iMyanmarHouse.com - Best Property Website for Myanmar
×

မနက္အိပ္ယာကႏိုးရင္ မ်က္ႏွာက ေဖာင္းကားေနတတ္တယ္။

အလုပ္မ်ားတာရယ္၊ ပင္ပန္းတာရယ္ေၾကာင့္ မ်က္ႏွာက ေရာင္ေနသလို အမ္းေနသလို ခံစားရတယ္။ မနက္ကတည္းက ဒီလိုမ်က္ႏွာဆိုရင္ေတာ့ စိတ္ထဲမွာေနရာ တမ်ိဳးပဲ။

ကဲ မ်က္ႏွာေလးကို လွလွပပ ၿဖစ္သြားေအာင္ ဘယ္လိုနည္းလမ္းေတြ ရွိသလဲ။

★ အၾကိမ္ ၁၀၀ ေလာက္ခုန္ပါ။

အၾကိမ္ ၁၀၀ ဆိုလို႔ အရမ္းမ်ားတယ္လို႔ မထင္ပါနဲ႕။ ၂ မိနစ္ေလာက္နဲ႔ ၿပီးပါလိမ့္မယ္။ အိပ္ေနခ်ိန္မွာ မ်က္ႏွာမွာ စုေနတဲ့ အဆိပ္အေတာက္ေတြကို ကိုယ္ခႏၶာေအာက္ပိုင္းကို ေရာက္ေစတဲ့အတြက္ မ်က္ႏွာအန္းေနတာက ခ်က္ခ်င္းဆိုသလို ေပ်ာက္သြားမွာပါ။ မနက္ကတည္းက အားကစားလုပ္တယ္ဆိုေတာ့ အိပ္ခ်င္ေနတာလည္း ေပ်ာက္ၿပီး လန္းဆန္းေနမွာပါ။

★ အပူနဲ႔အေအး ေပးလိုက္ပါ။

ပါးနဲ႔ နဖူးၿပင္၊ မ်က္လံုး စသည္ၿဖင့္ နည္းနည္းအန္းေနတဲ့ေနရာကို ေရခဲနဲ႔ ပြတ္ေပးလိုက္ပါ။ ေရစြပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကိုလည္း စကၠန္႔ ၃၀ ကေန ၁ မိနစ္ ေလာက္္ Microwave ထဲထည့္ အပူေပးၿပီး မ်က္ႏွာသုတ္ပဝါပူပူေလးကို မ်က္ႏွာတစ္ခုလံုးကို အုပ္ေပးလိုက္ပါ။ ႏွစ္ၾကိမ္၊ သံုးၾကိမ္ေလာက္လုပ္ေပးလိုက္ရင္ မ်က္ႏွာေလးက လန္းဆန္းၿပီး ပံုမွန္အတိုင္း ၿပန္ၿဖစ္ၿပီေပါ့။ မ်က္ႏွာသစ္ၿပီးခ်ိန္မွာ မ်က္ႏွာမွာရွိတဲ့ အစိုဓါတ္က ခန္းသြားတတ္တာေၾကာင့္ ေနာက္ဆံုးအဆင့္အေနနဲ႔ ေရခဲေရနဲ႕ မ်က္ႏွာသစ္လိုက္ရင္ေတာ့ ခ်စ္စရာ မ်က္ႏွာေလးကို ခ်က္ခ်င္းၿပန္ရမွာပါ။

★ ဇြန္းနဲ႔

ဇြန္းရဲ႕အေနာက္ဘက္ကို သံုးၿပီး လည္ပင္းကေန ပခံုးအထိကုိ အေပၚေအာက္ သံုးၾကိမ္ေလာက္ ႏွိပ္ေပးပါ။ ဇြန္းရဲ႕ အေအးဓါတ္နဲ႔ ႏွိပ္ေပးတာေၾကာင့္ အၾကိတ္ေတြရဲ႕ေသြးလည္ပတ္မႈကို ေကာင္းေစမွာပါ။ ဇြန္းကို ၾကိဳတင္ၿပီး ေရခဲေသတၱာထဲမွာ ထည့္ထားလိုက္ရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းပါတယ္။ မ်က္စိကိုလည္း ဇြန္းနဲ႔ ဖိေပးၿပီး မ်က္စိေထာင့္အထိဆဲြေပးရင္လည္း ေကာင္းပါတယ္။

★ ေရးေႏြးေသာက္ပါ

ကိုယ္ခႏၶာအတြင္းမွာရွိတဲ့ ေသြးလက္ပတ္မႈကို ခ်က္ခ်င္းဆိုသလို ေကာင္းမြန္လာေစမွာပါ။ အၾကံေပးခ်င္တာကေတာ့ ရုိးရိုးေရေႏြးကို ေသာက္သင့္ပါတယ္။ ကိုယ္ခႏၶာအတြင္းပိုင္းကို ပူေႏြးေစၿပီး ေနေကာင္းလာေစမွာပါ။

့★ နားပတ္ဝန္းက်င္ကို အဓိကထားၿပီး ေရခ်ိဳးလိုက္ပါ

နည္းနည္းပူတယ္လို႔ ထင္ရတဲ့ေရေႏြးနဲ႕ နားႏွစ္ဖက္ကို ေလာင္းလိုက္ပါ။ မ်က္ႏွာမွာရွိတဲ့ အၾကိက္ေတြရဲ႕ ေသြးလည္ပတ္မႈကေကာင္းလာမွာပါ။ မနက္ေရခ်ိဳးခ်ိန္မရွိရင္ေတာ့ မ်က္ႏွာသုတ္ပဝါပူပူေလးကို နားႏွစ္ဖက္ေနရာကို အုပ္ၿပီး ႏွိပ္ေပးလိုက္ပါ။

