iMyanmarHouse.com - Best Property Website for Myanmar
×

ခုေတြ႔ ခုခ်စ္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ ျမဴတစ္မႈန္စာမွ် အျပစ္မျမင္ဘဲ သက္ဆံုးတုိင္ ခ်စ္ခင္ၾကင္နာသြားတယ္ဆုိတာ ဝတၳဳနဲ႔႐ုပ္႐ွင္ေတြမွာသာ ႐ွိပါလိမ့္မယ္။ အခ်စ္စစ္နဲ႔ ခ်စ္ၾကသူေတြတုိင္းမွာေတာ့ အဆင္မေျပမႈေတြၾကံဳရတတ္သလို သူ႔အဆင့္နဲ႔သူ တစ္ဆင့္ခ်င္း ျဖတ္သန္းၿပီးမွ ရာသက္ပန္ လက္တြဲသြားၾကရတာျဖစ္ပါတယ္။ နာမည္ေက်ာ္ စိတ္ေရာဂါပညာ႐ွင္ ဂ်က္ဒ္ဒိုင္းမြန္းက ခ်စ္သူတုိင္းျဖတ္သန္းရတဲ့ အခ်စ္အဆင့္ ၅ ဆင့္ကို ေျပာျပခဲ့ပါတယ္။ သင္တုိ႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးကေရာ ဘယ္္အဆင့္ထိေရာက္ေနၿပီလဲဆုိတာ ဖတ္ၾကည့္ပါဦး။

၁။ ခ်စ္သူေတြျဖစ္စအဆင့္

ဟန္းနီးမြန္းကာလလို႔ပဲ ဆုိၾကပါစို႔။ အရမ္းကို  စိတ္ကူးယဥ္ဆန္လြန္းၿပီး ေခါင္းထဲမွာ သူ႔အေၾကာင္းပဲေတြးေနမိသလို အျပစ္မျမင္ဘဲ အခ်စ္ဝင္ေနတဲ့ကာလပါ။ သူ႔အေပၚမွာလည္း အရမ္းကိုေမွ်ာ္လင့္ခ်က္ေတြထားမိေနတဲ့အခ်ိန္ေပါ့။ ဒီအဆင့္မွာေတာ့ နွစ္ေယာက္လံုး အရမ္းကိုေပ်ာ္႐ႊင္ေနၾကပါတယ္။

၂။ လိုက္ဖက္ညီၿပီး ပိုအဆင္ေျပတဲ့အဆင့္

တစ္ေယာက္နဲ႔တစ္ေယာက္ အေပးအယူမွ်လာမယ္။ နားလည္ေပးတတ္လာၿပီး အနာဂတ္ကိုအတူေလွ်ာက္ဖုိ႔ ေျခတစ္လွမ္းစတိုးမိသြားၾကပါတယ္္။ အေနာက္ႏိုင္ငံေတြမွာဆိုရင္ေတာ့ တစ္အိမ္တည္းအတူေနၾကတဲ့အဆင့္ေပါ့။

၃။ အမွန္ကိုအမွန္တိုင္း ျမင္တဲ့အဆင့္

ဒီအခ်ိန္မွာေတာ့ သူ႔ဆီမွာ႐ွိတဲ့ မေကာင္းတဲ့အခ်က္ေတြကို ျမင္လာသလို သူကလည္း ကိုယ့္္ကို သေဘာမက်စရာေတြ ေတြ႔လာၾကပါၿပီ။ တစ္ေယာက္ကိုတစ္ေယာက္ စိတ္ပ်က္စျပဳတဲ့အခ်ိန္ပါ။ မ်ားေသာအားျဖင့္ေတာ့ စံုတြဲေတြဟာ ဒီအဆင့္မွာတင္ အဆံုးသတ္သြားၾကပါတယ္။

၄။ ထာဝရၿမဲျမံတဲဲ့အခ်စ္ တည္ေဆာက္ျခင္း

တတိယအဆင့္ကို ေက်ာ္္ျဖတ္လာႏိုင္ၿပီဆုိရင္ေတာ့ ဒီစံုတြဲရဲ႕အခ်စ္ဟာ ထာဝရတည္ၿမဲတဲ႔အဆင့္ကို ေရာက္လာပါေတာ့တယ္။ တစ္ေယာက္မွာ႐ွိတဲ့ မေကာင္းတဲ့အခ်က္ေတြ၊ အားနည္းခ်က္ေတြကို တစ္ေယာက္က နားလည္လက္ခံေပးလိုက္ႏုိင္တဲ့အဆင့္ပါ။

၅။ အခ်စ္ရဲ႕စြမ္းအားအႀကီးမားဆံုးအဆင့္္

တစ္ဆင့္ၿပီးတစ္ဆင့္ ေက်ာ္ျဖတ္လာႏိုင္ၿပီးၿပီမုိ႔ ဒီအခ်စ္ဟာ ရာသက္ပန္ခိုင္္ၿမဲသြားပါၿပီ။ ခ်ိဳ႕ယြင္္းခ်က္ေတြ႐ွိေနသည့္တုိင္ေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ခ်စ္ႏိုင္ၾကၿပီဆုိမွေတာ့ ဒီအခ်က္ထက္ စြမ္းအားႀကီးမားတဲ့အရာ မ႐ွိေတာ့ပါဘူး။ ဒါတင္မက သူႀကိဳက္တဲ့အရာေတြကို ကိုယ္ကပါ လိုက္လုပ္မိလာတဲ့အေျခအေနကိုလည္း ေရာက္႐ွိလာပါတယ္။

