iMyanmarHouse.com - Best Property Website for Myanmar
×

၁။လက္ဖဝါးတို + လက္ေခ်ာင္းတို ကို
ပထဝီလက္လို႔ေခၚပါတယ္။

စိတ္ကူးယဥ္တာ ၊စဥ္းစားတာအားနည္းတဲ့သူမ်ိဳးပါပဲ။အရာရာတိုင္းကိုလက္ေတ႔ြ လုပ္ကိုင္တတ္သူမ်ား
ျဖစ္ပါတယ္။ လုပ္လိုက္တာကအရင္ စဥ္းစားတာကေနာက္မွဆိုတဲ့ သူမ်ိဳးေတြပါ။
အႏုစိပ္ အေသးစိပ္လုပ္ရတာမ်ိဳးကိုစိတ္မဝင္စားပါဘူး။ သူတစ္ပါးလုပ္တာစိတ္တိုင္းမက်ျခင္း၊ မိမိကိုယ္တိုင္လုပ္ရမွေက်နပ္ျခင္းေတြက
အ႐ြယ္လြန္သည္အထိ အလုပ္နဲ႔မျပတ္လုပ္ရတတ္ပါတယ္။ေနရာတကာစဥ္းစားမႈ အားနည္းျခင္း၊ ေတြးေခၚအေျမာ္အျမင္နည္းပါးျခင္းေတြက ဘဝမွာ အခက္အခဲမ်ားတာ အမွားမ်ားတာမ်ိဳးျဖစ္ေစပါလိမ့္မယ္။
ခ်င့္ခ်ိန္နိုင္၊ ဆင္ျခင္နိုင္ကာမွ ဘဝမွာ ေအာင္ျမင္ပါလိမ့္မယ္။

၂ ။လက္ဖဝါး႐ွည္ +လက္ေခ်ာင္းတို ကို
ေတေဇာလက္လို႔ေခၚပါတယ္။

စိတ္ျမန္လက္ျမန္တဲ့သူပါပဲ။ အၿမဲတမ္းသြက္လက္ ထက္ျမက္သူေတြပါ။
အလုပ္တစ္ခုကုိလုပ္တဲ့အခါ ေႏွးတာမႀကိဳက္
အလြန္ျမန္ဆန္ ခ်င္သူမ်ား ျဖစ္ပါတယ္။ထိုသူေတြေအာက္မွာ တာဝန္ထမ္းေဆာင္ရတဲ့ သူေတြကေတာ့မေခ်ာင္ပါဘူး။ သူတို႔ကိုယ္တိုင္လဲ အေခ်ာင္မခိုတတ္သလို ေအာက္လက္ငယ္သားကိုလဲ နားေနတာ ၊
ေႏွးေကြးစြာလုပ္ေနတာျမင္ရင္မႀကိဳက္တဲ့သူမ်ိဳးေတြပါ။ျဖစ္သင့္တာကိုမၾကည့္ ျဖစ္ခ်င္တာကိုဦးစားေပး
တတ္ေသာေၾကာင့္ တယူသန္သမားေတြလို႔ ေခၚလဲမမွားပါဘူး။ လဲရင္ျပန္ထမယ္၊ ဇြဲရွိမယ္ဆိုရင္
ေအာင္ျမင္မႈကိုလွမ္းကိုင္နိုင္ပါလိမ့္မယ္။

၃။လက္ဖဝါး႐ွည္ + လက္ေခ်ာင္း႐ွည္ကို
အာေပါလက္လို႔ေခၚပါတယ္။

စိတ္ကူးယဥ္တတ္သူေတြပါ။
မိသားစုအေပၚ သံေယာဇဥ္ႀကီးတတ္သူမ်ားလဲ ျဖစ္
ေနၾကျပန္တယ္။
အလုပ္တစ္ခု လုပ္တဲ့အခါ အေသးစိပ္ လုိက္ၿပီး
စဥ္းစား လုပ္တတ္သူ ျဖစ္ပါတယ္။ အႏုစိပ္အေသးစိပ္လုပ္ရမဲ့အလုပ္၊ လက္ဝင္တဲ့အလုပ္မ်ိဳးေတြကို စိတ္ရွည္စြာ လုပ္နိုင္သူပါ။ ေဒါသနည္းတယ္။ ဦးေႏွာက္ထက္ ႏွလံုးသားကို ဦးစားေပးတတ္သူပါ။
ေလထဲတိုက္အိမ္ေဆာက္ၿပီး လက္ေတြ႕ပိုင္းအားနည္းသာေၾကာင့္ တခါတရံ ႀကိ္ီးမား
တဲ့ အခက္အခဲနဲ႔ေတြ႕ရတတ္တယ္။
စိတ္ကူးေကာင္းေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ရင္ျဖင့္ ေအာင္ျမင္မႈကိုလွမ္းကိုင္နိုင္ပါလိမ့္မယ္။

၄ ။လက္ဖဝါးတို + လက္ေခ်ာင္း႐ွည္ က ဝါေယာ
လက္လို႔ေခၚပါတယ္။

စည္းကမ္းႀကီး ၊ရည္႐ြယ္ခ်က္ႀကီးၾကပါတယ္။ ရိုးရိုးက်င့္ ျမင့္ျမင့္ႀကံၾကသူေတြပါ။
အလုပ္တစ္ခုကုိ စနစ္တက် လုပ္တတ္ေသာ
ေၾကာင့္ အတတ္ပညာ႐ွင္ အသိပညာ႐ွင္မ်ား
အျဖစ္ ထင္ေပၚလာတတ္တယ္။ ဘယ္ေနရာေရာက္ေရာက္ ေခါင္းေဆာင္ရသူ၊ဦးေဆာင္ဦး႐ြက္ျပဳရသူ
ူျဖစ္လြယ္ပါတယ္။ သူတစ္ပါးစိတ္ကိုနားလည္
ေပးနိုင္ၾကပါတယ္။ အတၲဟိတထက္ ပရဟိတကို ဦးစားေပးတတ္ေသာေၾကာင့္မိသားစုတာဝန္လစ္ဟင္းရတတ္ပါတယ္။ ခ်မ္းသာမႈထက္ ဂုဏ္သိကၡာကိုအေလးေပးတဲ့သူပါ။

