iMyanmarHouse.com - Best Property Website for Myanmar
×

အမဲသား - အနီေရာင္ရွိတဲ့အသားဆိုတာနဲ႔ အရင္ဆံုးသတိရတာကေတာ့ အမဲသားပါပဲ။ အနီေရာင္ရွိတဲ့ အျခားအသားေတြလည္းအမ်ားႀကီး ရွိၾကပါတယ္။ ဥပမာ - သိုးသား၊ ကၽြဲသား၊ ဝက္သား၊ သမင္သား၊ ေျပာင္သား တို႔ျဖစ္ၾကပါတယ္။ မပ်ံသန္းႏိုင္တဲ့ ငွက္အမ်ိဳးအစားအခ်ိဳ႕ျဖစ္တဲ့ emu (ၾသစေတ်းလ်ငွက္တစ္မ်ိဳး)၊ ငွက္ကုလားအုတ္စတဲ့ ငွက္ရဲ႕အသားေတြကလည္း အနီေရာင္ရွိၾကပါတယ္။

အနီေရာင္ရွိတဲ့အသားေတြစားသံုးျခင္းဟာ ေကာင္းက်ိဳး၊ဆိုးက်ိဳးေတြ အမ်ားႀကီးရွိပါတယ္။ ေကာင္းက်ိဳးေတြ ကေတာ့ အသားဓာတ္နဲ႔ သံဓာတ္ေတြၾကြယ္ဝျပီးေတာ့ ဆိုးက်ိဳးကေတာ့ ျပည့္ဝဆီနဲ႔ ကိုလက္စေရာေတြ အမ်ားၾကီးပါဝင္ပါတယ္။ ဒီအေပၚမူတည္ျပီး စားသံုးသူေတြက စားသင့္ မစားသင့္ ကိုခ်င့္ခ်ိန္ၾကရပါမယ္။

အနီေရာင္ရွိတဲ့ အသားေတြကို ေလွ်ာ့စားရင္ ဘယ္လိုအက်ိဳးေက်းဇူးရွိႏိုင္လဲဆိုတဲ့ အေၾကာင္းရင္း အခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

1. ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစပါတယ္။

ေန႔စဥ္ အနီေရာင္ရွိတဲ့အသား ၂ ေအာင္စစားသံုးျခင္းက ဆီးခ်ိဳေရာဂါ အမ်ိဳးအစား- ၂ ျဖစ္ႏိုင္ေခ် ၃၂% ပိုမ်ားပါတယ္။ ကၽြမ္းက်င္သူေတြကေတာ့ ဒီလိုျဖစ္တာဟာ အသားထဲမွာပါတဲ့ ျပည့္ဝဆီေတြေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

2. မေကာင္းတဲ့ ကိုလက္စေရာေတြကို ေလွ်ာ့ခ်ေပးပါတယ္။

အနီေရာင္ရွိတဲ့အသားမွာ ကိုလက္စေရာပါဝင္မႈမ်ားျပီး ေလွ်ာ့စားျခင္းျဖင့္ ေသြးတြင္းကိုလက္စေရာဓာတ္ကို ပံုမွန္ျဖစ္ေစပါတယ္။ ဒီအသားထဲမွာပါဝင္တဲ့ ျပည့္ဝဆီနဲ႔ ကိုလက္စေရာဓာတ္ေတြက ေသြးလႊတ္ေၾကာထဲမွာ ေသြးခဲေတြကိုျဖစ္ေစျပီး အျခားက်န္းမာေရးျပသနာေတြရေစႏိုင္ပါတယ္။

3. ေသြးေပါင္ခ်ိန္ကို ပံုမွန္အတိုင္းျဖစ္ေအာင္ထိန္းေပးပါတယ္။

ေသြးခဲေတြျဖစ္ေပၚေစျခင္းျဖင့္ ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစပါတယ္။ ကာလၾကာရွည္စြာ ေသြးေပါင္ခ်ိန္တက္ ျခင္းေၾကာင့္ ေက်ာက္ကပ္၊ မ်က္လံုးစတဲ့ ကိုယ္အဂၤါေတြကို ပ်က္စီးေစပါတယ္။ ႏွလံုုးခုန္ရုတ္တရက္ရပ္ျခင္းကိုလည္း ျဖစ္ေစပါတယ္။

4. ေလျဖတ္ျခင္းျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစပါတယ္။

အထူးသျဖင့္ အဆီကပ္တဲ့အသားမွာပါဝင္တဲ့ ကိုလက္စေရာနဲ႔ ျပည့္ဝဆီေတြေၾကာင့္ ေလျဖတ္ႏိုင္ေခ်မ်ားပါတယ္။

