iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ကို မိနစ္ ၂၀ စက္ဘီးနင္းတာက ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါအႏၱရာယ္ေတြ ထက္ဝက္နီးပါးေလွ်ာ့ခ်ေပးႏုိင္တယ္ဆိုတာ သင္သိပါသလား။ အိႏိၵယႏုိင္ငံ နယူးဒယ္လ္ဟီးျမိဳ႕ Sri Balaji Action Medical Institute က အၾကီးတန္း ႏွလုံးအထူးကုဆရာဝန္ Amar Singal က စက္ဘီးစီးျခင္းဟာ ႏွလံုးေရာဂါနဲ႔ဆက္ႏြယ္ေနတဲ့ အျခားေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္ဆိုတဲ့ ေလ့လာမႈတခ်ဳိ႕ကို အသားေပးေဖာ္ျပထားပါတယ္။

ပုံမွန္စက္ဘီးစီးျခင္းက ႏွလုံးေရာဂါအႏၱရာယ္ ၅၀ ရာခုိင္ႏႈန္းေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း Purdue တကၠသိုလ္က ျပဳလုပ္တဲ့ ေလ့လာမႈက သုံးသပ္ခဲ့ပါတယ္။ အလားတူ လူ ၅,၀၀၀ ေက်ာ္ကို ၁၄ ႏွစ္ေက်ာ္ၾကာ ေစာင့္ၾကည့္ေလ့လာတဲ့ခဲ့ Copenhagen Heart Study ေလ့လာမႈကလည္း စက္ဘီးစီးျခင္းနဲ႔ ႏွလုံးေသြးေၾကာ ယိုယြင္းျပီးျဖစ္တဲ့ေသဆုံးမႈ အႏၱရာယ္ေလွ်ာ့နည္းမႈၾကား အဓိကဆက္ႏြယ္မႈတစ္ခုကို ေလ့လာေတြ႔ရိွခဲ့ပါတယ္။

အိႏိၵယမွာလည္း ႏွလုံးေသြးေၾကာေရာဂါဟာ အဓိကေသဆုံးရျခင္းအေၾကာင္းအရင္းျဖစ္ပါတယ္။ စိတ္ဝင္စားစရာက ႏွလုံးေရာဂါေၾကာင့္ ေသဆုံးမႈ ၅၀ ရာခုိင္ႏႈန္းကို က်န္းမာေရးနဲ႔ညီညြတ္တဲ့ အေလ့အထနဲ႔ တစ္ကိုယ္ေရသန္႔ရွင္းေရး ဘဝေနထုိင္မႈ ျပဳစုပ်ဳိးေထာင္ျခင္းျဖင့္ ကာကြယ္ႏုိင္ပါတယ္။

ေဆးလိပ္ေသာက္ျခင္း၊ ကိုယ္ကာယလႈပ္ရွားမႈမရိွျခင္းတုိ႔က ႏွလုံးေရာဂါအတြက္ သိသာထင္ရွားတဲ့အခ်က္တစ္ခု ျဖစ္ပါတယ္။ တကယ္ေတာ့ ကုိယ္လက္လႈပ္ရွားမႈကင္းမဲ့တာဟာ အဝလြန္ျခင္း၊ ေသြးတုိးေရာဂါ၊ ႏွလုံးေရာဂါနဲ႔ ကင္ဆာေရာဂါစတဲ့ ဘဝေနထုိင္မႈေၾကာင့္ ျဖစ္တဲ့ အဓိကအေၾကာင္းအရင္းအမ်ားစုနဲ႔ ဆက္စပ္ပါတယ္။ ကိုယ္ကာယလႈပ္ရွားမႈမလုံေလာက္ျခင္းဟာ ကမာၻတစ္ဝွမ္းက ေသဆုံးမႈျဖစ္ေစတဲ့ အဓိက ၁၀ ခ်က္ထဲက တစ္ခုပါဝင္ေၾကာင္း WHO ရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။

