iMyanmarHouse.com - Best Property Website for Myanmar
×

ေျဖာင့္စင္းေနတဲ့ ဆံပင္ရဖုိ႕ဆိုရင္ ဓာတုေဆး၀ါးေတြ၊ hair dryer နဲ႕ ေျဖာင့္စက္အကူအညီေတြ အျမဲပါ၀င္ရပါတယ္။ ဒါဟာ ဆံပင္သားေတြ ပ်က္စီးဖုိ႕ လမ္းစတစ္ခုပါပဲ။  အမ်ိဳးသမီးအမ်ားစုဟာ သူတုိ႕ဆံပင္ကို ေျဖာင့္ေျဖာင့္စင္းစင္းေလး လုိခ်င္ၾကေပမယ့္ ေျဖာင့္စက္မသံုးပဲ၊ အပူေခ်ာင္းေတြ မသံုးပဲ တျခားနည္းလမ္းေတြနဲ႕ စမ္းသပ္ဖုိ႕ေတာ့ သိပ္မေတြးမိတတ္ၾကပါဘူး။ ဒါ့ေၾကာင့္ ေျဖာင့္စက္မပါပဲ ဆံပင္ေျဖာင့္သြားေအာင္ ဘယ္လုိလုပ္ေဆာင္ႏိုင္သလဲဆုိတဲ့ DIY နည္းေလး ေျပာျပေပးခ်င္ပါတယ္။

၁။ ရွန္ပူေတြ၊ ဆံပင္ေပ်ာ့ေဆးေတြနဲ႕ ပထမဆံုး စတင္လိုက္ပါ။
အေရးအၾကီးအခ်က္ကေတာ့ ေခါင္းေလ်ွာ္တဲ့အခါ ဆံပင္ေပ်ာ့ေဆး ေသခ်ာထည့္သံုးေပးဖုိ႕ပါပဲ။ ဒီႏွစ္ခုေပါင္းသံုးေပးျခင္း အားျဖင့္ ဆံပင္က သာမာန္ထက္ ပိုေပ်ာ့သြားေစသလို ပိုလညး္ ေျဖာင့္ေစပါတယ္။ ပိုျပီး ေခ်ာမြတ္သြားေစခ်င္ရင္ေတာ့ smoothing cream လည္း သံုးႏိုင္ပါတယ္။ ဒါ့အျပင္ သင့္အိမ္မွာ smoothing serum ဒါမွမဟုတ္ အဆီတစ္ခုခု ရွိရင္လည္း ထည့္သံုးျပီး ဆံပင္သားေပ်ာ့ေပ်ာင္းသြားေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။

၂။ ေရေတြကို စုပ္ယူႏိုင္တဲ့ တဘက္ကို သံုးေပးပါ။
ခုေျပာျပေနတဲ့ အေၾကာင္းအရာက အပူနဲ႕ပတ္သက္တဲ့ပစၥည္းေတြကို တတ္ႏိုင္သမ်ွေရွာင္ျပီး လုပ္ေဆာင္ရမွာျဖစ္တာေၾကာင့္ ျဖစ္ႏိုင္မယ္ဆုိရင္ Hair Dryer မသံုးပဲ ဆံပင္ကို ေျခာက္ေသြ႕ေအာင္ လုပ္ေဆာင္ရမွာပါ။ ေရစုပ္အားေကာင္းတဲ့ တဘက္ေကာင္းေကာင္းေလးတစ္ထည္နဲ႕ ဆံပင္ေတြ ကို ေျခာက္ေသြ႕သြားေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဆံပင္ကို နည္းနည္း သုတ္ျပီးတာနဲ႕ ေခါင္းမွာ တဘက္နဲ႕ေပါင္းထားလိုက္ရံုပါပဲ။

၃။ ဆံပင္ေတြ ေျခာက္တဲ့အထိ ေခါင္းျဖီးေပးပါ။
ဆံပင္ မေျခာက္တစ္ေျခာက္မွာ အေပၚဘက္ကေန ေအာက္ဘက္ကို ဆံပင္ျဖီးခ်ေပးျပီး လက္နဲ႕ ဆံပင္ကို သပ္ေပးဖုိ႕ လိုပါတယ္။ အရမ္းကို လႈိင္းတြန္႕မ်ားတဲ့ ဆံပင္ဆိုရင္ေတာ့ အဆီတစ္ခုခု သံုးျပီး ေခါင္းကို ျဖီးႏိုင္ပါတယ္။ ဆံပင္ျဖီးတဲ့အခါ မေျခာက္ခင္ျဖီးႏိုင္တဲ့ Wet Brush ဆုိျပီး ထုတ္ထားတာ ရွိပါတယ္။ တစ္ခ်က္ေမး၀ယ္လိုက္ပါ။

