iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းမွာ အလြယ္တကူ အၾကံဥာဏ္ေပးတတ္တဲ့ မိတ္ေဆြေတြ ရွိပါတယ္။ အၾကံအားလုံးက အၾကံေကာင္းျဖစ္ခ်င္မွ ျဖစ္မွာပါ။ တခ်ိဳ႕ အၾကံေတြက ကုိယ္တို႔ ႏွစ္ေယာက္ဘ၀ ဆက္ဆံေရးကုိေတာင္ ပ်က္သြားေစႏုိင္တဲ့ အၾကံေတြ ျဖစ္ေနတတ္တာကုိ သတိျပဳသင့္ပါတယ္။ ကုိယ့္အခ်စ္ေရးမွာ အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့ ဒီလုိအၾကံမ်ဳိးေတြ ေပးလာခဲ့ရင္ အားနာမေနဘဲ ျငင္းပစ္လုိက္တာ အေကာင္းဆုံးျဖစ္ပါတယ္။

၁)နင္မေပ်ာ္ေတာ့ဘူးဆုိရင္ လမ္းခြဲလုိက္ဖုိ႔ေကာင္းတယ္

ကုိယ့္အခ်စ္ေရးမွာ အဆင္မေျပတာ တစ္ခုၾကဳံတာနဲ႔ လမ္းမခြဲသင့္ပါဘူး။ ေပ်ာ္စရာ အခ်ိန္ဆုိတာ ရွိခဲ့ရင္ နာက်င္စရာ အခ်ိန္ဆုိတာလည္း ၾကဳံရမွာပါပဲ။ ဘ၀ ဆုိတာျပီးျပည့္စုံေနတာ မဟုတ္သလုိ ကုိယ္ေရာ ကုိယ့္လက္တြဲေဖာ္ေရာကလည္း ျပီးျပည့္စုံေနတာ မဟုတ္တဲ့အတြက္ ျပႆနာဆုိတာ အနည္းနဲ႔ အမ်ားၾကံဳေတြ႔ရမွာပါ။ဒီ အဆင္မေျပမႈကို ဘယ္လုိေျဖရွင္းၾကမလဲလုိ႔ အေျဖရွာၾကည့္ဖုိ႔က အေရးၾကီးဆုံးျဖစ္ပါတယ္။

၂)သူက နင့္ကုိ ဘုရင္မ တစ္ပါးလုိ ဖူးဖူးမႈတ္ဆက္ဆံသင့္တာေပါ့

ကုိယ့္အေဖာ္ျဖစ္သူက သူ႔ေဘးမွာ ကုိ္ယ္ရွိေနတဲ့အတြက္ ကုိယ့္အေပၚအေလးထားေၾကာင္းျပသသင့္ပါတယ္။ ဒါေပမဲ့ ကုိယ့္တစ္ေယာက္ကုိပဲ အခ်ိ္န္တုိင္း အေရးတယူဆက္ဆံခံခ်င္ေနရင္ေတာ့ တကိုယ္ေကာင္းဆန္ရာ ေရာက္သြားမွာပါ။ ကိုယ္ကလည္း အျပန္အလွန္အေနနဲ႔ သူ႔ကို တန္ဖုိးထားေၾကာင္း ျပသင့္ပါတယ္။ သူ႕အေတြး ၊သူ႔ အယူအဆကုိ နားလည္တန္ဖုိးထားျပရင္ သူကလည္း ျပန္ျပီး တူညီတဲ့ ဆက္ဆံေရးမ်ဳိးျပန္ေပးမွာပဲ ျဖစ္ပါတယ္။

၃)သူက နင္နဲ႔ အျမဲအတူရွိသင့္တာေပါ့

ကုိယ္တုိ႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးအဆင္ေျပ ေခ်ာေမြ႔ေစဖုိ႔ဆုိရင္ ကုိ္ယ္ပုိင္္လြတ္လပ္တဲ့ အခ်ိန္ေလးေတြရွိဖုိ႔လုိပါတယ္။ ကုိယ္လုပ္ခ်င္တဲ့ အလုပ္ေလးေတြကို ကုိယ့္ကို္ယ္ပို္င္အခ်ိ္န္မွာ လုပ္ခြင့္ ရွိရပါမယ္။ သူ႔ အေပါင္းအသင္းေတြနဲ႔ အခ်ိန္ျဖဳန္းခ်င္တယ္ဆုိရင္လည္း လုိ္က္ေလ်ာလုိက္ပါ။ ဒါက ကုိယ္နဲ႔ အတူမရွိခ်င္ဘူးလုိ႔ ဆုိလုိတာမွ မဟုတ္ဘဲ။ သူ႔မွာလည္း တန္ဖိုးထားရမယ့္ ေပါင္းသင္းဆက္ဆံေရးဆုိတာ ရွိေနႏုိင္တာပါတယ္။ ကုိ္ယ္တို႔ ႏွစ္ေယာက္ၾကားမွာ အျပန္အလွန္ေလးစားမႈ၊ခ်စ္ျခင္းနဲ႔ ယုံၾကည္မႈေတြသာ ရွိေနရင္ အနားမွာ အျမဲမရွိေနႏုိင္တာက ျပႆနာ တစ္ရပ္မျဖစ္ႏုိင္ေတာ့ပါဘူး။

