iMyanmarHouse.com - Best Property Website for Myanmar
×

ဳၾကက္ဥအကာတြင္ ပါ၀င္ေသာ ကယ္လိုရီထက္ အႏွစ္တြင္ ကယ္လိုရီ သုံးဆပိုမ်ားၿပီး အဆီ ၅ ဂရမ္ႏွင့္ အစားအစာဆုိင္ရာ ကိုလက္စထေရာ ၂၁၀ ဂရမ္ပါ၀င္သည္။ ၾကက္ဥအႏွစ္တြင္ လူတိန္းႏွင့္ ဇီယာဇန္သင္းဟု ေခၚသည့္ျဒပ္ေပါင္းႏွစ္မ်ဳိးႂကြယ္၀စြာပါ၀င္သည္။ ယင္းျဒပ္ေပါင္းႏွစ္မ်ဳိးလုံးမွာ အျမင္အာ႐ုံပိုေကာင္းေအာင္ ကူညီေပးႏုိင္ၿပီး အသက္(၅၀) ေနာက္ပိုင္းမ်က္စိကြယ္ျခင္း ျဖစ္ေစသည့္ အဓိကအေၾကာင္းအရာမ်ားအနက္ တစ္ခုျဖစ္ေသာ မ်က္စိေရာဂါ(Macular Degeneration) ႏွင့္ ဆက္စပ္သည့္ အႏၲရာယ္မ်ားကိုလည္း ေလ်ာ့က်ေစႏုိင္သည္။

ၾကက္ဥအညိဳမ်ားမွာ ၾကက္ဥအျဖဴမ်ားထက္ ပိုမို၍အာဟာရရွိသည္။ ဆုိျခင္းမွာ မမွန္ကန္ေပ။ ဟားဗတ္ျပည္သူ႔ က်န္းမာေရးေက်ာင္း၏ ေလ့လာမႈတစ္ရပ္အရ ၾကက္ဥစားသုံးမႈႏွင့္ ႏွလုံးေရာဂါၾကားသိသာေသာ ဆက္စပ္မႈမရွိဟု သိရသည္။ ၾကက္ဥပုံမွန္စားေပးျခင္းျဖင့္ ႏွလုံးေရာဂါ၊ ေလျဖတ္ျခင္းႏွင့္ ေသြးခဲမ်ားျဖစ္ေပၚမႈကို ကာကြယ္ႏုိင္ေၾကာင္း ေလ့လာမႈတစ္ရပ္အရ သိရသည္။

ၾကက္ဥတြင္ Choline ဟုေခၚေသာ အမိုးနီးယားျဒပ္ေပါင္းတစ္မ်ဳိး အဓိကပါ၀င္သည္။ ၾကက္ဥတစ္လုံး၏ အႏွစ္တြင္ Choline300 မုိက္က႐ို ဂရမ္ပါ၀င္သည္။ Choline က ဦးေႏွာက္၊ အာ႐ုံေၾကာစနစ္ႏွင့္ ႏွလုံးေသြးေၾကာစနစ္တို႔ကို ထိန္းညႇိေပးသည္။

ၾကက္ဥသည္ သဘာ၀အေလ်ာက္ ဗီတာမင္ဒီျဖစ္ေပၚေစေသာ ဓာတ္ပစၥည္းမ်ားပါ၀င္သည့္ အစားအေသာက္ တစ္မ်ဳိးျဖစ္ၿပီး ရင္သားကင္ဆာကို ကာကြယ္ႏုိင္သည္။ သီတင္းတစ္ပတ္လွ်င္ အနည္းဆုံးၾကက္ဥေျခာက္လုံး စားေပးေသာ အမ်ဳိးသမီးမ်ား ရင္သားကင္ဆာျဖစ္ႏုိင္ေျခ ၄၄ ရာခုိင္ႏႈန္းပိုမိုနည္းပါးေၾကာင္း ေလ့လာမႈတစ္ရပ္အရ သိရသည္။

ၾကက္ဥတြင္ ဆာလဖာႏွင့္ ဗီတာမင္မ်ား၊ သတၱဳမ်ား မ်ားစြာပါ၀င္ေသာေၾကာင့္ ဆံေကသာႏွင့္ အသားအေရ က်န္းမာေရးအတြက္ အထူးေကာင္းမြန္သည္။


Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ုကြက်ဥအကာတွင် ပါဝင်သော ကယ်လိုရီထက် အနှစ်တွင် ကယ်လိုရီ သုံးဆပိုများပြီး အဆီ ၅ ဂရမ်နှင့် အစားအစာဆိုင်ရာ ကိုလက်စထရော ၂၁၀ ဂရမ်ပါဝင်သည်။ ကြက်ဥအနှစ်တွင် လူတိန်းနှင့် ဇီယာဇန်သင်းဟု ခေါ်သည့်ဒြပ်ပေါင်းနှစ်မျိုးကြွယ်ဝစွာပါဝင်သည်။ ယင်းဒြပ်ပေါင်းနှစ်မျိုးလုံးမှာ အမြင်အာရုံပိုကောင်းအောင် ကူညီပေးနိုင်ပြီး အသက်(၅၀) နောက်ပိုင်းမျက်စိကွယ်ခြင်း ဖြစ်စေသည့် အဓိကအကြောင်းအရာများအနက် တစ်ခုဖြစ်သော မျက်စိရောဂါ(Macular Degeneration) နှင့် ဆက်စပ်သည့် အန္တရာယ်များကိုလည်း လျော့ကျစေနိုင်သည်။

ကြက်ဥအညိုများမှာ ကြက်ဥအဖြူများထက် ပိုမို၍အာဟာရရှိသည်။ ဆိုခြင်းမှာ မမှန်ကန်ပေ။ ဟားဗတ်ပြည်သူ့ ကျန်းမာရေးကျောင်း၏ လေ့လာမှုတစ်ရပ်အရ ကြက်ဥစားသုံးမှုနှင့် နှလုံးရောဂါကြားသိသာသော ဆက်စပ်မှုမရှိဟု သိရသည်။ ကြက်ဥပုံမှန်စားပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးခဲများဖြစ်ပေါ်မှုကို ကာကွယ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ကြက်ဥတွင် Choline ဟုခေါ်သော အမိုးနီးယားဒြပ်ပေါင်းတစ်မျိုး အဓိကပါဝင်သည်။ ကြက်ဥတစ်လုံး၏ အနှစ်တွင် Choline300 မိုက်ကရို ဂရမ်ပါဝင်သည်။ Choline က ဦးနှောက်၊ အာရုံကြောစနစ်နှင့် နှလုံးသွေးကြောစနစ်တို့ကို ထိန်းညှိပေးသည်။

ကြက်ဥသည် သဘာဝအလျောက် ဗီတာမင်ဒီဖြစ်ပေါ်စေသော ဓာတ်ပစ္စည်းများပါဝင်သည့် အစားအသောက် တစ်မျိုးဖြစ်ပြီး ရင်သားကင်ဆာကို ကာကွယ်နိုင်သည်။ သီတင်းတစ်ပတ်လျှင် အနည်းဆုံးကြက်ဥခြောက်လုံး စားပေးသော အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုမိုနည်းပါးကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ကြက်ဥတွင် ဆာလဖာနှင့် ဗီတာမင်များ၊ သတ္တုများ များစွာပါဝင်သောကြောင့် ဆံကေသာနှင့် အသားအရေ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။


Credit:7Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top