iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယားမင္းသားေခ်ာ ေဆာင္းဂၽြန္ကီသည္ ဒုတိယကမၻာစစ္အတြင္း လိင္ေက်းကၽြန္အျဖစ္ အဓမၼေစခိုင္းခံခဲ့ရေသာ အမ်ိဳးသမီးမ်ားကို ကူညီေပးေနသည့္အဖြဲ႔သို႔ ၀မ္ေငြ သန္း ၂၀  (အေမရိကန္ေဒၚလာ ၁၇ ၇၀၀ ) လွဴဒါန္းခဲ့ေၾကာင္း သတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။

“ ကၽြန္မတို႔ ေဆာင္းဂၽြန္ကီနာမည္နဲ႔ လွဴဒါန္းတဲ့ အလွဴေငြ သန္း ၂၀ ကို လက္ခံရရွိပါတယ္။ ကၽြန္မတို႔ ေဆာင္းဂၽြန္ကီရဲ႕ ေအဂ်င္စီကို ေမးျမန္းခဲ့ပါတယ္။ ေအဂ်င္စီက ေဆာင္းဂၽြန္ကီ လွဴဒါန္းတာ မွန္ပါတယ္လို႔  ေျပာပါတယ္”ဟု လိင္ေက်းကၽြန္အျဖစ္ အဓမၼေစခိုင္းခံခဲ့ရေသာ အမ်ိဳးသမီးမ်ားကို ကူညီေပးသည့္  Nnaum House အဖြဲ႔အစည္းမွ ကိုယ္စားလွယ္တစ္ဦးက ေျပာၾကားသည္။

“ကၽြန္မတို႔  ပထမအၾကိမ္ ေမးတုန္းက ေအဂ်င္စီက သိပံုမရဘူး။ ေဆာင္းဂၽြန္ကီဟာ တိတ္တဆိတ္လွဴဖို႔ ၾကိဳးစားခဲ့တယ္”ဟု ကိုယ္စားလွယ္က ေျပာၾကားသည္။

ဒုတိယကမၻာစစ္အတြင္း  ဂ်ပန္စစ္တပ္က လိင္ေက်းကၽြန္အျဖစ္ အဓမၼခိုင္းေစခိုင္းခံရသည့္ အမ်ိဳးသမီးမ်ားသည္ ငယ္ရြယ္ေသာ မိန္းကေလးငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ားျဖစ္ၾကသည္။

ေဆာင္းဂၽြန္ကီသည္ လက္ရွိအခ်ိန္တြင္ “Battleship Island” ဇာတ္ကားကို ဆိုဂ်ီဆပ္ ႏွင့္ ေဟာင္ေဂ်ာင္မင္တို႔ႏွင့္အတူ ရိုက္ကူးလ်က္ရွိသည္။ ေဆာင္းဂၽြန္ကီသည္  ကိုရီးယားကၽြန္းဆြယ္ကို ဂ်ပန္ႏိုင္ငံက သိမ္းပိုက္အုပ္ခ်ဳပ္ခဲ့သည့္ ကာလအတြင္း ကၽြန္းဆြယ္သို႔ အတင္းအဓမၼ ပို႔ေဆာင္ျခင္းခံခဲ့ရသည့္ ကိုရီးယားလူမ်ိဳးမ်ားကို ကယ္ဆယ္ရန္  Hashima ကၽြန္းသို႔ ခိုး၀င္လာသည့္ လြတ္လပ္ေရး အဖြဲ႔၀င္တစ္ဦး အျဖစ္ ပါ၀င္ သရုပ္ေဆာင္သြားမည္ျဖစ္သည္။

Credit: Mizzima

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 တောင်ကိုရီးယားမင်းသားချော ဆောင်းဂျွန်ကီသည် ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျေးကျွန်အဖြစ် အဓမ္မစေခိုင်းခံခဲ့ရသော အမျိုးသမီးများကို ကူညီပေးနေသည့်အဖွဲ့သို့ ဝမ်ငွေ သန်း ၂၀  (အမေရိကန်ဒေါ်လာ ၁၇ ၇၀၀ ) လှူဒါန်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ ကျွန်မတို့ ဆောင်းဂျွန်ကီနာမည်နဲ့ လှူဒါန်းတဲ့ အလှူငွေ သန်း ၂၀ ကို လက်ခံရရှိပါတယ်။ ကျွန်မတို့ ဆောင်းဂျွန်ကီရဲ့ အေဂျင်စီကို မေးမြန်းခဲ့ပါတယ်။ အေဂျင်စီက ဆောင်းဂျွန်ကီ လှူဒါန်းတာ မှန်ပါတယ်လို့  ပြောပါတယ်”ဟု လိင်ကျေးကျွန်အဖြစ် အဓမ္မစေခိုင်းခံခဲ့ရသော အမျိုးသမီးများကို ကူညီပေးသည့်  Nnaum House အဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ကျွန်မတို့  ပထမအကြိမ် မေးတုန်းက အေဂျင်စီက သိပုံမရဘူး။ ဆောင်းဂျွန်ကီဟာ တိတ်တဆိတ်လှူဖို့ ကြိုးစားခဲ့တယ်”ဟု ကိုယ်စားလှယ်က ပြောကြားသည်။

ဒုတိယကမ္ဘာစစ်အတွင်း  ဂျပန်စစ်တပ်က လိင်ကျေးကျွန်အဖြစ် အဓမ္မခိုင်းစေခိုင်းခံရသည့် အမျိုးသမီးများသည် ငယ်ရွယ်သော မိန်းကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်။

ဆောင်းဂျွန်ကီသည် လက်ရှိအချိန်တွင် “Battleship Island” ဇာတ်ကားကို ဆိုဂျီဆပ် နှင့် ဟောင်ဂျောင်မင်တို့နှင့်အတူ ရိုက်ကူးလျက်ရှိသည်။ ဆောင်းဂျွန်ကီသည်  ကိုရီးယားကျွန်းဆွယ်ကို ဂျပန်နိုင်ငံက သိမ်းပိုက်အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ကျွန်းဆွယ်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံခဲ့ရသည့် ကိုရီးယားလူမျိုးများကို ကယ်ဆယ်ရန်  Hashima ကျွန်းသို့ ခိုးဝင်လာသည့် လွတ်လပ်ရေး အဖွဲ့ဝင်တစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

Credit: Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top