iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ၿခံ အမာရြတ္ေတြေၾကာင့္ စိတ္ညစ္ေနပါသလား။
မ်က္ႏွာေပၚက အမာရြတ္ေတြေၾကာင့္ အလွပ်က္မွာ စိုးရိမ္ေနသူေတြအတြက္ သဘာဝပစၥည္းေတြနဲ႔ အမာရြတ္ ေလ်ာ့ပါးေစမယ့္ နည္းေတြကို ေရးသားလိုက္ရပါတယ္။

 
ေရခဲကပ္ပါ
 
ဝက္ၿခံအဖုနဲ႔ အမာရြတ္ေတြ ေလ်ာ့ပါးေစဖို႔ ေရခဲကပ္ေပးပါ။  ေရခဲကပ္တာေၾကာင့္ ဝက္ၿခံဖု နီျမန္း ေရာင္ရမ္းမႈနဲ႔ အမာရြတ္ ထင္တာတို႔ကို သက္သာေစပါတယ္။ အေအးဒဏ္ကို မခံႏိုင္ရင္ ေရခဲတံုးကို သန္႔စင္တဲ့ ပိတ္စနဲ႔ ထုပ္ၿပီး ဝက္ၿခံ အမာရြတ္ေတြေပၚ ၁၅ မိနစ္ခန္႔ ပြတ္သပ္ လိမ္းေပးႏိုင္ပါတယ္။
 
အာလူး၊ သခြားသီးႏွင့္ ခရမ္းခ်ဥ္သီး လိမ္းပါ
 
အာလူး၊ သခြားသီး၊ ခရမ္းခ်ဥ္သီး တစ္မ်ဳိးမ်ဳိးကို ခပ္ပါးပါး လွီးၿပီး ဝက္ၿခံ အမာရြတ္ေပၚမွာ စက္ဝိုင္းပံုအတိုင္း ပြတ္သပ္ေပးပါ။ အဲဒီအသီးအရည္ေတြကို အေရျပားထဲ စိမ့္ဝင္တဲ့အထိ ၁၅ မိနစ္ခန္႔ ညင္ညင္သာသာ ပြတ္သပ္ေပးရင္ ဝက္ၿခံအမာရြတ္ေတြကို မွိန္ေဖ်ာ့သြားေစႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးမွာ ဗီတာမင္ေအ ပါဝင္တဲ့အတြက္ ထိခိုက္ေနတဲ့ အသားအေရကို အျမန္ဆံုး ျပန္လည္ျပဳျပင္ေပးႏိုင္ပါတယ္။
 
သံပရာရည္ လိမ္းပါ
 
ဝက္ၿခံအမာရြတ္ေတြက အေရာင္ရင့္တယ္ဆိုရင္ သံပရာရည္ထဲမွာ ဝါဂြမ္းစကို ႏွစ္ၿပီး ဝက္ၿခံ အမာရြတ္ေတြေပၚမွာ ပြတ္သပ္လိမ္းေပးပါ။ ၁၅ မိနစ္ၾကာမွာ ေရေအးနဲ႔ သန္႔စင္ရမွာ ျဖစ္ပါတယ္။
 
ေဆာ္ဒါမႈန္႔ျဖင့္ ေၾကးခၽြတ္ပါ
 
မ်က္ႏွာအေရျပားကို ေဆာ္ဒါမႈန္႔နဲ႔ ေၾကးခၽြတ္သန္႔စင္ေပးပါ။ ေဆာ္ဒါမႈန္႔ ထမင္းစားဇြန္း တစ္ဇြန္းနဲ႔ ေရ ထမင္းစားဇြန္း ႏွစ္ဇြန္းတို႔ကို သမေအာင္ ေရာေမႊၿပီး ဝက္ၿခံ အမာရြတ္ေတြေပၚ သုတ္လိမ္းကာ အခ်ိန္ ႏွစ္မိနစ္ခန္႔ ထားပါ။ ၿပီးမွ ၾကက္သီးေႏြးေရနဲ႔ ေဆးေၾကာသန္႔စင္ေပးရမွာ ျဖစ္ပါတယ္။
 
သံလြင္ဆီ လိမ္းပါ
 
သံလြင္ဆီက အသားအေရ၊ ဆံေကသာနဲ႔ တစ္ကိုယ္လံုး က်န္းမာေရးအတြက္ တကယ္ အသံုးဝင္ပါတယ္။ အစာထဲမွာ ထည့္သံုးရင္ အရသာ ရွိေစ႐ံုသာမက အသားအေရရဲ႕ လွပမႈကိုလည္း တိုးတက္ေစၿပီး အေရျပား ႏူးညံ့ေခ်ာေမြ႕ေစပါတယ္။ သံလြင္ဆီ ႏွစ္စက္-သံုးစက္ခန္႔ကို မ်က္ႏွာေပၚ သုတ္လိမ္းေပးရင္ ဝက္ၿခံ အမာရြတ္ကို ေလ်ာ့ပါးေစပါတယ္။
 
သခြားသီးျဖင့္ ေပါင္းတင္ပါ
 
သခြားသီးကို ႀကိတ္ေျခၿပီး ရလာတဲ့အႏွစ္ကို မ်က္ႏွာတစ္ျပင္လံုး ေပါင္းတင္သလို သုတ္လိမ္းေပးပါ။ အေရျပား ေရာင္ရမ္းမႈကို ေလ်ာ့က်ေစ႐ံုသာမက အသားအေရကို ျပန္လည္ လန္းဆန္းေစၿပီး ဝက္ၿခံ အမာရြတ္ေတြကို ေလ်ာ့ပါးေစပါတယ္။
 
