iMyanmarHouse.com - Best Property Website for Myanmar
×







Credit :Trend Myanmar



Unicode Version

မိမိနှစ်သက်သဘောကျတဲ့ ဂျင်းဘောင်းဘီတွေ အချိန်ကြာလာနဲ့အမျှ ပိုပိုကျပ်လာတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ပထမတော့ အဝတ်ခြောက်ခံစက်မှ ဆွဲထုတ်ထုတ်ချင်းမှာ ကျပ်ရုံသာရှိပြီး နောက်တော့ တစ်ချိန်လုံး တင်းကျပ်သွားတာမျိုးပါ။

အဲဒီလိုမျိုးဖြစ်တဲ့အခါ ခြေထောက်တွေ ဆန့်ထုတ်ပြီး ထမင်းစား၊ ဆောင့်ကြောင့်ထိုင်ပြီး ခုန်ဆွခုန်ဆွလုပ် စသဖြင့် သင့်မှာလည်း ပုံမှန်လုပ်နေကျ ချောင်လာအောင် ဆွဲဆန့်နည်းတွေရှိပါတယ်။ ဒီနည်းက အတော်အတန် ချောင်ချိစေတတ်ပါတယ်။ ဒါပေမယ့် ဒါတွေထက် ပိုမိုမြန်ဆန်ထိရောက်တဲ့ နည်းလမ်းရော ရှိသေးပါသလား။

ဂျင်းဘောင်းဘီ လျော့ရိလျော့ရဲ ဖြစ်သွားစေတဲ့ နည်းလမ်း (၃) ရှိပါတယ်။

ဂျင်းဘောင်းဘီကို ရေနွေးနွေးလေး ဖျန်းပြီး ကြမ်းပြင်မှာ ခင်းလိုက်ပါ။ ခြေထောက်နဲ့ တစ်ဖက်တစ်ချက်စီနင်းပြီး ဂျင်းဘောင်းဘီကို ရေစိုနေတုန်း လက်နဲ့ ဆွဲဆန့်ပါ။ အမှန်တော့ ဒီနည်းက ခန္ဓာကိုယ်ပေါ် ဝတ်ဆင်လျက် လုပ်ရန် မဟုတ်ပါဘူး။ ဂျင်းဘောင်းဘီကို ဝတ်ဆင်နေတုန်းမှာထက် ကြမ်းပြင်ပေါ်ချခင်းလျက် ရေဖျန်းပြီး လုပ်တာ ပိုထိရောက်ပါတယ်။

နောက်နည်းလမ်းတစ်ခုက အဲဒီဂျင်းဘောင်းဘီဝတ်ပြီး ရေနွေးနွေးလေးထဲ ထိုင်တဲ့နည်း ဖြစ်ပါတယ်။

တတိယတစ်ခုက ကိုယ်ဘာသာခါးကြိုးဖြုတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဂျင်းဘောင်းဘီအသစ် သို့မဟုတ် အချုပ်အလုပ် သိပ်မကျွမ်းကျင်သူတွေအတွက်တော့ ဒီနောက်ဆုံးနည်းက ခက်ခဲနိုင်ပါတယ်။


Credit :Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top