iMyanmarHouse.com - Best Property Website for Myanmar
×

သီတင္းလည္းကၽြတ္ ပြင့္လင္းရာသီလည္း ေရာက္လာၿပီဆိုေတာ့ ခရီးေတြထြက္ေတာ့မယ့္ ပရိသတ္ႀကီးအတြက္ ခရီးတူတူ သြားလို႔ အေကာင္းဆံုး လူဆယ္မ်ိဳးကို တင္ဆက္ေပးလိုက္တယ္ေနာ္။ ဒီစာကို ဖတ္ၿပီးသြားရင္ သင့္သူငယ္ခ်င္းကေကာ ဘယ္လိုခရီးသြားမ်ိဳးလဲ ဆိုတာ မွ်ေဝေပးခဲ့ဖို႔ မေမ့နဲ႔ဦး။

(၁) ပိုက္ဆံေခၽြတာသူ

ခရီးတစ္ခုထြက္ဖို႔ ပိုက္ဆံအမ်ားႀကီး ကုန္စရာမလိုဘူးလို႔ ခံယူခ်က္ထားသူျဖစ္ပါတယ္။ ေစ်းအသက္သာဆံုး စားေသာက္ဆိုင္ေတြ၊ တည္းခိုခန္းေတြကို သိခ်င္ရင္ သူတို႔ကို ေမးလိုက္တာ အေသခ်ာဆံုးပါပဲ။ သူတို႔နဲ႔ တူတူ ခရီးထြက္တဲ့အခါမွာ ေစ်းအတန္ဆံုးနဲ႔ ခရီးတစ္ခုကို ထြက္နိုင္မွာျဖစ္တာေၾကာင့္ ပိုက္ဆံကုန္ သက္သာမွာ ျဖစ္ပါတယ္။

(၂) ေပါ့ေပါ့ပါးပါးသမား
ခရီးထြက္ဖို႔ အေရးႀကီးတဲ့ ပစၥည္းေတြေလာက္ပဲ သယ္တဲ့သူရယ္ပါ။ ဒါေၾကာင့္ သူ႔ခရီးေဆာင္အိတ္က တျခား သူေတြထက္စာရင္ ေနရာလြတ္ ပိုမ်ားေနေလ့ရွိပါတယ္။ ဒါေၾကာင့္ ခရီးမွာ သင္ဝယ္ယူခဲ့တဲ့ လက္ေဆာင္ ပစၥည္းေတြကိုထည့္ဖို႔ အေကာင္းဆံုး အကူအညီ ရမွာျဖစ္ပါတယ္။

(၃) စကားပညာရွင္
သူ႔ခရီးေဆာင္အိတ္ထဲမွာ ဘာသာစကား စာအုပ္တစ္အုပ္က အၿမဲပါေလ့ရွိတယ္။ ခရီးမထြက္ခင္ ထိုေဒသနဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာေတြ၊ ေဒသစကား၊ ဘာသာစကားေတြကို အၿမဲ ႀကိဳတင္ေလ့လာထားသူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါေၾကာင့္ ထိုေဒသေရာက္တဲ့အခါ အစားအစာ မွာယူတဲ့ေနရာမွာ သူ႔ကို အားကိုးႏိုင္မွာ အေသခ်ာပါပဲ။

(၄) ရွင္သန္သူ
ပိုက္ဆံမပါ၊ ေဒသစကားမတတ္၊ ေျမပံုမပါဘဲနဲ႔ တည္းခိုတဲ့ ေနရာကေန အေဝးႀကီးမွာ ေရာက္ေနရင္ေတာင္မွ သူ႔အတြက္ ျပႆနာ ရွိမွာမဟုတ္ပါဘူး။ တည္းခိုခန္းကို မျဖစ္ျဖစ္တဲ့နည္းနဲ႔ ေရာက္ေအာင္ ျပန္လာတတ္ေလ့ ရွိပါတယ္။ ေလယာဥ္ လြတ္သြားတာမ်ိဳး၊ တည္းခိုခန္းေတြ ျပည့္ေနတာမ်ိဳး ျဖစ္ေနရင္ေတာင္မွ ခရီးကို အေပ်ာ္ဆံုးျဖစ္ေအာင္ ဖန္တီးတတ္တဲ့သူ ျဖစ္ပါတယ္။

