iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္အိပ္စက္အနားယူရာ အိပ္ရာသည္ လူတိုင္းအတြက္ စြဲမက္ႏွစ္လိုဖြယ္ေနရာျဖစ္သည္။ သို့ရာတြင္ အိပ္ရာတြင္း အိပ္စက္လွဲေလ်ာင္းအနားယူျခင္းက ေရာဂါမ်ားကို ေဆာင္ၾကဥ္းေပးႏုိင္ ေၾကာင္းကုိမူ မသိရွိၾကေပ။ ေလ့လာခ်က္မ်ားအရ အိပ္ရာတြင္း လူ႔႔မ်က္စိျဖင့္မျမင္ႏုိင္ေသာ ပိုးမႊား မ်ားႏွင့္ မွိဳမ်ားရွိေနႏုိင္ျပီး အိပ္ေနစဥ္လူးလွိမ့္ျခင္းက ၄င္းအရာတို႔ကို ေလတြင္ပ်ံ႕ႏွံ႔ေစျပီးေနာက္ အသက္ရွဴသြင္းခ်ိန္တြင္ လုိက္ပါဝင္ေရာက္သြားႏိုင္ပါသည္။

အိပ္ရာအတြင္းတြင္ ေအာက္ပါတို႔က သင့္ကိုအႏၱရာယ္ျဖစ္ေစႏုိင္ပါသည္။

(၁) ဖုန္မွဳန္႔တြင္းမွ ကမ်ဥ္းနီေကာင္ (Dust Mite)

အေမရိကန္အဆုတ္က်န္းမာေရးအဖြဲ႔အစည္းၾကီး (American Lung Association)၏ အဆိုအရ အေမရိကန္ျပည္ေထာင္စုရွိ အိမ္ငါးအိမ္အနက္ ေလးအိမ္တြင္ ဖုန္မွဳန္႔ကမ်ဥ္းနီေကာင္ ရွိေသာ အိပ္ရာ အနည္းဆံုးတစ္ခုရွိသည္။ ကမ်ဥ္းနီေကာင္ကိုယ္တိုင္က ေရာဂါမျဖစ္ေစႏုိင္ေသာ္လည္း ၄င္းစြန္႔ထုတ္ေသာ အညစ္အေၾကးမ်ားမွာ ဓာတ္မတည့္မွဳျဖစ္ေပၚႏုိင္ေျခ အလြန္ျမင့္မားသည္ဟု ဆုိပါသည္။ ၄င္း၏ အညစ္အေၾကးမ်ားႏွင့္ ဓာတ္တည့္၊ မတည့္ကိုမူ ဓာတ္မတည့္မွဳစမ္းသပ္ စစ္ေဆးျခင္း(Allergy Test)ႏွင့္သာ တိက်စြာသိရွိႏုိင္ပါသည္။ အကယ္၍ ဓာတ္မတည့္မွဳ မျဖစ္ေပၚခဲ့ လွ်င္လည္း ႏွာေခါင္းႏွင့္မ်က္လံုးမ်ားသို့ဝင္သြားပါက ငရုတ္ေကာင္းမႊန္သကဲ့သို့ မႊန္ႏုိင္သည္ျဖစ္ရာ သတိျပဳရန္လိုပါသည္။

ေျဖရွင္းကာကြယ္နည္း- နည္းလမ္းမ်ားစြာရွိျပီး အခင္းမ်ား၊ ေကာ္ေဇာမ်ားလဲျခင္း၊ အဝတ္စိုျဖင့္ ၾကမ္းတုိက္ျခင္းတို႔ကို လုပ္ေဆာင္ေပးသင့္သည္။

(၂) မွဳိအႏၱရာယ္

သုေတသနျပဳခ်က္အရ အိပ္ရာအတြင္းတြင္ လူ႔ဆံျခည္မွ်င္မ်က္ႏွာဝထက္ပင္ေသးငယ္ေသာ မွဳိမ်ိဳးစုမ်ား၊ ဘတ္တီးရီးယားပိုးမ်ားႏွင့္ အညစ္အေၾကးမ်ားရွိေၾကာင္းေတြ႔ရသည္။ ေလ့လာခ်က္တစ္ခု တြင္ ပံုမွန္အသံုးျပဳေနေသာ ေခါင္းအံုး (၁၀)လံုးအား စစ္ေဆးခဲ့ရာ စုစုေပါင္း မွဳိမ်ိဳးစိတ္ ၄၇ မ်ိဳးကို ေတြ႔ရွိခဲ့ရသည္။