5. နာတာရွည္ ႏွလံုးျပသနာမ်ားကို ေလ်ာ့က်ေစပါတယ္။

တစ္ေန႔ကို အနီေရာင္ရွိတဲ့အသား ၃ၾကိမ္စားသံုးသူေတြဟာ နာတာရွည္ႏွလံုးေရာဂါျဖစ္ပြားႏိုင္ေခ် ၂၉% ပိုမ်ားပါတယ္။ ဒါဟာ အသားထဲမွာပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္ carnitine ကေန အစာေခ်တဲ့အခ်ိန္မွာ အဆိပ္ဓာတ္တစ္မ်ိဳး ( trimethylamineoxide or TMAO ) ကိုထုတ္ေပးလုိ႔ျဖစ္ပါတယ္။

6. အဝလြန္ျခင္းကို ေလွ်ာ့ခ်ေပးပါတယ္။

ဒီအသားမွာပါဝင္တဲ့ ကိုလက္စေရာနဲ႔ ျပည့္ဝဆီေတြေၾကာင့္ အဝလြန္မႈကုိျဖစ္ေစပါတယ္။ ဒါေပမယ့္ ေလ့က်င့္ခန္းမလုပ္ဘဲ အနီေရာင္ရွိတဲ့အသားစားသံုးျခင္းကိုပဲေရွာင္ၾကဥ္ရံုနဲ႔ေတာ့ ကိုယ္အေလးခ်ိန္မက်ႏိုင္ပါဘူး။

7. ကင္ဆာျဖစ္ေစမႈကို ေလ်ာ့က်ေစပါတယ္။

အနီေရာင္ရွိတဲ့အသားကို အသင့္အတင့္စားသံုးသူေတြထက္ အမ်ားအျပားစားသံုးသူေတြမွာ ကင္ဆာပိုျဖစ္တတ္ပါတယ္။ အနီေရာင္ရွိတဲ့အသားကို ပံုမွန္စားသံုးတဲ့သူေတြဟာ အသည္းန႔ဲ အစာျပြန္ ကင္ဆာေတြနဲ႔ ဆက္စပ္ေနပါတယ္။

8. အယ္ဇိုင္းမားလို႔ေခၚတဲ့ မွတ္ဉာဏ္ခ်ိဳ႕ယြင္းလာတဲ့ေရာဂါ ျဖစ္ႏိုင္ေခ် ကို ေလ်ာ့က်ေစပါတယ္။

အနီေရာင္ရွိတဲ့အသား အလြန္အကၽြံစားသံုးျခင္းက အယ္ဇိုင္းမားေရာဂါျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ ဒီအသားထဲမွာပါဝင္တဲ့ သံဓာတ္ေတြက ဦးေႏွာက္ဆဲလ္ ေတြကိုပ်က္စီးမႈမ်ားေစလို႔ျဖစ္ပါတယ္။


Credit:Drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမဲသား - အနီရောင်ရှိတဲ့အသားဆိုတာနဲ့ အရင်ဆုံးသတိရတာကတော့ အမဲသားပါပဲ။ အနီရောင်ရှိတဲ့ အခြားအသားတွေလည်းအများကြီး ရှိကြပါတယ်။ ဥပမာ - သိုးသား၊ ကျွဲသား၊ ဝက်သား၊ သမင်သား၊ ပြောင်သား တို့ဖြစ်ကြပါတယ်။ မပျံသန်းနိုင်တဲ့ ငှက်အမျိုးအစားအချို့ဖြစ်တဲ့ emu (သြစတျေးလျငှက်တစ်မျိုး)၊ ငှက်ကုလားအုတ်စတဲ့ ငှက်ရဲ့အသားတွေကလည်း အနီရောင်ရှိကြပါတယ်။

အနီရောင်ရှိတဲ့အသားတွေစားသုံးခြင်းဟာ ကောင်းကျိုး၊ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ကောင်းကျိုးတွေ ကတော့ အသားဓာတ်နဲ့ သံဓာတ်တွေကြွယ်ဝပြီးတော့ ဆိုးကျိုးကတော့ ပြည့်ဝဆီနဲ့ ကိုလက်စရောတွေ အများကြီးပါဝင်ပါတယ်။ ဒီအပေါ်မူတည်ပြီး စားသုံးသူတွေက စားသင့် မစားသင့် ကိုချင့်ချိန်ကြရပါမယ်။

