iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သူမရဲ႕မိသားစုနဲ႔ အတူေနႏိုင္ပါ့မလား

လက္ထပ္တယ္ဆုိတာ လူႏွစ္ေယာက္တည္း ေပါင္းသင္း႐ံုသာမကပါဘူး။ ႏွစ္ဖက္မိသားစုကလည္း ေပါင္းစည္းရမွာပါ။ ဇနီးရဲ႕ မိခင္၊ ဖခင္က ကိုယ့္အေပၚျခယ္လွယ္ခ်ဳပ္ကိုင္လာမွာကိုေတာ့ အမ်ိဳးသားတစ္ဦးအေနနဲ႔ စိုးရိမ္မိပါတယ္။

၂။ လက္ထပ္လိုက္ရင္ေရာ အဆင္ေျပပါ့မလား

ခ်စ္သူဘဝနဲ႔ ေနလာတာကမွအေကာင္း။ လက္ထပ္ၿပီးေတာ့မွ အဆင္မေျပျဖစ္ၿပီး ကြဲကြာရမွာကိုလည္း မလိုလားပါဘူး။

၃။ သူတစ္ေယာက္တည္းကိုပဲ တစ္သက္လံုးေပါင္းသင္းရေတာ့မွာလား

ေယာက်္ားတစ္ဦးအေနနဲ႔ ခ်စ္ေရးခ်စ္ရာလိင္မႈကိစၥမွာ မိန္းကေလးတစ္ေယာက္တည္းကိုပဲ တစ္သက္လံုး ဆက္ဆံသြားဖုိ႔ဆုိတာလည္း ခက္ပါတယ္။ ႐ိုးအီသြားတဲ့အခါက်ရင္ သံေယာဇဥ္နဲ႔ သစၥာတရားကိုငဲ့ၿပီး ေနာက္လူျမႇဴဆြယ္တဲ့ေနာက္ ေကာက္ေကာက္ပါေအာင္လိုက္မိသြားတတ္ၾကလို႔ပါ။ ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ကို လက္ထပ္တယ္ဆုိတာ အခ်စ္အျပင္ သံေယာဇဥ္နဲ႔ ေမတၱာတရားေတြ ႐ွိမရွိ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးရပါတယ္။

၄။ သူမက လက္မထပ္ခ်င္ဘူးဆုိရင္ေရာ

ကိုယ့္ဘက္က တကယ္ေသခ်ာလို႔ အတူတူေနခ်င္ပါၿပီဆုိမွ သူမက ျငင္းပယ္လိုက္မွာကိုလည္း စိုးရိမ္မိပါတယ္။ သူမကသာ ျငင္းလိုက္မယ္ဆုိ ကိုယ့္ကို တကယ္မခ်စ္လို႔လား ဒါမွမဟုတ္ အခ်ိန္လိုေသးတာလားဆုိတာေတြလည္း ေခါင္းထဲမွာ ႀကိဳၿပီးေတြးေတာေနမိပါတယ္။

၅။ တကယ္ေသခ်ာရဲ႕လား

သူမကို တကယ္ပဲ လက္ထပ္ခ်င္ရဲ႕လားလို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးၾကပါတယ္။ သူစိမ္းႏွစ္ေယာက္ တစ္အိမ္တည္းမွာ ရာသက္ပန္ေနသြားၾကဖုိ႔ဆုိတာ တကယ္တမ္းေတာ့ ခက္ခဲပါတယ္။ ဒါေၾကာင့္လည္း ကိုယ္က သူ႔ကိုတကယ္ခ်စ္၊ တကယ္လက္ထပ္ခ်င္ၿပီလားလို႔လည္း ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းထုတ္မိတာ အခါခါပါပဲ။

၆။ ဖခင္ေကာင္းတစ္ဦး ျဖစ္ႏိုင္ပါ့မလား

ကိုယ္က အိမ္မွာ တာဝန္ႀကီးႀကီးမားမားယူခဲ့သူမဟုတ္ဘူးဆုိရင္ေတာ့ ဖခင္ဘဝခံယူဖုိ႔ ဝန္ေလးတတ္ၾကပါတယ္။ မိဘကို မွီခိုလြန္းတဲ့ေယာက္်ားေတြက အိမ္ေထာင္က်ၿပီးရင္ ကေလးကိုျပဳစုပ်ိဳးေထာင္ဖုိ႔အတြက္ မိမိကိုယ္ကိုယံုၾကည္မႈ အားနည္းၾကပါတယ္။