(၅) စူးစမ္းရွာေဖြလိုသူ
သူဟာ ခရီးထြက္ၿပီဆိုကတည္းက မ်က္စိကို အနားမေပးဘဲ ေရာက္တဲ့ေနရာတိုင္းမွာ စူးစမ္းေလ့လာတတ္သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ လႈံ႕ေဆာ္မႈေၾကာင့္ အနားမေနရဘဲ တစ္ခ်ိန္လံုး အျပင္ထြက္ ေနရတာေၾကာင့္ သူ႔ကို စိတ္ပ်က္မိေကာင္း စိတ္ပ်က္ မိပါလိမ့္မယ္။ ဒါေပမယ့္ သူ႔ေၾကာင့္လည္း သင္ေနရာစံု ေရာက္တာေၾကာင့္ အဖိုးတန္ခရီး တစ္ခုျဖစ္မွာပါ။

(၆) ဓာတ္ပံုဆရာ
သူဟာ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပံုဆရာေလာက္ေတာ့ ဓာတ္ပံု႐ိုက္ မေတာ္ေပမယ့္လည္း သင္ခရီးမွာ ေပ်ာ္ခဲ့တဲ့ပံုေတြကို အေကာင္းဆံုး ပံုေဖာ္ႏိုင္ဖို႔အတြက္ သူတို႔က အဆင္သင့္ ျဖစ္ေနေလ့ရွိပါတယ္။ သူတို႔ဘယ္သြားသြား ကင္မရာ တစ္လံုးကေတာ့ အၿမဲပါေလ့ရွိၿပီး သင္ ပို႔စ္ေပးသမွ်ကို မၿငီးမျငဴ ႐ိုက္ကူးေပးမယ့္သူမ်ား ျဖစ္ပါတယ္။

(၇) စီစဥ္သူ
ခရီးထြက္ဖို႔ သူဟာ အၿမဲတက္ႂကြေလ့ရွိသူျဖစ္ၿပီး  ခရီးစဥ္တစ္ေလ်ွာက္ အစီအစဥ္ေတြကို သူက ဆြဲေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ သူပါၿပီဆိုရင္ ဘယ္မွာ တည္းမယ္၊ ဘာလုပ္မယ္၊ ဘယ္ကိုသြားမယ္ ဆိုတာကို စိတ္ပူစရာလိုမွာ မဟုတ္ပါဘူး။

(၈) အစားသရဲ
သူတို႔ဟာ ခရီးသြားရာ လမ္းတစ္ေလွ်ာက္မွာ  အစားအေသာက္ အသစ္အဆန္းေတြကို ျမည္းစမ္းစားၾကည့္ဖို႔ စိတ္အားထက္သန္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ ခရီးထြက္တဲ့အခါမွာ အစားအေသာက္ အသစ္အဆန္းေတြကို  ျမည္းစမ္းျဖစ္မွာကေတာ့ အေသခ်ာပါပဲ။

(၉) အသစ္အဆန္းေတြကို စိန္ေခၚလိုသူ
သူဟာ ထူးထူးဆန္းဆန္း စြန္႔စြန္႔စားစား ခရီးထြက္ရတာမ်ဳိးကို သေဘာက်တတ္သူ ျဖစ္တာေၾကာင့္ သူနဲ႔ ခရီးထြက္ရတာ ရင္ခုန္ စိတ္လႈပ္ရွားဖြယ္ အျပည့္ျဖစ္ေနပါလိမ့္မယ္။

