iMyanmarHouse.com - Best Property Website for Myanmar
×

အနံ႔အသက္လည္းကင္းသလုိ အရသာလည္းရွိတဲ့ မာလကာသီး ကို ႀကိတ္ေျခအရည္ညႇစ္ၿပီး သဘာဝအတုိင္း ေသာက္တာဟာ က်န္းမာေရးေကာင္းက်ိဳးမ်ား တယ္လုိ႔ သုေတသနေတြက ဆုိ ထားတာမို႔ သိထားရေအာင္လို႔ မွ်ေဝေပးလိုက္ပါတယ္။

- ဗီတာမင္စီႂကြယ္တဲ့အတြက္ ခႏၶာကိုယ္က်န္းမာႀကံ႕ခိုင္ေစၿပီး ေရာဂါျဖစ္ပြားမႈေတြနဲ႔ ေရာဂါပိုး မႊားေတြ မဝင္ေရာက္ႏိုင္ေအာင္ ကာကြယ္ေပးပါတယ္။ ေသြးျဖဴ ဥဆဲလ္ေတြကို တုိးပြားေစတဲ့အ တြက္ ျပင္ပက ဝင္လာႏုိင္တဲ့ ေရာဂါပုိးေတြကို ကာကြယ္ေပး ႏုိင္ပါတယ္။

- ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိနဲ႔ ဗီတာမင္စီက ကင္ဆာအက်ိတ္ ေတြမျဖစ္ေအာင္ ကာကြယ္ေပး သလို ရင္သားကင္ဆာတုိ႔၊ ပေရာ့ စတိတ္ကင္ဆာတုိ႔ကို ကာကြယ္ ႏိုင္တယ္လို႔ ဆုိပါတယ္။

- ေသြးတြင္း သၾကားဓာတ္ပမာ ဏကို ထိန္းညႇိေပးၿပီး ေန႔စဥ္လို အပ္တဲ့ ဂလူးကို႔စ္ပမာဏကို ပံုမွန္ရေစႏုိင္ပါတယ္။

- ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဆုိဒီယမ္၊ ပိုတက္ဆီယမ္နဲ႔ ကိုလက္စထေရာပမာဏ ရရွိေစ တဲ့အျပင္ ေသြးဖိအားကိုလည္း ပံုမွန္ျဖစ္ေစပါတယ္။

- ဝမ္းခ်ဳပ္တဲ့ျပႆနာေတြကို ေျဖ ရွင္းေပးႏုိင္သလို အစာေခ်ဖ်က္မႈ လုပ္ငန္းစဥ္ကိုလည္း ေထာက္ကူ ေပးႏုိင္ပါတယ္။

- ဗီတာမင္ေအက မ်က္စိအား ေကာင္းေစသလို အျမင္အာ႐ံု ေပ်ာက္ဆံုးတာေတြကို ကာကြယ္ ေပးၿပီး အသက္အရြယ္ေၾကာင့္ ျဖစ္လာတဲ့ မ်က္စိေရာဂါေတြကို လည္း ကာကြယ္ထားႏိုင္လုိ႔ ဆုိပါ တယ္။

- သဘာဝပိုးသတ္ေဆးလည္း ျဖစ္၊ နာက်င္ေရာင္ရမ္းတာေတြ လည္း သက္သာေစႏုိင္တဲ့အတြက္ သြားကိုက္ရင္ မာလကာေဖ်ာ္ရည္ ေသာက္ေပးႏုိင္သလုိ သြားေတြ ပ်က္စီးယိုယြင္းတာမျဖစ္ေအာင္ လည္း ကူညီေပးႏုိင္ပါတယ္။

- မဂၢနီဆီယမ္ပါတဲ့အတြက္ အာ႐ံုေၾကာစနစ္ကို ေထာက္ကူေပးၿပီး ေသြးေၾကာေတြ၊ ႂကြက္သားေတြ ကို အလုပ္ေကာင္းေကာင္းလုပ္ ေစကာ စိတ္ဖိစီးမႈေတြ ကင္းေဝး ေစပါတယ္။

- အမွ်င္ဓာတ္နဲ႔ သတၱဳဓာတ္ ႂကြယ္ဝမႈေတြက ကိုယ္အေလး ခ်ိန္ေလ်ာ့က်ေအာင္ ကူညီေပးႏုိင္ ပါတယ္။

- ဟင္းသီးဟင္းရြက္အစားနည္း ၿပီး ဗီတာမင္စီခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္ တဲ့ စကဗီေသြးေရာဂါကုသရာမွာ မာလကာေဖ်ာ္ရည္က အထိ ေရာက္ဆံုးလုိ႔ဆုိပါတယ္။

- ေၾကးနီဓာတ္က ေဟာ္မုန္းပံုမွန္ ျဖစ္ေစဖို႔ ထိန္းခ်ဳပ္ေပးသလို သိုင္း ႐ြိဳက္အက်ိတ္ရဲ႕လုပ္ငန္းစဥ္ေတြ ကို ေထာက္ကူပါတယ္။

- အသားအေရအေရာင္ညီၿပီး စိုျပည္လွပေနေစကာ အေရးအ ေၾကာင္းမ်ား၊ အေရျပားတြန္႔ျခင္း မ်ားကိုလည္း သက္သာေပ်ာက္ ကင္းေစတယ္လို႔ သိရပါတယ္။

- အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ျပႆနာေတြနဲ႔ အေအးမိ၊ ေခ်ာင္း ဆုိး၊ တုပ္ေကြးမျဖစ္ေအာင္လည္း ကာကြယ္ႏုိင္ပါတယ္။

- ဗီတာမင္ဘီ-၃ နဲ႔ ဘီ-၆ ႂကြယ္ဝ ၿပီး ဦးေႏွာက္ဆဲလ္ေတြနဲ႔ ေသြး ေၾကာေတြကို ယိုယြင္းပ်က္စီးမႈက ေန ကာကြယ္ေပးႏုိင္သလုိ ဦးေႏွာက္ေသြးေၾကာ ေသြးလည္ ပတ္မႈေကာင္းမြန္ေစပါတယ္။

Credit: 7 day daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


အနံ့အသက်လည်းကင်းသလို အရသာလည်းရှိတဲ့ မာလကာသီး ကို ကြိတ်ခြေအရည်ညှစ်ပြီး သဘာဝအတိုင်း သောက်တာဟာ ကျန်းမာရေးကောင်းကျိုးများ တယ်လို့ သုတေသနတွေက ဆို ထားတာမို့ သိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

- ဗီတာမင်စီကြွယ်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေပြီး ရောဂါဖြစ်ပွားမှုတွေနဲ့ ရောဂါပိုး မွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ သွေးဖြူ ဥဆဲလ်တွေကို တိုးပွားစေတဲ့အ တွက် ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေး နိုင်ပါတယ်။

- ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဗီတာမင်စီက ကင်ဆာအကျိတ် တွေမဖြစ်အောင် ကာကွယ်ပေး သလို ရင်သားကင်ဆာတို့၊ ပရော့ စတိတ်ကင်ဆာတို့ကို ကာကွယ် နိုင်တယ်လို့ ဆိုပါတယ်။

- သွေးတွင်း သကြားဓာတ်ပမာ ဏကို ထိန်းညှိပေးပြီး နေ့စဉ်လို အပ်တဲ့ ဂလူးကို့စ်ပမာဏကို ပုံမှန်ရစေနိုင်ပါတယ်။

- ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ကိုလက်စထရောပမာဏ ရရှိစေ တဲ့အပြင် သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေပါတယ်။

- ဝမ်းချုပ်တဲ့ပြဿနာတွေကို ဖြေ ရှင်းပေးနိုင်သလို အစာချေဖျက်မှု လုပ်ငန်းစဉ်ကိုလည်း ထောက်ကူ ပေးနိုင်ပါတယ်။

- ဗီတာမင်အေက မျက်စိအား ကောင်းစေသလို အမြင်အာရုံ ပျောက်ဆုံးတာတွေကို ကာကွယ် ပေးပြီး အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါတွေကို လည်း ကာကွယ်ထားနိုင်လို့ ဆိုပါ တယ်။

- သဘာဝပိုးသတ်ဆေးလည်း ဖြစ်၊ နာကျင်ရောင်ရမ်းတာတွေ လည်း သက်သာစေနိုင်တဲ့အတွက် သွားကိုက်ရင် မာလကာဖျော်ရည် သောက်ပေးနိုင်သလို သွားတွေ ပျက်စီးယိုယွင်းတာမဖြစ်အောင် လည်း ကူညီပေးနိုင်ပါတယ်။

- မဂ္ဂနီဆီယမ်ပါတဲ့အတွက် အာရုံကြောစနစ်ကို ထောက်ကူပေးပြီး သွေးကြောတွေ၊ ကြွက်သားတွေ ကို အလုပ်ကောင်းကောင်းလုပ် စေကာ စိတ်ဖိစီးမှုတွေ ကင်းဝေး စေပါတယ်။

- အမျှင်ဓာတ်နဲ့ သတ္တုဓာတ် ကြွယ်ဝမှုတွေက ကိုယ်အလေး ချိန်လျော့ကျအောင် ကူညီပေးနိုင် ပါတယ်။

- ဟင်းသီးဟင်းရွက်အစားနည်း ပြီး ဗီတာမင်စီချို့တဲ့မှုကြောင့်ဖြစ် တဲ့ စကဗီသွေးရောဂါကုသရာမှာ မာလကာဖျော်ရည်က အထိ ရောက်ဆုံးလို့ဆိုပါတယ်။

- ကြေးနီဓာတ်က ဟော်မုန်းပုံမှန် ဖြစ်စေဖို့ ထိန်းချုပ်ပေးသလို သိုင်း ရွိုက်အကျိတ်ရဲ့လုပ်ငန်းစဉ်တွေ ကို ထောက်ကူပါတယ်။

- အသားအရေအရောင်ညီပြီး စိုပြည်လှပနေစေကာ အရေးအ ကြောင်းများ၊ အရေပြားတွန့်ခြင်း များကိုလည်း သက်သာပျောက် ကင်းစေတယ်လို့ သိရပါတယ်။

- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အအေးမိ၊ ချောင်း ဆိုး၊ တုပ်ကွေးမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

- ဗီတာမင်ဘီ-၃ နဲ့ ဘီ-၆ ကြွယ်ဝ ပြီး ဦးနှောက်ဆဲလ်တွေနဲ့ သွေး ကြောတွေကို ယိုယွင်းပျက်စီးမှုက နေ ကာကွယ်ပေးနိုင်သလို ဦးနှောက်သွေးကြော သွေးလည် ပတ်မှုကောင်းမွန်စေပါတယ်။

Credit: 7 day daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top