၇။ အဆင္သင့္ျဖစ္ရဲ႕လား

သူမနဲ႔ တစ္အိမ္တည္းအတူေနၿပီး ေကာင္းသမွ် ဆိုးသမွ် ေဝမွ်ခံစားဖုိ႔၊ အိမ္ေထာင့္တာဝန္ထမ္းေဆာင္ဖုိ႔ စတဲ့အရာေတြက အမ်ားႀကီးပါပဲ။ ဒါေၾကာင့္ ကိုယ့္ဘက္က တာဝန္ဝတၱရားေတြကို ေက်ပြန္ႏိုင္ပါ့မလားဆုိတာလည္း စဥ္းစားရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : Duwun


#Unicode Version
၁။ သူမရဲ့မိသားစုနဲ့ အတူနေနိုင်ပါ့မလား

လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်တည်း ပေါင်းသင်းရုံသာမကပါဘူး။ နှစ်ဖက်မိသားစုကလည်း ပေါင်းစည်းရမှာပါ။ ဇနီးရဲ့ မိခင်၊ ဖခင်က ကိုယ့်အပေါ်ခြယ်လှယ်ချုပ်ကိုင်လာမှာကိုတော့ အမျိုးသားတစ်ဦးအနေနဲ့ စိုးရိမ်မိပါတယ်။

၂။ လက်ထပ်လိုက်ရင်ရော အဆင်ပြေပါ့မလား

ချစ်သူဘဝနဲ့ နေလာတာကမှအကောင်း။ လက်ထပ်ပြီးတော့မှ အဆင်မပြေဖြစ်ပြီး ကွဲကွာရမှာကိုလည်း မလိုလားပါဘူး။

၃။ သူတစ်ယောက်တည်းကိုပဲ တစ်သက်လုံးပေါင်းသင်းရတော့မှာလား

ယောကျ်ားတစ်ဦးအနေနဲ့ ချစ်ရေးချစ်ရာလိင်မှုကိစ္စမှာ မိန်းကလေးတစ်ယောက်တည်းကိုပဲ တစ်သက်လုံး ဆက်ဆံသွားဖို့ဆိုတာလည်း ခက်ပါတယ်။ ရိုးအီသွားတဲ့အခါကျရင် သံယောဇဉ်နဲ့ သစ္စာတရားကိုငဲ့ပြီး နောက်လူမြှူဆွယ်တဲ့နောက် ကောက်ကောက်ပါအောင်လိုက်မိသွားတတ်ကြလို့ပါ။ ဒါကြောင့် မိန်းကလေးတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ အချစ်အပြင် သံယောဇဉ်နဲ့ မေတ္တာတရားတွေ ရှိမရှိ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရပါတယ်။

၄။ သူမက လက်မထပ်ချင်ဘူးဆိုရင်ရော

ကိုယ့်ဘက်က တကယ်သေချာလို့ အတူတူနေချင်ပါပြီဆိုမှ သူမက ငြင်းပယ်လိုက်မှာကိုလည်း စိုးရိမ်မိပါတယ်။ သူမကသာ ငြင်းလိုက်မယ်ဆို ကိုယ့်ကို တကယ်မချစ်လို့လား ဒါမှမဟုတ် အချိန်လိုသေးတာလားဆိုတာတွေလည်း ခေါင်းထဲမှာ ကြိုပြီးတွေးတောနေမိပါတယ်။

၅။ တကယ်သေချာရဲ့လား

သူမကို တကယ်ပဲ လက်ထပ်ချင်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါတယ်။ သူစိမ်းနှစ်ယောက် တစ်အိမ်တည်းမှာ ရာသက်ပန်နေသွားကြဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ကိုယ်က သူ့ကိုတကယ်ချစ်၊ တကယ်လက်ထပ်ချင်ပြီလားလို့လည်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတာ အခါခါပါပဲ။

၆။ ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်ပါ့မလား

ကိုယ်က အိမ်မှာ တာဝန်ကြီးကြီးမားမားယူခဲ့သူမဟုတ်ဘူးဆိုရင်တော့ ဖခင်ဘဝခံယူဖို့ ဝန်လေးတတ်ကြပါတယ်။ မိဘကို မှီခိုလွန်းတဲ့ယောက်ျားတွေက အိမ်ထောင်ကျပြီးရင် ကလေးကိုပြုစုပျိုးထောင်ဖို့အတွက် မိမိကိုယ်ကိုယုံကြည်မှု အားနည်းကြပါတယ်။

၇။ အဆင်သင့်ဖြစ်ရဲ့လား

သူမနဲ့ တစ်အိမ်တည်းအတူနေပြီး ကောင်းသမျှ ဆိုးသမျှ ဝေမျှခံစားဖို့၊ အိမ်ထောင့်တာဝန်ထမ်းဆောင်ဖို့ စတဲ့အရာတွေက အများကြီးပါပဲ။ ဒါကြောင့် ကိုယ့်ဘက်က တာဝန်ဝတ္တရားတွေကို ကျေပွန်နိုင်ပါ့မလားဆိုတာလည်း စဉ်းစားရပါတယ်။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top