(၁၀) မွတ္မိသူ
သူဟာ ဘယ္လိုေနရာေဒသကိုပဲ ေရာက္ေရာက္ လမ္းမွတ္မိတတ္သူျဖစ္ၿပီး မ်က္စိလည္ လမ္းမွားျဖစ္မွာကို စိုးရိမ္စရာ မလုိတဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္ဟာ လမ္း မမွတ္မိတတ္သူ တစ္ဦးဆိုရင္ေတာ့ ဒီလိုလူမ်ိဳးနဲ႔ ခရီးတူတူ သြားတဲ့အခါမွာ သင့္အတြက္ လံုၿခံဳေနပါလိမ့္မယ္။


Credit: Mizzima


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သီတင်းလည်းကျွတ် ပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ ခရီးတွေထွက်တော့မယ့် ပရိသတ်ကြီးအတွက် ခရီးတူတူ သွားလို့ အကောင်းဆုံး လူဆယ်မျိုးကို တင်ဆက်ပေးလိုက်တယ်နော်။ ဒီစာကို ဖတ်ပြီးသွားရင် သင့်သူငယ်ချင်းကကော ဘယ်လိုခရီးသွားမျိုးလဲ ဆိုတာ မျှဝေပေးခဲ့ဖို့ မမေ့နဲ့ဦး။

(၁) ပိုက်ဆံချွေတာသူ

ခရီးတစ်ခုထွက်ဖို့ ပိုက်ဆံအများကြီး ကုန်စရာမလိုဘူးလို့ ခံယူချက်ထားသူဖြစ်ပါတယ်။ ဈေးအသက်သာဆုံး စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေကို သိချင်ရင် သူတို့ကို မေးလိုက်တာ အသေချာဆုံးပါပဲ။ သူတို့နဲ့ တူတူ ခရီးထွက်တဲ့အခါမှာ ဈေးအတန်ဆုံးနဲ့ ခရီးတစ်ခုကို ထွက်နိုင်မှာဖြစ်တာကြောင့် ပိုက်ဆံကုန် သက်သာမှာ ဖြစ်ပါတယ်။

(၂) ပေါ့ပေါ့ပါးပါးသမား
ခရီးထွက်ဖို့ အရေးကြီးတဲ့ ပစ္စည်းတွေလောက်ပဲ သယ်တဲ့သူရယ်ပါ။ ဒါကြောင့် သူ့ခရီးဆောင်အိတ်က တခြား သူတွေထက်စာရင် နေရာလွတ် ပိုများနေလေ့ရှိပါတယ်။ ဒါကြောင့် ခရီးမှာ သင်ဝယ်ယူခဲ့တဲ့ လက်ဆောင် ပစ္စည်းတွေကိုထည့်ဖို့ အကောင်းဆုံး အကူအညီ ရမှာဖြစ်ပါတယ်။

(၃) စကားပညာရှင်
သူ့ခရီးဆောင်အိတ်ထဲမှာ ဘာသာစကား စာအုပ်တစ်အုပ်က အမြဲပါလေ့ရှိတယ်။ ခရီးမထွက်ခင် ထိုဒေသနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဒေသစကား၊ ဘာသာစကားတွေကို အမြဲ ကြိုတင်လေ့လာထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ထိုဒေသရောက်တဲ့အခါ အစားအစာ မှာယူတဲ့နေရာမှာ သူ့ကို အားကိုးနိုင်မှာ အသေချာပါပဲ။

(၄) ရှင်သန်သူ
ပိုက်ဆံမပါ၊ ဒေသစကားမတတ်၊ မြေပုံမပါဘဲနဲ့ တည်းခိုတဲ့ နေရာကနေ အဝေးကြီးမှာ ရောက်နေရင်တောင်မှ သူ့အတွက် ပြဿနာ ရှိမှာမဟုတ်ပါဘူး။ တည်းခိုခန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ပြန်လာတတ်လေ့ ရှိပါတယ်။ လေယာဉ် လွတ်သွားတာမျိုး၊ တည်းခိုခန်းတွေ ပြည့်နေတာမျိုး ဖြစ်နေရင်တောင်မှ ခရီးကို အပျော်ဆုံးဖြစ်အောင် ဖန်တီးတတ်တဲ့သူ ဖြစ်ပါတယ်။

