ အသဲစြဲ ေရခဲမုန္႕ကုိ ဒီအခ်ိန္မွာေတာ့ နားထားလုိက္ပါဦး။ အေၾကာင္းကေတာ့ ေရခဲမုန္႔ဟာ Diary ေတြနဲ႔ ထုတ္လုပ္ထားတာမ်ားလုိ႔ အဆီဓာတ္ ပါ၀င္ပါတယ္။ ဒါကလည္း ရာသီလာစဥ္မွာ ကိုက္ခဲနာက်င္မႈကုိ ျဖစ္ေစႏုိင္ပါတယ္။

(၃) အသင့္စား ဆီေၾကာ္ Snack မ်ား
 ေနာက္ အမ်ိဳးသမီးေတြ သိပ္ႀကိဳက္တဲ့ အာလူးေၾကာ္၊ ႏွစ္ျပန္ေၾကာ္နဲ႔၊ အျခား အဆီဓာတ္ပါ၀င္ႏုိင္တဲ့ အေၾကာ္မုန္႔ေတြကိုလည္း ဒီလုိအခ်ိန္မ်ိဳး ေရွာင္ထားရမွာ ျဖစ္ပါတယ္။ အထက္မွာ ေဖာ္ျပခဲ့တဲ့ အစားအစာေတြနဲ႔ ဓာတ္သတၱိေတြ တူညီေနလုိ႔ ရာသီလာစဥ္ က်န္းမာေရးကို ဆုိး၀ါးေစလုိ႔ပါ။

(၄) ေကာ္ဖီႏွင့္သၾကားဓာတ္လြန္ကဲေသာ အစားအစာမ်ား
 ေကာ္ဖီမွာပါတဲ့ ကဖိန္းဓာတ္ဟာ ရာသီလာစဥ္မွာ ေသြး ထိမ္ျခင္း၊ က်န္ျခင္း၊ ရာသီလာတဲ့ရက္ ပုံမွန္မျဖစ္ေစျခင္းတုိ႕ကုိ ျဖစ္ေစပါတယ္။ ေကာ္ဖီကို အထူးေရွာင္ဖုိ႔ လုိပါတယ္။ ဒါ့အျပင္ အခ်ိဳဓာတ္လြန္ကဲတဲ့ သြားေရစာမုန္ေတြကလည္း ရာသီလာေနတဲ့ အမ်ိဳးသမီးေတြကို ေကာင္းက်ိဳးမေပးပါဘူး။ ဒါကိုလည္း ေရွာင္ဖုိ႔လုိပါတယ္။

(၅) အရက္ႏွင့္မူးယစ္ေဆး၀ါး

 ျမန္မာအမ်ိဳးသမီးေတြထဲမွာလည္း အရက္ကုိ Social အေနနဲ႔ ေသာက္သူေတြ ရွိလုိ႔ ဒီအခ်က္ကို ထည့္ေရးရတာ ျဖစ္ပါတယ္။ အရက္ေၾကာင့္ ေသြးေၾကာေလးေတြ ပါးၿပီး ေပါက္ႏုိင္ပါတယ္။ ရာသီေသြးဆင္းေနစဥ္မွာ အျခားဓာတ္သဘာ၀ေတြေၾကာင့္ ေရာင္ရမ္းနာက်င္မႈေတြ ျဖစ္ရာကေန အရက္ရဲ႕ ဓာတ္ေၾကာင့္ ေသြးေၾကာေလးေတြ ေပါက္ၿပီး ေသြးခဲေလးေတြ ေရာၿပီး ဆင္းတဲ့အခါ အျခားေဆးဘက္ဆုိင္ရာ ႐ႈပ္ေထြးမႈေတြ ျဖစ္ေပၚနုိင္ပါတယ္။