အနီရောင်ရှိတဲ့ အသားတွေကို လျှော့စားရင် ဘယ်လိုအကျိုးကျေးဇူးရှိနိုင်လဲဆိုတဲ့ အကြောင်းရင်း အချို့ကို ဖော်ပြလိုက်ပါတယ်။

1. ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

နေ့စဉ် အနီရောင်ရှိတဲ့အသား ၂ အောင်စစားသုံးခြင်းက ဆီးချိုရောဂါ အမျိုးအစား- ၂ ဖြစ်နိုင်ချေ ၃၂% ပိုများပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီလိုဖြစ်တာဟာ အသားထဲမှာပါတဲ့ ပြည့်ဝဆီတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

2. မကောင်းတဲ့ ကိုလက်စရောတွေကို လျှော့ချပေးပါတယ်။

အနီရောင်ရှိတဲ့အသားမှာ ကိုလက်စရောပါဝင်မှုများပြီး လျှော့စားခြင်းဖြင့် သွေးတွင်းကိုလက်စရောဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီအသားထဲမှာပါဝင်တဲ့ ပြည့်ဝဆီနဲ့ ကိုလက်စရောဓာတ်တွေက သွေးလွှတ်ကြောထဲမှာ သွေးခဲတွေကိုဖြစ်စေပြီး အခြားကျန်းမာရေးပြသနာတွေရစေနိုင်ပါတယ်။

3. သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းဖြစ်အောင်ထိန်းပေးပါတယ်။

သွေးခဲတွေဖြစ်ပေါ်စေခြင်းဖြင့် သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ကာလကြာရှည်စွာ သွေးပေါင်ချိန်တက် ခြင်းကြောင့် ကျောက်ကပ်၊ မျက်လုံးစတဲ့ ကိုယ်အင်္ဂါတွေကို ပျက်စီးစေပါတယ်။ နှလုံုးခုန်ရုတ်တရက်ရပ်ခြင်းကိုလည်း ဖြစ်စေပါတယ်။

4. လေဖြတ်ခြင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

အထူးသဖြင့် အဆီကပ်တဲ့အသားမှာပါဝင်တဲ့ ကိုလက်စရောနဲ့ ပြည့်ဝဆီတွေကြောင့် လေဖြတ်နိုင်ချေများပါတယ်။

5. နာတာရှည် နှလုံးပြသနာများကို လျော့ကျစေပါတယ်။

တစ်နေ့ကို အနီရောင်ရှိတဲ့အသား ၃ကြိမ်စားသုံးသူတွေဟာ နာတာရှည်နှလုံးရောဂါဖြစ်ပွားနိုင်ချေ ၂၉% ပိုများပါတယ်။ ဒါဟာ အသားထဲမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် carnitine ကနေ အစာချေတဲ့အချိန်မှာ အဆိပ်ဓာတ်တစ်မျိုး ( trimethylamineoxide or TMAO ) ကိုထုတ်ပေးလို့ဖြစ်ပါတယ်။

6. အဝလွန်ခြင်းကို လျှော့ချပေးပါတယ်။

ဒီအသားမှာပါဝင်တဲ့ ကိုလက်စရောနဲ့ ပြည့်ဝဆီတွေကြောင့် အဝလွန်မှုကိုဖြစ်စေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းမလုပ်ဘဲ အနီရောင်ရှိတဲ့အသားစားသုံးခြင်းကိုပဲရှောင်ကြဉ်ရုံနဲ့တော့ ကိုယ်အလေးချိန်မကျနိုင်ပါဘူး။

7. ကင်ဆာဖြစ်စေမှုကို လျော့ကျစေပါတယ်။

အနီရောင်ရှိတဲ့အသားကို အသင့်အတင့်စားသုံးသူတွေထက် အများအပြားစားသုံးသူတွေမှာ ကင်ဆာပိုဖြစ်တတ်ပါတယ်။ အနီရောင်ရှိတဲ့အသားကို ပုံမှန်စားသုံးတဲ့သူတွေဟာ အသည်းနဲ့ အစာပြွန် ကင်ဆာတွေနဲ့ ဆက်စပ်နေပါတယ်။

8. အယ်ဇိုင်းမားလို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းလာတဲ့ရောဂါ ဖြစ်နိုင်ချေ ကို လျော့ကျစေပါတယ်။

အနီရောင်ရှိတဲ့အသား အလွန်အကျွံစားသုံးခြင်းက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒီအသားထဲမှာပါဝင်တဲ့ သံဓာတ်တွေက ဦးနှောက်ဆဲလ် တွေကိုပျက်စီးမှုများစေလို့ဖြစ်ပါတယ်။


Credit:Drmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top