၄)နင္တုိ႔ ႏွစ္ေယာက္ၾကားမွာ လိင္ဆက္ဆံေရးက အေရးအၾကီးဆုံးပဲ

ႏွစ္ေယာက္တစ္ဘ၀ ထူေထာင္ထားတဲ့ ဆက္ဆံေရးတုိင္းမွာ လိင္ကိစၥဆုိတာ အေရးပါေပမဲ့ မရွိမျဖစ္ေတာ့ မဟုတ္ပါဘူး။ ေန႔တုိင္း အၾကိမ္မ်ားစြာ အတူေနျဖစ္ေပမဲ့ အျပန္အလွန္ အေလးထားမႈ ၊ ဂရုစုိက္ေစာင့္ေရွာက္မႈနဲ႔ ေႏြးေထြးတဲ့ အၾကင္နာမရွိခဲ့ရင္ ၾကာရွည္တည္ျမဲတဲ့ ပတ္သက္မႈ မျဖစ္ႏုိင္ပါဘူး။ တန္ဖုိးထား ျမတ္ႏုိးမႈနဲ႔ ေပါင္းစပ္ထားမွ ျပည့္စုံတဲ့ဘ၀တစ္ခု ျဖစ္မွာပါ။

၅)ပုံပန္းသြင္ျပင္က အေရးမပါဘူး

ကုိယ့္လက္တြဲေဖာ္ကုိ စေတြ႔တဲ့အခ်ိန္မွာ သူကုိယ့္ကုိ ဆြဲေဆာင္ႏုိင္ခဲ့တဲ့ အရာတစ္ခုစီရွိၾကပါတယ္။သူ႔ဆီမွာလည္းကုိယ္နဲ႔ ပတ္သက္ျပီး အေတြးတစ္ခုရွိႏုိင္ပါတယ္။ ကုိယ့္္ခ်စ္သူအေပၚမွာ အခ်ိန္ၾကာလာတာနဲ႔အမွ် ဆြဲေဆာင္မႈပုံစံ ေျပာင္းလာႏုိင္္ပါတယ္။ ဒါေပမဲ့ ကုိ္ယ့္ခ်စ္ရတဲ့သူက ကုိယ့္အေပၚမွာ အျမဲ စိတ္၀င္တစားရွိေနေစခ်င္ရင္ ကုိယ့္ပုံစံကိုလည္း အျမဲဂရုစိုက္ထိန္းသိမ္းေပးဖုိ႔လုိပါတယ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတိုင်းမှာ အလွယ်တကူ အကြံဉာဏ်ပေးတတ်တဲ့ မိတ်ဆွေတွေ ရှိပါတယ်။ အကြံအားလုံးက အကြံကောင်းဖြစ်ချင်မှ ဖြစ်မှာပါ။ တချို့ အကြံတွေက ကိုယ်တို့ နှစ်ယောက်ဘ၀ ဆက်ဆံရေးကိုတောင် ပျက်သွားစေနိုင်တဲ့ အကြံတွေ ဖြစ်နေတတ်တာကို သတိပြုသင့်ပါတယ်။ ကိုယ့်အချစ်ရေးမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဒီလိုအကြံမျိုးတွေ ပေးလာခဲ့ရင် အားနာမနေဘဲ ငြင်းပစ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

၁)နင်မပျော်တော့ဘူးဆိုရင် လမ်းခွဲလိုက်ဖို့ကောင်းတယ်

ကိုယ့်အချစ်ရေးမှာ အဆင်မပြေတာ တစ်ခုကြုံတာနဲ့ လမ်းမခွဲသင့်ပါဘူး။ ပျော်စရာ အချိန်ဆိုတာ ရှိခဲ့ရင် နာကျင်စရာ အချိန်ဆိုတာလည်း ကြုံရမှာပါပဲ။ ဘ၀ ဆိုတာပြီးပြည့်စုံနေတာ မဟုတ်သလို ကိုယ်ရော ကိုယ့်လက်တွဲဖော်ရောကလည်း ပြီးပြည့်စုံနေတာ မဟုတ်တဲ့အတွက် ပြဿနာဆိုတာ အနည်းနဲ့ အများကြုံတွေ့ရမှာပါ။ဒီ အဆင်မပြေမှုကို ဘယ်လိုဖြေရှင်းကြမလဲလို့ အဖြေရှာကြည့်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။

