iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးေတြဟာ ေလ့လာသင္ယူရာမွာ အမ်ဳိးသားေတြထက္ လ်င္လ်င္ျမန္ျမန္ တတ္ေျမာက္ၾကတယ္လို႔ ေလ့လာခ်က္ အသစ္တစ္ခုအရ သိရိွရပါတယ္။ အေၾကာင္းကေတာ့ သူတို႔ေတြ မၾကာခဏဆိုသလို ခြဲျခား ဆက္ဆံခံရတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။ အသက္(၅၇) ႏွစ္ရိွ မတူညီကြဲျပားတဲ့ ေနထုိင္မႈပုံစံမွလာၾကတဲ့ လူေပါင္း ၃၁,၀၀၀ ေယာက္ရဲ့ ဦးေႏွာက္ေတြကို အေသအခ်ာ စစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။ အမ်ဳိးသားတစ္ဦးနဲ႔ အမ်ဳိးသမီးတစ္ဦးက လူေနမႈအဆင့္အတန္းျမင့္ျမင့္နဲ႔ ေနထိုင္ခဲ့တဲ့အခ်ိန္မွာ သင္ယူမႈမွာ လ်င္ျမန္စြာတတ္ေျမာက္တာမွန္ေပမယ့္ လူေနမႈဘ၀မွာ အဆင္ေျပတဲ့ အမ်ဳးိသမီးေတြဟာ အမ်ဳိးသားေတြထက္ လ်င္လ်င္ျမန္ျမန္ သင္ယူတတ္ေျမာက္ၾကပါတယ္။

Proceedings of the National Academy of Sciences မွာေဖာ္ျပထားတဲ့ ေလ့လာခ်က္အရ အမ်ဳိးသားေတြထက္ အမ်ဳိးသမီးေတြက ဥာဏနဲ႔ လုပ္ရတဲ့အလုပ္ေတြကို ရရိွႏိုင္ဖို႔ ပိုျပီး ၾကိဳးစားရုန္းကန္ရတဲ့အတြက္ သင္ယူေလ့လာရာမွာ ဥာဏ္ရည္ဖြံ႔ၿဖိဳး တိုးတက္လာတာျဖစ္ပါတယ္လို႔ ဆိုပါတယ္။

အမ်ဳိးသမီးေတြ ပိုင္ဆိုင္တဲ့ အစြမ္းအစေတြကို တန္ဖိုးထားမခံရတာ သိသာထင္ရွားပါတယ္။ ဒါေၾကာင့္ဒီလို အက်ဳိးသက္ေရာက္မႈေတြ ျဖစ္လာတာပါလို႔ ေလ့လာခ်က္ျပဳလုပ္သူ တစ္ေယာက္ျဖစ္တဲ့ Agneta Herlitz က ရွင္းျပပါတယ္။ အမ်ဳိးသားေတြနဲ႔ အမ်ဳိးသမီးေတြရဲ့ သင္ယူေလ့လာမႈ ပုံစံျခားနားသြားတာ မဟုတ္ပါဘူး။ ဒါေပမဲ့ အရည္အခ်င္းဟာ အင္မတန္အေရးပါတယ္ဆိုတဲ့အေၾကာင္း ဒီေလ့လာမႈကေန သိသာမယ္လို႔ သူမေမွ်ာ္လင့္ထားပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။ အကြောင်းကတော့ သူတို့တွေ မကြာခဏဆိုသလို ခွဲခြား ဆက်ဆံခံရတာကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီကွဲပြားတဲ့ နေထိုင်မှုပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့အချိန်မှာ သင်ယူမှုမှာ လျင်မြန်စွာတတ်မြောက်တာမှန်ပေမယ့် လူနေမှုဘဝမှာ အဆင်ပြေတဲ့ အမျုးိသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူတတ်မြောက်ကြပါတယ်။

Proceedings of the National Academy of Sciences မှာဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသားတွေထက် အမျိုးသမီးတွေက ဉာဏနဲ့ လုပ်ရတဲ့အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန်ရတဲ့အတွက် သင်ယူလေ့လာရာမှာ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထားမခံရတာ သိသာထင်ရှားပါတယ်။ ဒါကြောင့်ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာပါလို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနားသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့်ထားပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top