iMyanmarHouse.com - Best Property Website for Myanmar
×
Credit :thithtoolwin
#Unicode Version
သေချာတာတော့ သူတို့ကလှပတယ်။ ဒါပေမယ့် ဘရာစီယာ ဝတ်ခြင်းအပေါ်မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ အကျိုးသက်ရောက်မှုတွေ ရှိသလား?
ပညာရှင်တစ်ဦးကတော့ ဒါဟာ မှားယွင်းတဲ့လိုအပ်ချက် ပါတဲ့။
ရင်သားတွေပိုင်ဆိုင်ကြတဲ့ အမျိုးသမီးတွေ ဖြစ်တဲ့အလျှောက် ဘရာ တွေကို ဝတ်ဆင်ကြဘူး သူတွေချည်းပါပဲ။ သိရသလောက်တော့ ၁၉၁၄ ခုနှစ်ကနေ စပြီး ဝတ်ခဲ့ကြတာ ယနေ့ထိအောင်ပါပဲ။
အမျိူးသမီးတော်တော်များများမှာ သူတို့အတွင်းခံ ဘရာ တွေ နဲ့ပတ်သတ်ပြီး သဘောတွေ့တာ၊ မတွေ့တာတွေ ရှိကျပါတယ်။ အိမ်မှာနေချိန် ဝတ်မထားဘဲ မနေချင်တာတွေရှိပေမယ့် မဝတ်ထားတဲ့ အချိန်တွေကို သဘောကျတာမျိုးတွေပေါ့။ ဘရာ ဝတ်တာက ကျန်းမာရေးအရ ကောင်းကျိုးတွေရှိရဲ့လား။ ဒါမှမဟုတ် ဘဝတစ်လျှောက်လုံး ဝတ်ဆင်ရတာတွေက အကျိုးသက်ရောက်မှုရှိသလား။
အမျိုးသမီးတွေ ဘရာ မဝတ်သင့်တဲ့ အကြောင်းတွေ ရှိပါတယ်။
ပြင်သစ် သိပ္ပံပညာရှင် Jean-Denis Rouillon က အမျိုးသမီးတစ်ယောက်က သူ့ဘဝတစ်လျှောက်လုံး ဘရာဝတ်ဆင်ခြင်းကြောင့် ဘယ်လို အကျိုးသက်ရောက်ရှိတယ်ဆိုတာကို ၁၅နှစ်ကြာ လေ့လာခဲ့ပါတယ်။
အနှစ်ချုပ်ရလဒ်ကတော့ ဘရာဝတ်ဆင်တာက အသက်အရွယ်အရ ရင်သားလျော့တွဲလာတာကို မကာကွယ်နိုင်တဲ့အပြင် အသက်ငယ်တုန်းမှာ ဘရာ ဝတ်ဆင်တာက ရင်သားလျော့တွဲမှုတွေကို ပိုပြီးမြန်မြန် ဖြစ်ပွားစေတာပါပဲ။ အကြောင်းရင်းကတော့ ဘရာတွေက ရင်သားတွေကို ကျစ်လစ်စေတဲ့ ကြွက်သားတွေရဲ့ ပျက်စီးမှုကို ကာကွယ်ပေးတဲ့ တစ်ရှုးဆဲလ်ကြီးထွား မှုတွေကို ထိန်းချုပ်သလိုဖြစ်နေလို့ပါ။
တကယ်လို့ သင်သာ ဘရာမဝတ်ဆင်ရင် သင့် ရင်သားမှာရှိတဲ့ ကြွတ်သားတွေကို ပိုမိုသန်မာကြီးထွားစေနိုင်မှာပါ။
ဘယ်ရှုထောင့်က ကြည့်ကြည့်  ကမ္ဘာ့ဆွဲအားကြောင့် ရင်သားတွေအပေါ် အကျိုးသက်ရောက်မှု မရှိပေမယ့် ဘရာဝတ်ဆင်ခြင်းကြောင့်သာ လျော့တွဲမှု ဖြစ်ပေါ်နိုင်တာပါ။
ဘရာဝတ်ဆင်ခြင်းရဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။ အားကစားသမား တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ အားကစားဘရာတွေက သူရဲ့ အကောင်းဆုံးသူငယ်ချင်း ဖြစ်နေမှာပါ။ အပြင်းအထန်လှုပ်ရှားမှုတွေကြောင့် ဖြစ်လာမယ့် ရင်သားလှုပ်ရှားမှုကို ကောင်းကောင်းထိန်းပေးပြီး  နာကျင်မှုကို လျော့ချပေးပါတယ်။ အရေပြားတင်းရင်းမှုတွေနဲ့ အရွတ် တွေ အတွက် သက်တောင့်သက်သာရှိအောင် အထောက်အပံ့ပေးပါတယ်။
သိကြတဲ့အတိုင်း သင့်ရဲ့ရင်သားကို ဘရာ ကောင်းကောင်းလေး ဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိအောင်ပြုလုပ်နိုင်တယ်။ ရင်သားမြှင့်တင်ပေးတဲ့ ဘရာတွေက အပြင်ထွက်တဲ့အခါ သင့်ကို ပိုမို ကြွရွ လှပစေတဲ့ အမြင်မျိုးကို ပိုင်ဆိုင်စေနိုင်ပါတယ်။
ဘယ်လိုပဲဆိုဆို ဆေးပညာအရ ကြည့်မယ်ဆိုရင် ဘရာ ဝတ်ဆင်တာက သင့်ကျန်းမာရေးတွေ  ကောင်းကျိုးပေးတာ သိပ်မရှိပါဘူး။
Credit :thithtoolwin
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top