iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ခံုးကို တက္တူးထိုးျခင္းဟာ မ်က္ခံုးပါးသူေတြနဲ႔ မ်က္ခံံုးမလွသူေတြအဖုိ႔ရာ တစ္ႀကိမ္တည္းနဲ႔ ၿပီးျပည့္စံံုမယ့္အလွကို ဖန္တီးေပးႏုိင္ပါတယ္။ ဒါေပမဲ့ သူမ်ားက မ်က္ခံုးတက္တူးထိုးလို႔ လွတိုင္းလည္း ကိုယ္ကလွဖုိ႔ဆုိတာေတာ့ မလြယ္ပါဘူး။ အဲဒီအတြက္ ဘာေတြႀကိဳတင္ျပင္ဆင္္သင့္သလဲ?

၁။ စိတ္ကိုႀကိဳျပင္ဆင္ထားပါ

ပထမဆံုးအႀကိမ္ တက္တူးထိုးရတာျဖစ္တဲ့အျပင္ မႀကိဳက္လို႔ ျပန္ဖ်က္ရတာမ်ိဳးလည္းမဟုတ္ေတာ့ စိတ္ကို ေသေသခ်ာခ်ာေလး ဆံုးျဖတ္ထားဖုိ႔လိုပါတယ္။ ဘယ္လိုပံုစံျဖစ္လာျဖစ္လာ လက္ခံႏိုင္ဖုိ႔လည္း ျပင္ထားပါ။

၂။ ႐ုပ္ပိုင္းဆိုင္ရာခံစားခ်က္

တက္တူးထိုးေနတုန္းမွာ အနည္းငယ္ နာက်င္ရပါတယ္။ ဒါေပမ့ဲ ဆုိးဆိုး႐ြား႐ြားႀကီးမဟုတ္ဘဲ ခံံႏိုင္ရည္႐ွိေလာက္တဲ့အေနအထားမို႔ ေၾကာက္လန္႔ၿပီး မ႐ုန္းမိပါေစနဲဲ႔။ တက္တူးထိုးၿပီးေနာက္မွာ နီရဲေရာင္ရမ္းတာနဲ႔ အနာျဖစ္ႏိုင္ပါတယ္။ ေနာက္ရက္မွာ တက္တူးေနရာေတြက အနာေတြလိုျဖစ္ၿပီး အနာေဖးေတြကြာမွ တက္တူးအစစ္အမွန္ ေပၚလာမွာပါ။

၃။ စိတ္ညစ္တာ မေစာပါနဲဲ႔

သဘာဝက်က်ေနလာရင္းကေန ပံုစံအတိအက် ေဖာ္ထားလိုက္ၿပီးၿပီျဖစ္တဲ့ မ်က္ခံုးေတြကို အစပိုင္းမွာ စိတ္ပ်က္မိတာမ်ိဳး ၾကံဳရပါလိမ့္မယ္။ ဆႏၵမေစာပါနဲ႔။ တစ္ပတ္ေလာက္ေနရင္ တက္တူးအေရာင္က မွန္သြားၿပီး သဘာဝက်က် လွေနေတာ့မွာပါ။

၄။ ေငြေၾကးပိုင္း

ကိုယ္္က ေကာင္းေကာင္းမြန္မြန္လိုခ်င္ရင္ တန္ရာတန္ေၾကးအလုိက္ ေကာင္းတဲဲ့ဆိုင္ကို ေသေသခ်ာခ်ာေ႐ြးပါ။ ေစ်းသက္သာတုိင္း ရလဒ္က ေကာင္းခ်င္မွေကာင္းမွာမို႔ ေသေသခ်ာခ်ာစံုစမ္းဖုိ႔လိုပါတယ္။ ၿပီးသြားရင္လည္း ႏွေမ်ာမေနပါနဲ႔။ မ်က္ခံုးဆြဲခဲတံမလိုအပ္္ေတာ့တာမို႔ အဲဲဒီအစား တစ္ႀကိမ္တည္းနဲ႔ အဆင္ေျပသြားတာကို ေ႐ြးလိုက္တာလို႔ေတြးပါ။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မျက်ခုံးကို တက်တူးထိုးခြင်းဟာ မျက်ခုံးပါးသူတွေနဲ့ မျက်ခံုံးမလှသူတွေအဖို့ရာ တစ်ကြိမ်တည်းနဲ့ ပြီးပြည့်စံုံမယ့်အလှကို ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ သူများက မျက်ခုံးတက်တူးထိုးလို့ လှတိုင်းလည်း ကိုယ်ကလှဖို့ဆိုတာတော့ မလွယ်ပါဘူး။ အဲဒီအတွက် ဘာတွေကြိုတင်ပြင်ဆင်သင့်သလဲ?

၁။ စိတ်ကိုကြိုပြင်ဆင်ထားပါ

ပထမဆုံးအကြိမ် တက်တူးထိုးရတာဖြစ်တဲ့အပြင် မကြိုက်လို့ ပြန်ဖျက်ရတာမျိုးလည်းမဟုတ်တော့ စိတ်ကို သေသေချာချာလေး ဆုံးဖြတ်ထားဖို့လိုပါတယ်။ ဘယ်လိုပုံစံဖြစ်လာဖြစ်လာ လက်ခံနိုင်ဖို့လည်း ပြင်ထားပါ။

၂။ ရုပ်ပိုင်းဆိုင်ရာခံစားချက်

တက်တူးထိုးနေတုန်းမှာ အနည်းငယ် နာကျင်ရပါတယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွားကြီးမဟုတ်ဘဲ ခံံနိုင်ရည်ရှိလောက်တဲ့အနေအထားမို့ ကြောက်လန့်ပြီး မရုန်းမိပါစေနဲ့။ တက်တူးထိုးပြီးနောက်မှာ နီရဲရောင်ရမ်းတာနဲ့ အနာဖြစ်နိုင်ပါတယ်။ နောက်ရက်မှာ တက်တူးနေရာတွေက အနာတွေလိုဖြစ်ပြီး အနာဖေးတွေကွာမှ တက်တူးအစစ်အမှန် ပေါ်လာမှာပါ။

၃။ စိတ်ညစ်တာ မစောပါနဲ့

သဘာဝကျကျနေလာရင်းကနေ ပုံစံအတိအကျ ဖော်ထားလိုက်ပြီးပြီဖြစ်တဲ့ မျက်ခုံးတွေကို အစပိုင်းမှာ စိတ်ပျက်မိတာမျိုး ကြုံရပါလိမ့်မယ်။ ဆန္ဒမစောပါနဲ့။ တစ်ပတ်လောက်နေရင် တက်တူးအရောင်က မှန်သွားပြီး သဘာဝကျကျ လှနေတော့မှာပါ။

၄။ ငွေကြေးပိုင်း

ကိုယ်က ကောင်းကောင်းမွန်မွန်လိုချင်ရင် တန်ရာတန်ကြေးအလိုက် ကောင်းတဲ့ဆိုင်ကို သေသေချာချာရွေးပါ။ ဈေးသက်သာတိုင်း ရလဒ်က ကောင်းချင်မှကောင်းမှာမို့ သေသေချာချာစုံစမ်းဖို့လိုပါတယ်။ ပြီးသွားရင်လည်း နှမျောမနေပါနဲ့။ မျက်ခုံးဆွဲခဲတံမလိုအပ်တော့တာမို့ အဲဒီအစား တစ်ကြိမ်တည်းနဲ့ အဆင်ပြေသွားတာကို ရွေးလိုက်တာလို့တွေးပါ။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top