(၅) စူးစမ်းရှာဖွေလိုသူ
သူဟာ ခရီးထွက်ပြီဆိုကတည်းက မျက်စိကို အနားမပေးဘဲ ရောက်တဲ့နေရာတိုင်းမှာ စူးစမ်းလေ့လာတတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့ လှုံ့ဆော်မှုကြောင့် အနားမနေရဘဲ တစ်ချိန်လုံး အပြင်ထွက် နေရတာကြောင့် သူ့ကို စိတ်ပျက်မိကောင်း စိတ်ပျက် မိပါလိမ့်မယ်။ ဒါပေမယ့် သူ့ကြောင့်လည်း သင်နေရာစုံ ရောက်တာကြောင့် အဖိုးတန်ခရီး တစ်ခုဖြစ်မှာပါ။

(၆) ဓာတ်ပုံဆရာ
သူဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာလောက်တော့ ဓာတ်ပုံရိုက် မတော်ပေမယ့်လည်း သင်ခရီးမှာ ပျော်ခဲ့တဲ့ပုံတွေကို အကောင်းဆုံး ပုံဖော်နိုင်ဖို့အတွက် သူတို့က အဆင်သင့် ဖြစ်နေလေ့ရှိပါတယ်။ သူတို့ဘယ်သွားသွား ကင်မရာ တစ်လုံးကတော့ အမြဲပါလေ့ရှိပြီး သင် ပို့စ်ပေးသမျှကို မငြီးမငြူ ရိုက်ကူးပေးမယ့်သူများ ဖြစ်ပါတယ်။

(၇) စီစဉ်သူ
ခရီးထွက်ဖို့ သူဟာ အမြဲတက်ကြွလေ့ရှိသူဖြစ်ပြီး  ခရီးစဉ်တစ်လျှောက် အစီအစဉ်တွေကို သူက ဆွဲပေးမှာဖြစ်ပါတယ်။ ဒါကြောင့် သူပါပြီဆိုရင် ဘယ်မှာ တည်းမယ်၊ ဘာလုပ်မယ်၊ ဘယ်ကိုသွားမယ် ဆိုတာကို စိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။

(၈) အစားသရဲ
သူတို့ဟာ ခရီးသွားရာ လမ်းတစ်လျှောက်မှာ  အစားအသောက် အသစ်အဆန်းတွေကို မြည်းစမ်းစားကြည့်ဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ခရီးထွက်တဲ့အခါမှာ အစားအသောက် အသစ်အဆန်းတွေကို  မြည်းစမ်းဖြစ်မှာကတော့ အသေချာပါပဲ။

(၉) အသစ်အဆန်းတွေကို စိန်ခေါ်လိုသူ
သူဟာ ထူးထူးဆန်းဆန်း စွန့်စွန့်စားစား ခရီးထွက်ရတာမျိုးကို သဘောကျတတ်သူ ဖြစ်တာကြောင့် သူနဲ့ ခရီးထွက်ရတာ ရင်ခုန် စိတ်လှုပ်ရှားဖွယ် အပြည့်ဖြစ်နေပါလိမ့်မယ်။

(၁၀) မှတ်မိသူ
သူဟာ ဘယ်လိုနေရာဒေသကိုပဲ ရောက်ရောက် လမ်းမှတ်မိတတ်သူဖြစ်ပြီး မျက်စိလည် လမ်းမှားဖြစ်မှာကို စိုးရိမ်စရာ မလိုတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ လမ်း မမှတ်မိတတ်သူ တစ်ဦးဆိုရင်တော့ ဒီလိုလူမျိုးနဲ့ ခရီးတူတူ သွားတဲ့အခါမှာ သင့်အတွက် လုံခြုံနေပါလိမ့်မယ်။


Credit: Mizzima




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top