၄။ ဆံပင္ေတြကိုခ်ထားျပီး Dryer ကို ေလေအးေပးျပီး မႈတ္ႏုိင္ပါတယ္။
ဆံပင္ေတြကို brush နဲ႕ျဖီးခ်ျပီးသြားျပီ ဆုိရင္ေတာ့ လံုး၀ေျခာက္သြားေအာင္ Dryer ကိုေလေအးေလာက္သာ ေပးျပီး မႈတ္ႏိုင္ပါတယ္။ ဆံပင္အားလံုးကို အပိုင္းပိုင္း ခြဲျပီး တစ္ပုိင္းခ်င္းစီကို ေလေအးနဲ႕ ေသခ်ာမႈတ္ပါ။ တစ္ခ်ိဳ႕ေတြဆို အဲ့ဒီလို ေလေအးနဲ႕ မႈတ္ျပီး ဒီအတုိင္းထား အိပ္လိုက္တဲ့အခါ မနက္က်ရင္ ဆံပင္ေတြ ေျဖာင့္ျပီး ေပ်ာ့စင္းေနတာကို ေတြ႕ရတယ္လို႕ ဆုိထားပါတယ္။

၅။ဆူးလိပ္ jumbo roller ေတြ သံုးျပီး ဆံပင္ပိုလွသြားေအာင္ ပံုသင္းႏိုင္ပါတယ္။
ဆံပင္ရွည္တဲ့သူေတြဆုိရင္ jumbo roller ေျခာက္ခုေလာက္သံုး၊ ဆံပင္ကို အပုိင္းပိုင္းေလးေတြ သံုးျပီး ဆံပင္ပံုက်ေအာင္ ျပင္ဆင္ႏိုင္ပါတယ္။

၆။ အလွကုန္ေတြကို မွန္ကန္စြာ ေရြးခ်ယ္အသံုးျပဳပါ။
ဆံပင္သားကို ေပ်ာ့ေပ်ာင္းျပီး လွပခ်င္တယ္ဆုိရင္ အဲ့ဒီအတြက္ သံုးရမယ့္ အလွကုန္ေတြကို ေရြးခ်ယ္၀ယ္ယူဖုိ႕ လိုပါတယ္။ ကိုယ္သံုးေနတဲ့ အလွကုန္က ကုိယ့္ဆံပင္အတြက္ အဆင္ေျပရဲ႕လားဆုိတာ ဆန္းစစ္ၾကည့္ပါ။ ဆံပင္သား ေပ်ာ့ေပ်ာင္းဖုိ႕ ေျဖာင့္စင္းဖုိ႕ဆုိ ဘယ္လို serum ေတြသံုးရမလဲဆိုတာသိေအာင္ လုပ္ရပါမယ္။

၇။ Dryer ကိုေလေအးေပးျပီး Brush သံုးကာ ဆံပင္ေျဖာင့္ေအာင္ လုပ္ေဆာင္ပါ။
ဘာထုတ္ကုန္မွ မသံုးပဲ ေျဖာင့္ခ်င္တယ္ဆုိရင္ေတာ့ Dryer ကို ေလေအးထြက္ေအာင္ ခ်ိန္ဆျပီး Brush သံုးကာ ဆံပင္သားေျဖာင့္ေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ လက္ေခ်ာင္းေလးေတြသံုးျပီးေတာ့လညး္ ဆံပင္ေတြကို ရွင္းထုတ္ႏိုင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဖြောင့်စင်းနေတဲ့ ဆံပင်ရဖို့ဆိုရင် ဓာတုဆေးဝါးတွေ၊ hair dryer နဲ့ ဖြောင့်စက်အကူအညီတွေ အမြဲပါဝင်ရပါတယ်။ ဒါဟာ ဆံပင်သားတွေ ပျက်စီးဖို့ လမ်းစတစ်ခုပါပဲ။  အမျိုးသမီးအများစုဟာ သူတို့ဆံပင်ကို ဖြောင့်ဖြောင့်စင်းစင်းလေး လိုချင်ကြပေမယ့် ဖြောင့်စက်မသုံးပဲ၊ အပူချောင်းတွေ မသုံးပဲ တခြားနည်းလမ်းတွေနဲ့ စမ်းသပ်ဖို့တော့ သိပ်မတွေးမိတတ်ကြပါဘူး။ ဒါ့ကြောင့် ဖြောင့်စက်မပါပဲ ဆံပင်ဖြောင့်သွားအောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲဆိုတဲ့ DIY နည်းလေး ပြောပြပေးချင်ပါတယ်။

၁။ ရှန်ပူတွေ၊ ဆံပင်ပျော့ဆေးတွေနဲ့ ပထမဆုံး စတင်လိုက်ပါ။
အရေးအကြီးအချက်ကတော့ ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး သေချာထည့်သုံးပေးဖို့ပါပဲ။ ဒီနှစ်ခုပေါင်းသုံးပေးခြင်း အားဖြင့် ဆံပင်က သာမာန်ထက် ပိုပျော့သွားစေသလို ပိုလည်း ဖြောင့်စေပါတယ်။ ပိုပြီး ချောမွတ်သွားစေချင်ရင်တော့ smoothing cream လည်း သုံးနိုင်ပါတယ်။ ဒါ့အပြင် သင့်အိမ်မှာ smoothing serum ဒါမှမဟုတ် အဆီတစ်ခုခု ရှိရင်လည်း ထည့်သုံးပြီး ဆံပင်သားပျော့ပျောင်းသွားအောင် လုပ်ဆောင်နိုင်ပါတယ်။