ရွားေစာင္းလက္ပပ္ အႏွစ္သားကို လိမ္းပါ
 
ရွားေစာင္းလက္ပပ္ကို ဝက္ၿခံအမာရြတ္ ကုသရာမွာ အသံုးမ်ားပါတယ္။ ရွားေစာင္းလက္ပပ္ အႏွစ္သားဟာ ဝက္ၿခံအဖုကိုသာမက အမာရြတ္ကိုပါ ေလ်ာ့ပါးေစတဲ့ အနာက်က္ ဂုဏ္သတၱိ ရွိလို႔ပါ။ ရွားေစာင္းလက္ပပ္ အႏွစ္သားအရည္ကို ပံုမွန္လိမ္းေပးရင္ ဝက္ၿခံအမာရြတ္ တျဖည္းျဖည္း မွိန္ေဖ်ာ့လာပါလိမ့္မယ္။
Credit  : Good Health 
 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
#Unicode Version
 
ဝက်ခြံ အမာရွတ်တွေကြောင့် စိတ်ညစ်နေပါသလား။
မျက်နှာပေါ်က အမာရွတ်တွေကြောင့် အလှပျက်မှာ စိုးရိမ်နေသူတွေအတွက် သဘာဝပစ္စည်းတွေနဲ့ အမာရွတ် လျော့ပါးစေမယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

ရေခဲကပ်ပါ

ဝက်ခြံအဖုနဲ့ အမာရွတ်တွေ လျော့ပါးစေဖို့ ရေခဲကပ်ပေးပါ။  ရေခဲကပ်တာကြောင့် ဝက်ခြံဖု နီမြန်း ရောင်ရမ်းမှုနဲ့ အမာရွတ် ထင်တာတို့ကို သက်သာစေပါတယ်။ အအေးဒဏ်ကို မခံနိုင်ရင် ရေခဲတုံးကို သန့်စင်တဲ့ ပိတ်စနဲ့ ထုပ်ပြီး ဝက်ခြံ အမာရွတ်တွေပေါ် ၁၅ မိနစ်ခန့် ပွတ်သပ် လိမ်းပေးနိုင်ပါတယ်။

အာလူး၊ သခွားသီးနှင့် ခရမ်းချဉ်သီး လိမ်းပါ

အာလူး၊ သခွားသီး၊ ခရမ်းချဉ်သီး တစ်မျိုးမျိုးကို ခပ်ပါးပါး လှီးပြီး ဝက်ခြံ အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ပေးပါ။ အဲဒီအသီးအရည်တွေကို အရေပြားထဲ စိမ့်ဝင်တဲ့အထိ ၁၅ မိနစ်ခန့် ညင်ညင်သာသာ ပွတ်သပ်ပေးရင် ဝက်ခြံအမာရွတ်တွေကို မှိန်ဖျော့သွားစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ အသားအရေကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

သံပရာရည် လိမ်းပါ

ဝက်ခြံအမာရွတ်တွေက အရောင်ရင့်တယ်ဆိုရင် သံပရာရည်ထဲမှာ ဝါဂွမ်းစကို နှစ်ပြီး ဝက်ခြံ အမာရွတ်တွေပေါ်မှာ ပွတ်သပ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာမှာ ရေအေးနဲ့ သန့်စင်ရမှာ ဖြစ်ပါတယ်။

ဆော်ဒါမှုန့်ဖြင့် ကြေးချွတ်ပါ

မျက်နှာအရေပြားကို ဆော်ဒါမှုန့်နဲ့ ကြေးချွတ်သန့်စင်ပေးပါ။ ဆော်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရေ ထမင်းစားဇွန်း နှစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဝက်ခြံ အမာရွတ်တွေပေါ် သုတ်လိမ်းကာ အချိန် နှစ်မိနစ်ခန့် ထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

သံလွင်ဆီ လိမ်းပါ

သံလွင်ဆီက အသားအရေ၊ ဆံကေသာနဲ့ တစ်ကိုယ်လုံး ကျန်းမာရေးအတွက် တကယ် အသုံးဝင်ပါတယ်။ အစာထဲမှာ ထည့်သုံးရင် အရသာ ရှိစေရုံသာမက အသားအရေရဲ့ လှပမှုကိုလည်း တိုးတက်စေပြီး အရေပြား နူးညံ့ချောမွေ့စေပါတယ်။ သံလွင်ဆီ နှစ်စက်-သုံးစက်ခန့်ကို မျက်နှာပေါ် သုတ်လိမ်းပေးရင် ဝက်ခြံ အမာရွတ်ကို လျော့ပါးစေပါတယ်။

သခွားသီးဖြင့် ပေါင်းတင်ပါ

သခွားသီးကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို မျက်နှာတစ်ပြင်လုံး ပေါင်းတင်သလို သုတ်လိမ်းပေးပါ။ အရေပြား ရောင်ရမ်းမှုကို လျော့ကျစေရုံသာမက အသားအရေကို ပြန်လည် လန်းဆန်းစေပြီး ဝက်ခြံ အမာရွတ်တွေကို လျော့ပါးစေပါတယ်။

ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ

ရှားစောင်းလက်ပပ်ကို ဝက်ခြံအမာရွတ် ကုသရာမှာ အသုံးများပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားဟာ ဝက်ခြံအဖုကိုသာမက အမာရွတ်ကိုပါ လျော့ပါးစေတဲ့ အနာကျက် ဂုဏ်သတ္တိ ရှိလို့ပါ။ ရှားစောင်းလက်ပပ် အနှစ်သားအရည်ကို ပုံမှန်လိမ်းပေးရင် ဝက်ခြံအမာရွတ် တဖြည်းဖြည်း မှိန်ဖျော့လာပါလိမ့်မယ်။

Credit  : Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top