Credit :Shwemom

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လစဉ် ဓမ္မတာလာတဲ့အခါမှာ အစားသောက်ဆင်ခြင်ဖို့ လိုပါတယ်။ အကြောင်းကတော့ တစ်ချို့သော အစားအစာတွေဟာ ဓမ္မတာလာစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ ဟိုမုန်းတွေနဲ့ မတည့်ပဲ … အဆိပ်အတောက် ဖြစ်လေ့ရှိပါတယ်။

(၁) အဆီရွှမ်းသော အသားအမျိုးမျိုး
အသားထဲမှာပါတဲ့ အဆီဓာတ်ဟာ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေလို့ ဘယ်အသားမျိုးမဆို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ရာသီလာနေစဉ်မှာ အဲဒီအသားကနေ ရတဲ့ အဆီဓာတ်ဟာ အင်္ဂါယောင်ရမ်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်ဆိုတဲ့ ငါးကိုတောင် ရှောင်သင့်ပါတယ်။

(၂) ရေခဲမုန့်
အမျိုးသမီးတွေ အသဲစွဲ ရေခဲမုန့်ကို ဒီအချိန်မှာတော့ နားထားလိုက်ပါဦး။ အကြောင်းကတော့ ရေခဲမုန့်ဟာ Diary တွေနဲ့ ထုတ်လုပ်ထားတာများလို့ အဆီဓာတ် ပါဝင်ပါတယ်။ ဒါကလည်း ရာသီလာစဉ်မှာ ကိုက်ခဲနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

(၃) အသင့်စား ဆီကြော် Snack များ
 နောက် အမျိုးသမီးတွေ သိပ်ကြိုက်တဲ့ အာလူးကြော်၊ နှစ်ပြန်ကြော်နဲ့၊ အခြား အဆီဓာတ်ပါဝင်နိုင်တဲ့ အကြော်မုန့်တွေကိုလည်း ဒီလိုအချိန်မျိုး ရှောင်ထားရမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အစားအစာတွေနဲ့ ဓာတ်သတ္တိတွေ တူညီနေလို့ ရာသီလာစဉ် ကျန်းမာရေးကို ဆိုးဝါးစေလို့ပါ။

(၄) ကော်ဖီနှင့်သကြားဓာတ်လွန်ကဲသော အစားအစာများ
 ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ ရာသီလာစဉ်မှာ သွေး ထိမ်ခြင်း၊ ကျန်ခြင်း၊ ရာသီလာတဲ့ရက် ပုံမှန်မဖြစ်စေခြင်းတို့ကို ဖြစ်စေပါတယ်။ ကော်ဖီကို အထူးရှောင်ဖို့ လိုပါတယ်။ ဒါ့အပြင် အချိုဓာတ်လွန်ကဲတဲ့ သွားရေစာမုန်တွေကလည်း ရာသီလာနေတဲ့ အမျိုးသမီးတွေကို ကောင်းကျိုးမပေးပါဘူး။ ဒါကိုလည်း ရှောင်ဖို့လိုပါတယ်။

(၅) အရက်နှင့်မူးယစ်ဆေးဝါး

 မြန်မာအမျိုးသမီးတွေထဲမှာလည်း အရက်ကို Social အနေနဲ့ သောက်သူတွေ ရှိလို့ ဒီအချက်ကို ထည့်ရေးရတာ ဖြစ်ပါတယ်။ အရက်ကြောင့် သွေးကြောလေးတွေ ပါးပြီး ပေါက်နိုင်ပါတယ်။ ရာသီသွေးဆင်းနေစဉ်မှာ အခြားဓာတ်သဘာဝတွေကြောင့် ရောင်ရမ်းနာကျင်မှုတွေ ဖြစ်ရာကနေ အရက်ရဲ့ ဓာတ်ကြောင့် သွေးကြောလေးတွေ ပေါက်ပြီး သွေးခဲလေးတွေ ရောပြီး ဆင်းတဲ့အခါ အခြားဆေးဘက်ဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

Credit :Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top