၂)သူက နင့်ကို ဘုရင်မ တစ်ပါးလို ဖူးဖူးမှုတ်ဆက်ဆံသင့်တာပေါ့

ကိုယ့်အဖော်ဖြစ်သူက သူ့ဘေးမှာ ကိုယ်ရှိနေတဲ့အတွက် ကိုယ့်အပေါ်အလေးထားကြောင်းပြသသင့်ပါတယ်။ ဒါပေမဲ့ ကိုယ့်တစ်ယောက်ကိုပဲ အချိန်တိုင်း အရေးတယူဆက်ဆံခံချင်နေရင်တော့ တကိုယ်ကောင်းဆန်ရာ ရောက်သွားမှာပါ။ ကိုယ်ကလည်း အပြန်အလှန်အနေနဲ့ သူ့ကို တန်ဖိုးထားကြောင်း ပြသင့်ပါတယ်။ သူ့အတွေး ၊သူ့ အယူအဆကို နားလည်တန်ဖိုးထားပြရင် သူကလည်း ပြန်ပြီး တူညီတဲ့ ဆက်ဆံရေးမျိုးပြန်ပေးမှာပဲ ဖြစ်ပါတယ်။

၃)သူက နင်နဲ့ အမြဲအတူရှိသင့်တာပေါ့

ကိုယ်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆင်ပြေ ချောမွေ့စေဖို့ဆိုရင် ကိုယ်ပိုင်လွတ်လပ်တဲ့ အချိန်လေးတွေရှိဖို့လိုပါတယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးတွေကို ကိုယ့်ကိုယ်ပိုင်အချိန်မှာ လုပ်ခွင့် ရှိရပါမယ်။ သူ့ အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းချင်တယ်ဆိုရင်လည်း လိုက်လျောလိုက်ပါ။ ဒါက ကိုယ်နဲ့ အတူမရှိချင်ဘူးလို့ ဆိုလိုတာမှ မဟုတ်ဘဲ။ သူ့မှာလည်း တန်ဖိုးထားရမယ့် ပေါင်းသင်းဆက်ဆံရေးဆိုတာ ရှိနေနိုင်တာပါတယ်။ ကိုယ်တို့ နှစ်ယောက်ကြားမှာ အပြန်အလှန်လေးစားမှု၊ချစ်ခြင်းနဲ့ ယုံကြည်မှုတွေသာ ရှိနေရင် အနားမှာ အမြဲမရှိနေနိုင်တာက ပြဿနာ တစ်ရပ်မဖြစ်နိုင်တော့ပါဘူး။

၄)နင်တို့ နှစ်ယောက်ကြားမှာ လိင်ဆက်ဆံရေးက အရေးအကြီးဆုံးပဲ

နှစ်ယောက်တစ်ဘ၀ ထူထောင်ထားတဲ့ ဆက်ဆံရေးတိုင်းမှာ လိင်ကိစ္စဆိုတာ အရေးပါပေမဲ့ မရှိမဖြစ်တော့ မဟုတ်ပါဘူး။ နေ့တိုင်း အကြိမ်များစွာ အတူနေဖြစ်ပေမဲ့ အပြန်အလှန် အလေးထားမှု ၊ ဂရုစိုက်စောင့်ရှောက်မှုနဲ့ နွေးထွေးတဲ့ အကြင်နာမရှိခဲ့ရင် ကြာရှည်တည်မြဲတဲ့ ပတ်သက်မှု မဖြစ်နိုင်ပါဘူး။ တန်ဖိုးထား မြတ်နိုးမှုနဲ့ ပေါင်းစပ်ထားမှ ပြည့်စုံတဲ့ဘဝတစ်ခု ဖြစ်မှာပါ။

၅)ပုံပန်းသွင်ပြင်က အရေးမပါဘူး

ကိုယ့်လက်တွဲဖော်ကို စတွေ့တဲ့အချိန်မှာ သူကိုယ့်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ အရာတစ်ခုစီရှိကြပါတယ်။သူ့ဆီမှာလည်းကိုယ်နဲ့ ပတ်သက်ပြီး အတွေးတစ်ခုရှိနိုင်ပါတယ်။ ကိုယ့်ချစ်သူအပေါ်မှာ အချိန်ကြာလာတာနဲ့အမျှ ဆွဲဆောင်မှုပုံစံ ပြောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်ရတဲ့သူက ကိုယ့်အပေါ်မှာ အမြဲ စိတ်ဝင်တစားရှိနေစေချင်ရင် ကိုယ့်ပုံစံကိုလည်း အမြဲဂရုစိုက်ထိန်းသိမ်းပေးဖို့လိုပါတယ်။


Credit:Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top