ေျဖရွင္းကာကြယ္နည္း- အမွဳန္ေသးမ်ားကိုစစ္ထုတ္ႏုိင္စြမ္းျမင့္မားသည့္ ေလသန့္စင္စက္ (Air Purifier with a HEPA filter) ကို အိပ္ရာအနီးထား၍ အသံုးျပဳသင့္သည္။

(၃) ဂါလန္ႏွင့္အမ်ွေခြ်းမ်ား

လူတစ္ေယာက္ ဘဝတစ္သက္တာ၏အခ်ိန္ သံုးပံုတစ္ပံုကို အိပ္ရာတြင္း ကုန္ဆံုးရျပီး ေလ့လာခ်က္ မ်ားအရ အိပ္ရာတြင္း၌ တစ္ႏွစ္လ်ွင္ ၂၆ ဂါလန္အထိ ေခြ်းထြက္ႏွုန္းရွိသည္။ သို့ျဖစ္ရာ အေရျပားေပၚရွိ Strep (သို့မဟုတ္) Staph ကဲ့သုိ့ေသာ ဘတ္တီးရီယားေရာဂါပိုးမ်ားကို ကိုယ္တုိင္သာမက အတူအိပ္သူမ်ားကိုပါ ကူးစက္ျဖစ္ပြားေစႏုိင္သည္။

ေျဖရွင္းကာကြယ္နည္း- အိပ္ရာႏွင့္ အိပ္ရာခင္းမ်ားကို အနည္းဆံုးတစ္ပတ္လွ်င္တစ္ၾကိမ္ ေရေႏြးပူပူျဖင့္ ျပဳတ္ေလွ်ာ္သင့္သည္။

(၄) အိမ္ေမြးတိရစၦာန္ကုိယ္မွ အညစ္အေၾကးမ်ား

အိမ္ေမြးတိရစၦာန္တို့ကိုယ္မွ အညစ္အေၾကးမ်ား၊ အေမႊးမ်ားကလည္း ဓာတ္မတည့္ျခင္း ကို ျဖစ္ေပၚေစႏုိင္သည္။

ေျဖရွင္းကာကြယ္နည္း- အိမ္ေမြးတိရစၦာန္ရွိလွ်င္ အိပ္ရာ၊ အိပ္ရာခင္းႏွင့္ ေခါင္းအံုးမ်ားကို အနည္းဆံုး တစ္ပတ္လွ်င္ တစ္ၾကိမ္ ေလစုပ္စက္ျဖင့္ သန္႔ရွင္းေရးလုပ္သင့္ျပီး အိမ္ေမြးတိရစၦာန္မရွိပါကလည္း အလားတူလုပ္ေပးျခင္းျဖင့္ အျခားအညစ္အေၾကးမ်ားကို ကင္းစင္ေစမည္ျဖစ္သည္။


Credit:Drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညဘက်အိပ်စက်အနားယူရာ အိပ်ရာသည် လူတိုင်းအတွက် စွဲမက်နှစ်လိုဖွယ်နေရာဖြစ်သည်။ သို့ရာတွင် အိပ်ရာတွင်း အိပ်စက်လှဲလျောင်းအနားယူခြင်းက ရောဂါများကို ဆောင်ကြဉ်းပေးနိုင် ကြောင်းကိုမူ မသိရှိကြပေ။ လေ့လာချက်များအရ အိပ်ရာတွင်း လူ့မျက်စိဖြင့်မမြင်နိုင်သော ပိုးမွှား များနှင့် မှိုများရှိနေနိုင်ပြီး အိပ်နေစဉ်လူးလှိမ့်ခြင်းက ၎င်းအရာတို့ကို လေတွင်ပျံ့နှံ့စေပြီးနောက် အသက်ရှူသွင်းချိန်တွင် လိုက်ပါဝင်ရောက်သွားနိုင်ပါသည်။

အိပ်ရာအတွင်းတွင် အောက်ပါတို့က သင့်ကိုအန္တရာယ်ဖြစ်စေနိုင်ပါသည်။

(၁) ဖုန်မှုန့်တွင်းမှ ကမျဉ်းနီကောင် (Dust Mite)