ကဲ အေပၚမွာေရးထားတဲ့ နည္းလမ္းေလးေတြကို အသံုးခ်လိုက္မယ္ဆိုရင္ တေန႔လံုး လန္းဆန္းတက္ၾကြေနမွာပါ။

 Credit:Chelmo Team


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မနက်အိပ်ယာကနိုးရင် မျက်နှာက ဖောင်းကားနေတတ်တယ်။

အလုပ်များတာရယ်၊ ပင်ပန်းတာရယ်ကြောင့် မျက်နှာက ရောင်နေသလို အမ်းနေသလို ခံစားရတယ်။ မနက်ကတည်းက ဒီလိုမျက်နှာဆိုရင်တော့ စိတ်ထဲမှာနေရာ တမျိုးပဲ။

ကဲ မျက်နှာလေးကို လှလှပပ ဖြစ်သွားအောင် ဘယ်လိုနည်းလမ်းတွေ ရှိသလဲ။

★ အကြိမ် ၁၀၀ လောက်ခုန်ပါ။

အကြိမ် ၁၀၀ ဆိုလို့ အရမ်းများတယ်လို့ မထင်ပါနဲ့။ ၂ မိနစ်လောက်နဲ့ ပြီးပါလိမ့်မယ်။ အိပ်နေချိန်မှာ မျက်နှာမှာ စုနေတဲ့ အဆိပ်အတောက်တွေကို ကိုယ်ခန္ဓာအောက်ပိုင်းကို ရောက်စေတဲ့အတွက် မျက်နှာအန်းနေတာက ချက်ချင်းဆိုသလို ပျောက်သွားမှာပါ။ မနက်ကတည်းက အားကစားလုပ်တယ်ဆိုတော့ အိပ်ချင်နေတာလည်း ပျောက်ပြီး လန်းဆန်းနေမှာပါ။

★ အပူနဲ့အအေး ပေးလိုက်ပါ။

ပါးနဲ့ နဖူးပြင်၊ မျက်လုံး စသည်ဖြင့် နည်းနည်းအန်းနေတဲ့နေရာကို ရေခဲနဲ့ ပွတ်ပေးလိုက်ပါ။ ရေစွပ်ထားတဲ့ မျက်နှာသုတ်ပဝါကိုလည်း စက္ကန့် ၃၀ ကနေ ၁ မိနစ် လောက် Microwave ထဲထည့် အပူပေးပြီး မျက်နှာသုတ်ပဝါပူပူလေးကို မျက်နှာတစ်ခုလုံးကို အုပ်ပေးလိုက်ပါ။ နှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးလိုက်ရင် မျက်နှာလေးက လန်းဆန်းပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ပြီပေါ့။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာမှာရှိတဲ့ အစိုဓါတ်က ခန်းသွားတတ်တာကြောင့် နောက်ဆုံးအဆင့်အနေနဲ့ ရေခဲရေနဲ့ မျက်နှာသစ်လိုက်ရင်တော့ ချစ်စရာ မျက်နှာလေးကို ချက်ချင်းပြန်ရမှာပါ။

★ ဇွန်းနဲ့

ဇွန်းရဲ့အနောက်ဘက်ကို သုံးပြီး လည်ပင်းကနေ ပခုံးအထိကို အပေါ်အောက် သုံးကြိမ်လောက် နှိပ်ပေးပါ။ ဇွန်းရဲ့ အအေးဓါတ်နဲ့ နှိပ်ပေးတာကြောင့် အကြိတ်တွေရဲ့သွေးလည်ပတ်မှုကို ကောင်းစေမှာပါ။ ဇွန်းကို ကြိုတင်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ရင်တော့ ပိုပြီးတော့ ကောင်းပါတယ်။ မျက်စိကိုလည်း ဇွန်းနဲ့ ဖိပေးပြီး မျက်စိထောင့်အထိဆွဲပေးရင်လည်း ကောင်းပါတယ်။

★ ရေးနွေးသောက်ပါ

ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ သွေးလက်ပတ်မှုကို ချက်ချင်းဆိုသလို ကောင်းမွန်လာစေမှာပါ။ အကြံပေးချင်တာကတော့ ရိုးရိုးရေနွေးကို သောက်သင့်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်းကို ပူနွေးစေပြီး နေကောင်းလာစေမှာပါ။

့★ နားပတ်ဝန်းကျင်ကို အဓိကထားပြီး ရေချိုးလိုက်ပါ

နည်းနည်းပူတယ်လို့ ထင်ရတဲ့ရေနွေးနဲ့ နားနှစ်ဖက်ကို လောင်းလိုက်ပါ။ မျက်နှာမှာရှိတဲ့ အကြိက်တွေရဲ့ သွေးလည်ပတ်မှုကကောင်းလာမှာပါ။ မနက်ရေချိုးချိန်မရှိရင်တော့ မျက်နှာသုတ်ပဝါပူပူလေးကို နားနှစ်ဖက်နေရာကို အုပ်ပြီး နှိပ်ပေးလိုက်ပါ။

ကဲ အပေါ်မှာရေးထားတဲ့ နည်းလမ်းလေးတွေကို အသုံးချလိုက်မယ်ဆိုရင် တနေ့လုံး လန်းဆန်းတက်ကြွနေမှာပါ။


 Credit:Chelmo Team




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top