၂။ ရေတွေကို စုပ်ယူနိုင်တဲ့ တဘက်ကို သုံးပေးပါ။
ခုပြောပြနေတဲ့ အကြောင်းအရာက အပူနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပြီး လုပ်ဆောင်ရမှာဖြစ်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် Hair Dryer မသုံးပဲ ဆံပင်ကို ခြောက်သွေ့အောင် လုပ်ဆောင်ရမှာပါ။ ရေစုပ်အားကောင်းတဲ့ တဘက်ကောင်းကောင်းလေးတစ်ထည်နဲ့ ဆံပင်တွေ ကို ခြောက်သွေ့သွားအောင် လုပ်ဆောင်နိုင်ပါတယ်။ ဆံပင်ကို နည်းနည်း သုတ်ပြီးတာနဲ့ ခေါင်းမှာ တဘက်နဲ့ပေါင်းထားလိုက်ရုံပါပဲ။

၃။ ဆံပင်တွေ ခြောက်တဲ့အထိ ခေါင်းဖြီးပေးပါ။
ဆံပင် မခြောက်တစ်ခြောက်မှာ အပေါ်ဘက်ကနေ အောက်ဘက်ကို ဆံပင်ဖြီးချပေးပြီး လက်နဲ့ ဆံပင်ကို သပ်ပေးဖို့ လိုပါတယ်။ အရမ်းကို လှိုင်းတွန့်များတဲ့ ဆံပင်ဆိုရင်တော့ အဆီတစ်ခုခု သုံးပြီး ခေါင်းကို ဖြီးနိုင်ပါတယ်။ ဆံပင်ဖြီးတဲ့အခါ မခြောက်ခင်ဖြီးနိုင်တဲ့ Wet Brush ဆိုပြီး ထုတ်ထားတာ ရှိပါတယ်။ တစ်ချက်မေးဝယ်လိုက်ပါ။

၄။ ဆံပင်တွေကိုချထားပြီး Dryer ကို လေအေးပေးပြီး မှုတ်နိုင်ပါတယ်။
ဆံပင်တွေကို brush နဲ့ဖြီးချပြီးသွားပြီ ဆိုရင်တော့ လုံးဝခြောက်သွားအောင် Dryer ကိုလေအေးလောက်သာ ပေးပြီး မှုတ်နိုင်ပါတယ်။ ဆံပင်အားလုံးကို အပိုင်းပိုင်း ခွဲပြီး တစ်ပိုင်းချင်းစီကို လေအေးနဲ့ သေချာမှုတ်ပါ။ တစ်ချို့တွေဆို အဲ့ဒီလို လေအေးနဲ့ မှုတ်ပြီး ဒီအတိုင်းထား အိပ်လိုက်တဲ့အခါ မနက်ကျရင် ဆံပင်တွေ ဖြောင့်ပြီး ပျော့စင်းနေတာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။

၅။ဆူးလိပ် jumbo roller တွေ သုံးပြီး ဆံပင်ပိုလှသွားအောင် ပုံသင်းနိုင်ပါတယ်။
ဆံပင်ရှည်တဲ့သူတွေဆိုရင် jumbo roller ခြောက်ခုလောက်သုံး၊ ဆံပင်ကို အပိုင်းပိုင်းလေးတွေ သုံးပြီး ဆံပင်ပုံကျအောင် ပြင်ဆင်နိုင်ပါတယ်။

၆။ အလှကုန်တွေကို မှန်ကန်စွာ ရွေးချယ်အသုံးပြုပါ။
ဆံပင်သားကို ပျော့ပျောင်းပြီး လှပချင်တယ်ဆိုရင် အဲ့ဒီအတွက် သုံးရမယ့် အလှကုန်တွေကို ရွေးချယ်ဝယ်ယူဖို့ လိုပါတယ်။ ကိုယ်သုံးနေတဲ့ အလှကုန်က ကိုယ့်ဆံပင်အတွက် အဆင်ပြေရဲ့လားဆိုတာ ဆန်းစစ်ကြည့်ပါ။ ဆံပင်သား ပျော့ပျောင်းဖို့ ဖြောင့်စင်းဖို့ဆို ဘယ်လို serum တွေသုံးရမလဲဆိုတာသိအောင် လုပ်ရပါမယ်။

၇။ Dryer ကိုလေအေးပေးပြီး Brush သုံးကာ ဆံပင်ဖြောင့်အောင် လုပ်ဆောင်ပါ။
ဘာထုတ်ကုန်မှ မသုံးပဲ ဖြောင့်ချင်တယ်ဆိုရင်တော့ Dryer ကို လေအေးထွက်အောင် ချိန်ဆပြီး Brush သုံးကာ ဆံပင်သားဖြောင့်အောင် လုပ်ဆောင်နိုင်ပါတယ်။ လက်ချောင်းလေးတွေသုံးပြီးတော့လည်း ဆံပင်တွေကို ရှင်းထုတ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top