Credit  : duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ခုတွေ့ ခုချစ်ပြီး တစ်ယောက်ကိုတစ်ယောက် မြူတစ်မှုန်စာမျှ အပြစ်မမြင်ဘဲ သက်ဆုံးတိုင် ချစ်ခင်ကြင်နာသွားတယ်ဆိုတာ ဝတ္ထုနဲ့ရုပ်ရှင်တွေမှာသာ ရှိပါလိမ့်မယ်။ အချစ်စစ်နဲ့ ချစ်ကြသူတွေတိုင်းမှာတော့ အဆင်မပြေမှုတွေကြုံရတတ်သလို သူ့အဆင့်နဲ့သူ တစ်ဆင့်ချင်း ဖြတ်သန်းပြီးမှ ရာသက်ပန် လက်တွဲသွားကြရတာဖြစ်ပါတယ်။ နာမည်ကျော် စိတ်ရောဂါပညာရှင် ဂျက်ဒ်ဒိုင်းမွန်းက ချစ်သူတိုင်းဖြတ်သန်းရတဲ့ အချစ်အဆင့် ၅ ဆင့်ကို ပြောပြခဲ့ပါတယ်။ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ ဖတ်ကြည့်ပါဦး။

၁။ ချစ်သူတွေဖြစ်စအဆင့်

ဟန်းနီးမွန်းကာလလို့ပဲ ဆိုကြပါစို့။ အရမ်းကို  စိတ်ကူးယဉ်ဆန်လွန်းပြီး ခေါင်းထဲမှာ သူ့အကြောင်းပဲတွေးနေမိသလို အပြစ်မမြင်ဘဲ အချစ်ဝင်နေတဲ့ကာလပါ။ သူ့အပေါ်မှာလည်း အရမ်းကိုမျှော်လင့်ချက်တွေထားမိနေတဲ့အချိန်ပေါ့။ ဒီအဆင့်မှာတော့ နှစ်ယောက်လုံး အရမ်းကိုပျော်ရွှင်နေကြပါတယ်။

၂။ လိုက်ဖက်ညီပြီး ပိုအဆင်ပြေတဲ့အဆင့်

တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှလာမယ်။ နားလည်ပေးတတ်လာပြီး အနာဂတ်ကိုအတူလျှောက်ဖို့ ခြေတစ်လှမ်းစတိုးမိသွားကြပါတယ်။ အနောက်နိုင်ငံတွေမှာဆိုရင်တော့ တစ်အိမ်တည်းအတူနေကြတဲ့အဆင့်ပေါ့။

၃။ အမှန်ကိုအမှန်တိုင်း မြင်တဲ့အဆင့်

ဒီအချိန်မှာတော့ သူ့ဆီမှာရှိတဲ့ မကောင်းတဲ့အချက်တွေကို မြင်လာသလို သူကလည်း ကိုယ့််ကို သဘောမကျစရာတွေ တွေ့လာကြပါပြီ။ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စပြုတဲ့အချိန်ပါ။ များသောအားဖြင့်တော့ စုံတွဲတွေဟာ ဒီအဆင့်မှာတင် အဆုံးသတ်သွားကြပါတယ်။

၄။ ထာဝရမြဲမြံတဲ့အချစ် တည်ဆောက်ခြင်း

တတိယအဆင့်ကို ကျော်ဖြတ်လာနိုင်ပြီဆိုရင်တော့ ဒီစုံတွဲရဲ့အချစ်ဟာ ထာဝရတည်မြဲတဲ့အဆင့်ကို ရောက်လာပါတော့တယ်။ တစ်ယောက်မှာရှိတဲ့ မကောင်းတဲ့အချက်တွေ၊ အားနည်းချက်တွေကို တစ်ယောက်က နားလည်လက်ခံပေးလိုက်နိုင်တဲ့အဆင့်ပါ။

၅။ အချစ်ရဲ့စွမ်းအားအကြီးမားဆုံးအဆင့််

တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်လာနိုင်ပြီးပြီမို့ ဒီအချစ်ဟာ ရာသက်ပန်ခိုင်မြဲသွားပါပြီ။ ချို့ယွင်းချက်တွေရှိနေသည့်တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ဆက်ချစ်နိုင်ကြပြီဆိုမှတော့ ဒီအချက်ထက် စွမ်းအားကြီးမားတဲ့အရာ မရှိတော့ပါဘူး။ ဒါတင်မက သူကြိုက်တဲ့အရာတွေကို ကိုယ်ကပါ လိုက်လုပ်မိလာတဲ့အခြေအနေကိုလည်း ရောက်ရှိလာပါတယ်။

Credit  : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top