ေဆးလိပ္ေသာက္ျခင္းကို စိုးရိမ္ဖြယ္က်န္းမာေရးအႏၱရာယ္တစ္ခု သတ္မွတ္ၾကေပမယ့္ ကိုယ္ကာယလႈပ္ရွားမႈမရိွျခင္းကိုေတာ့ အသက္ေဘးအႏၱရာယ္တစ္ခုအျဖစ္ သိပ္သေဘာမထားၾကပါဘူး။ ၁၈ႏွစ္ ကေန ၆၄ ႏွစ္ၾကားရိွ အရြယ္ေရာက္ျပီးသားလူေတြ အတန္အသင့္ ကုိယ္ကာယလႈပ္ရွားမႈ အနည္းဆုံး တစ္ပတ္ မိနစ္ ၁၅၀ အခ်ိန္ေပး ေဆာင္ရြက္သင့္ေၾကာင္း WHO က အၾကံျပဳထားပါတယ္။

ဒီသတ္မွတ္ခ်က္ျပည့္မီဖုိ႔အတြက္ တစ္ေန႔ မိနစ္ ၂၀ စက္ဘီးနင္းေပးရုံနဲ႔ လုံေေလာက္ပါတယ္။


Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်နေ့ကို မိနစ် ၂၀ စက်ဘီးနင်းတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါအန္တရာယ်တွေ ထက်ဝက်နီးပါးလျှော့ချပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ အိန္ဒိယနိုင်ငံ နယူးဒယ်လ်ဟီးမြို့ Sri Balaji Action Medical Institute က အကြီးတန်း နှလုံးအထူးကုဆရာဝန် Amar Singal က စက်ဘီးစီးခြင်းဟာ နှလုံးရောဂါနဲ့ဆက်နွယ်နေတဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ လေ့လာမှုတချို့ကို အသားပေးဖော်ပြထားပါတယ်။

ပုံမှန်စက်ဘီးစီးခြင်းက နှလုံးရောဂါအန္တရာယ် ၅၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း Purdue တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုက သုံးသပ်ခဲ့ပါတယ်။ အလားတူ လူ ၅,၀၀၀ ကျော်ကို ၁၄ နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာတဲ့ခဲ့ Copenhagen Heart Study လေ့လာမှုကလည်း စက်ဘီးစီးခြင်းနဲ့ နှလုံးသွေးကြော ယိုယွင်းပြီးဖြစ်တဲ့သေဆုံးမှု အန္တရာယ်လျှော့နည်းမှုကြား အဓိကဆက်နွယ်မှုတစ်ခုကို လေ့လာတွေ့ရှိခဲ့ပါတယ်။

အိန္ဒိယမှာလည်း နှလုံးသွေးကြောရောဂါဟာ အဓိကသေဆုံးရခြင်းအကြောင်းအရင်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာက နှလုံးရောဂါကြောင့် သေဆုံးမှု ၅၀ ရာခိုင်နှုန်းကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဘဝနေထိုင်မှု ပြုစုပျိုးထောင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း၊ ကိုယ်ကာယလှုပ်ရှားမှုမရှိခြင်းတို့က နှလုံးရောဂါအတွက် သိသာထင်ရှားတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားမှုကင်းမဲ့တာဟာ အဝလွန်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါစတဲ့ ဘဝနေထိုင်မှုကြောင့် ဖြစ်တဲ့ အဓိကအကြောင်းအရင်းအများစုနဲ့ ဆက်စပ်ပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုမလုံလောက်ခြင်းဟာ ကမ္ဘာတစ်ဝှမ်းက သေဆုံးမှုဖြစ်စေတဲ့ အဓိက ၁၀ ချက်ထဲက တစ်ခုပါဝင်ကြောင်း WHO ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဆေးလိပ်သောက်ခြင်းကို စိုးရိမ်ဖွယ်ကျန်းမာရေးအန္တရာယ်တစ်ခု သတ်မှတ်ကြပေမယ့် ကိုယ်ကာယလှုပ်ရှားမှုမရှိခြင်းကိုတော့ အသက်ဘေးအန္တရာယ်တစ်ခုအဖြစ် သိပ်သဘောမထားကြပါဘူး။ ၁၈နှစ် ကနေ ၆၄ နှစ်ကြားရှိ အရွယ်ရောက်ပြီးသားလူတွေ အတန်အသင့် ကိုယ်ကာယလှုပ်ရှားမှု အနည်းဆုံး တစ်ပတ် မိနစ် ၁၅၀ အချိန်ပေး ဆောင်ရွက်သင့်ကြောင်း WHO က အကြံပြုထားပါတယ်။

ဒီသတ်မှတ်ချက်ပြည့်မီဖို့အတွက် တစ်နေ့ မိနစ် ၂၀ စက်ဘီးနင်းပေးရုံနဲ့ လုံေလောက်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top