Credit : ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁။
လက်ဖဝါးတို + လက်ချောင်းတို ကို
ပထဝီလက်လို့ခေါ်ပါတယ်။

စိတ်ကူးယဉ်တာ ၊စဉ်းစားတာအားနည်းတဲ့သူမျိုးပါပဲ။အရာရာတိုင်းကိုလက်တေ့ွ လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်။ လုပ်လိုက်တာကအရင် စဉ်းစားတာကနောက်မှဆိုတဲ့ သူမျိုးတွေပါ။
အနုစိပ် အသေးစိပ်လုပ်ရတာမျိုးကိုစိတ်မဝင်စားပါဘူး။ သူတစ်ပါးလုပ်တာစိတ်တိုင်းမကျခြင်း၊ မိမိကိုယ်တိုင်လုပ်ရမှကျေနပ်ခြင်းတွေက
အရွယ်လွန်သည်အထိ အလုပ်နဲ့မပြတ်လုပ်ရတတ်ပါတယ်။နေရာတကာစဉ်းစားမှု အားနည်းခြင်း၊ တွေးခေါ်အမြော်အမြင်နည်းပါးခြင်းတွေက ဘဝမှာ အခက်အခဲများတာ အမှားများတာမျိုးဖြစ်စေပါလိမ့်မယ်။
ချင့်ချိန်နိုင်၊ ဆင်ခြင်နိုင်ကာမှ ဘဝမှာ အောင်မြင်ပါလိမ့်မယ်။

၂ ။
လက်ဖဝါးရှည် +လက်ချောင်းတို ကို
တေဇောလက်လို့ခေါ်ပါတယ်။

စိတ်မြန်လက်မြန်တဲ့သူပါပဲ။ အမြဲတမ်းသွက်လက် ထက်မြက်သူတွေပါ။
အလုပ်တစ်ခုကိုလုပ်တဲ့အခါ နှေးတာမကြိုက်
အလွန်မြန်ဆန် ချင်သူများ ဖြစ်ပါတယ်။ထိုသူတွေအောက်မှာ တာဝန်ထမ်းဆောင်ရတဲ့ သူတွေကတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်လဲ အချောင်မခိုတတ်သလို အောက်လက်ငယ်သားကိုလဲ နားနေတာ ၊
နှေးကွေးစွာလုပ်နေတာမြင်ရင်မကြိုက်တဲ့သူမျိုးတွေပါ။ဖြစ်သင့်တာကိုမကြည့် ဖြစ်ချင်တာကိုဦးစားပေး
တတ်သောကြောင့် တယူသန်သမားတွေလို့ ခေါ်လဲမမှားပါဘူး။ လဲရင်ပြန်ထမယ်၊ ဇွဲရှိမယ်ဆိုရင်
အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။

၃။
လက်ဖဝါးရှည် + လက်ချောင်းရှည်ကို
အာပေါလက်လို့ခေါ်ပါတယ်။

စိတ်ကူးယဉ်တတ်သူတွေပါ။
မိသားစုအပေါ် သံယောဇဉ်ကြီးတတ်သူများလဲ ဖြစ်
နေကြပြန်တယ်။
အလုပ်တစ်ခု လုပ်တဲ့အခါ အသေးစိပ် လိုက်ပြီး
စဉ်းစား လုပ်တတ်သူ ဖြစ်ပါတယ်။ အနုစိပ်အသေးစိပ်လုပ်ရမဲ့အလုပ်၊ လက်ဝင်တဲ့အလုပ်မျိုးတွေကို စိတ်ရှည်စွာ လုပ်နိုင်သူပါ။ ဒေါသနည်းတယ်။ ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးတတ်သူပါ။
လေထဲတိုက်အိမ်ဆောက်ပြီး လက်တွေ့ပိုင်းအားနည်းသာကြောင့် တခါတရံ ကြီးမား
တဲ့ အခက်အခဲနဲ့တွေ့ရတတ်တယ်။
စိတ်ကူးကောင်းတွေကို လက်တွေ့အကောင်အထည်ဖော်ရင်ဖြင့် အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။

၄ ။
လက်ဖဝါးတို + လက်ချောင်းရှည် က ဝါယော
လက်လို့ခေါ်ပါတယ်။

စည်းကမ်းကြီး ၊ရည်ရွယ်ချက်ကြီးကြပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူတွေပါ။
အလုပ်တစ်ခုကို စနစ်တကျ လုပ်တတ်သော
ကြောင့် အတတ်ပညာရှင် အသိပညာရှင်များ
အဖြစ် ထင်ပေါ်လာတတ်တယ်။ ဘယ်နေရာရောက်ရောက် ခေါင်းဆောင်ရသူ၊ဦးဆောင်ဦးရွက်ပြုရသူ
ူဖြစ်လွယ်ပါတယ်။ သူတစ်ပါးစိတ်ကိုနားလည်
ပေးနိုင်ကြပါတယ်။ အတ္တဟိတထက် ပရဟိတကို ဦးစားပေးတတ်သောကြောင့်မိသားစုတာဝန်လစ်ဟင်းရတတ်ပါတယ်။ ချမ်းသာမှုထက် ဂုဏ်သိက္ခာကိုအလေးပေးတဲ့သူပါ။

Credit : ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top