အမေရိကန်အဆုတ်ကျန်းမာရေးအဖွဲ့အစည်းကြီး (American Lung Association)၏ အဆိုအရ အမေရိကန်ပြည်ထောင်စုရှိ အိမ်ငါးအိမ်အနက် လေးအိမ်တွင် ဖုန်မှုန့်ကမျဉ်းနီကောင် ရှိသော အိပ်ရာ အနည်းဆုံးတစ်ခုရှိသည်။ ကမျဉ်းနီကောင်ကိုယ်တိုင်က ရောဂါမဖြစ်စေနိုင်သော်လည်း ၎င်းစွန့်ထုတ်သော အညစ်အကြေးများမှာ ဓာတ်မတည့်မှုဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားသည်ဟု ဆိုပါသည်။ ၎င်း၏ အညစ်အကြေးများနှင့် ဓာတ်တည့်၊ မတည့်ကိုမူ ဓာတ်မတည့်မှုစမ်းသပ် စစ်ဆေးခြင်း(Allergy Test)နှင့်သာ တိကျစွာသိရှိနိုင်ပါသည်။ အကယ်၍ ဓာတ်မတည့်မှု မဖြစ်ပေါ်ခဲ့ လျှင်လည်း နှာခေါင်းနှင့်မျက်လုံးများသို့ဝင်သွားပါက ငရုတ်ကောင်းမွှန်သကဲ့သို့ မွှန်နိုင်သည်ဖြစ်ရာ သတိပြုရန်လိုပါသည်။

ဖြေရှင်းကာကွယ်နည်း- နည်းလမ်းများစွာရှိပြီး အခင်းများ၊ ကော်ဇောများလဲခြင်း၊ အဝတ်စိုဖြင့် ကြမ်းတိုက်ခြင်းတို့ကို လုပ်ဆောင်ပေးသင့်သည်။

(၂) မှိုအန္တရာယ်

သုတေသနပြုချက်အရ အိပ်ရာအတွင်းတွင် လူ့ဆံခြည်မျှင်မျက်နှာဝထက်ပင်သေးငယ်သော မှိုမျိုးစုများ၊ ဘတ်တီးရီးယားပိုးများနှင့် အညစ်အကြေးများရှိကြောင်းတွေ့ရသည်။ လေ့လာချက်တစ်ခု တွင် ပုံမှန်အသုံးပြုနေသော ခေါင်းအုံး (၁၀)လုံးအား စစ်ဆေးခဲ့ရာ စုစုပေါင်း မှိုမျိုးစိတ် ၄၇ မျိုးကို တွေ့ရှိခဲ့ရသည်။

ဖြေရှင်းကာကွယ်နည်း- အမှုန်သေးများကိုစစ်ထုတ်နိုင်စွမ်းမြင့်မားသည့် လေသန့်စင်စက် (Air Purifier with a HEPA filter) ကို အိပ်ရာအနီးထား၍ အသုံးပြုသင့်သည်။

(၃) ဂါလန်နှင့်အမျှချွေးများ

လူတစ်ယောက် ဘဝတစ်သက်တာ၏အချိန် သုံးပုံတစ်ပုံကို အိပ်ရာတွင်း ကုန်ဆုံးရပြီး လေ့လာချက် များအရ အိပ်ရာတွင်း၌ တစ်နှစ်လျှင် ၂၆ ဂါလန်အထိ ချွေးထွက်နှုန်းရှိသည်။ သို့ဖြစ်ရာ အရေပြားပေါ်ရှိ Strep (သို့မဟုတ်) Staph ကဲ့သို့သော ဘတ်တီးရီယားရောဂါပိုးများကို ကိုယ်တိုင်သာမက အတူအိပ်သူများကိုပါ ကူးစက်ဖြစ်ပွားစေနိုင်သည်။

ဖြေရှင်းကာကွယ်နည်း- အိပ်ရာနှင့် အိပ်ရာခင်းများကို အနည်းဆုံးတစ်ပတ်လျှင်တစ်ကြိမ် ရေနွေးပူပူဖြင့် ပြုတ်လျှော်သင့်သည်။

(၄) အိမ်မွေးတိရစ္ဆာန်ကိုယ်မှ အညစ်အကြေးများ

အိမ်မွေးတိရစ္ဆာန်တို့ကိုယ်မှ အညစ်အကြေးများ၊ အမွှေးများကလည်း ဓာတ်မတည့်ခြင်း ကို ဖြစ်ပေါ်စေနိုင်သည်။

ဖြေရှင်းကာကွယ်နည်း- အိမ်မွေးတိရစ္ဆာန်ရှိလျှင် အိပ်ရာ၊ အိပ်ရာခင်းနှင့် ခေါင်းအုံးများကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် လေစုပ်စက်ဖြင့် သန့်ရှင်းရေးလုပ်သင့်ပြီး အိမ်မွေးတိရစ္ဆာန်မရှိပါကလည်း အလားတူလုပ်ပေးခြင်းဖြင့် အခြားအညစ်အကြေးများကို ကင်းစင်စေမည်ဖြစ်သည်။


Credit:Drmyanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top