iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္အစား ေသးေသးေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ ငုံးဥေလးေတြကို ဟင္းလ်ာတို႔၊ အသုပ္တို႔မွာ ထည့္သြင္းစားၾကသလို အာဟာရ ျပည့္သေရစာတစ္မ်ဳိးအျဖစ္ စား ေလ့ရွိၾကပါတယ္။ ကိုယ္စားစား ေနတဲ့ ငုံးဥေလးေတြဆီက ဘယ္ လိုေကာင္းက်ဳိးေတြရေနသလဲဆို တာ ေလ့လာၾကည့္ရေအာင္ပါ။

က်န္းမာေရးဓာတ္စာအျဖစ္ ျဖည့္ စြက္ႏုိင္ျခင္း - အေအးမိဖ်ားနာေန ခ်ိန္မွာ စြပ္ျပဳတ္ပူပူေလးကသာ အ ေကာင္းဆုံးအာဟာရျဖစ္ၿပီး အဲဒီ ထဲကို ငုံးဥေလးပါျဖည့္စြက္စား ေပးမယ္ဆုိရင္ အာဟာရေတြ ျဖည့္တင္းၿပီးသားျဖစ္ၿပီး ျမန္ျမန္ က်န္းမာေစပါတယ္။

ေသြးအားနည္းေရာဂါနဲ႔ ရာသီ လာခ်ိန္နာက်င္မႈေတြ ေပ်ာက္ ကင္းေစျခင္း - ငုံးဥမွာပါတဲ့ သတၱဳ ဓာတ္က ပင္ပန္းႏြမ္းနယ္မႈေတြ၊ မအီမသာျဖစ္ၿပီး ပ်ဳိ႕အန္ခ်င္တာ ေတြကို သက္သာေစတဲ့အျပင္ သံ ဓာတ္ကလည္း အမ်ဳိးသမီးေတြ ရာသီလာခ်ိန္ ကိုက္ခဲနာက်င္မႈ ေတြ ကာကြယ္ေပးႏုိင္တယ္လုိ႔ ဆိုပါတယ္။

အက်ဳိးျပဳကိုလက္စထေရာ ႂကြယ္ ၀ျခင္း - သဘာ၀က ေပးတဲ့အာ ဟာရဓာတ္ေတြပါၿပီး က်န္းမာေရး အတြက္ လိုအပ္တဲ့အက်ဳိးျပဳကို လက္စထေရာပါတာေၾကာင့္ ေလ့ က်င့္ခန္းမလုပ္ခင္ အဆာေျပ သေဘာမ်ဳိးစားေပးသင့္တဲ့ အရာ တစ္ခုပါ။

အျမင္ၾကည္ၿပီး အ႐ုိးက်န္းမာေစ ျခင္း - ငုံးဥမွာ ဗီတာမင္ဒီႂကြယ္၀ တဲ့အတြက္ အ႐ုိးက်န္းမာေရး ေကာင္းေစၿပီး ဗီတာမင္ေအက ေတာ့ မ်က္စိက်န္းမာေရးေကာင္း ေစသလုိ အျမင္အာ႐ုံယိုယြင္းတာ မ်ဳိး မျဖစ္ေအာင္ကာကြယ္ေပးႏုိင္ တယ္လုိ႔ ဆုိပါတယ္။

ဘက္္စုံေထာက္ကူေပးျခင္း - ဥေသးေသးေလးေပမယ့္လို႔ အသားဓာတ္ႂကြယ္၀တာေၾကာင့္
 ႂကြက္သားမ်ား သန္မာေစျခင္း၊ လက္သည္း၊ ေျခသည္းမ်ား သန္ စြမ္းေစျခင္း၊ ဆံသားမ်ားေတာက္ ေျပာင္ေစျခင္း၊ ဦးေရျပားက်န္းမာ ေစျခင္း၊ ကိုယ္တြင္းဇီ၀ျဖစ္စဥ္ ေကာင္းစြာလည္ပတ္ေစျခင္း၊ အစာေကာင္းစြာေခ်ဖ်က္ျခင္း၊ ေက်ာက္ကပ္၊ အသည္း၊ ဆီးအိမ္တို႔မွ အဆိပ္အေတာက္မ်ား ရွင္းထုတ္ ျခင္း၊ ကိုယ္ခံစြမ္းအားေကာင္းေစ ျခင္း စတာေတြ ေထာက္ကူေပးပါ တယ္။

ဓာတ္မတည့္မႈ သက္သာေစျခင္း - ၾကက္ဥမွာေတာင္ မပါတဲ့ထူးျခား ပ႐ုိတိန္းအိုဗိုမ်ဴကြိဳက္ပါ၀င္ၿပီး ဓာတ္မတည့္တာေတြကိုလည္း သက္သာေပ်ာက္ကင္းေစတယ္ လုိ႔ ဆုိပါတယ္။

က်န္းမာေရး႐ႈေထာင့္အရ ေကာင္းက်ဳိးေတြခ်ည္းပဲမ်ားတဲ့ ငုံးဥနဲ႔ပတ္သက္လို႔ တစ္ခုသတိ ထားဖို႔ လုိတာကစားလို႔ ေကာင္း ေကာင္းနဲ႔ တရားလြန္မစားမိဖို႔ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ အဆီဓာတ္ေရာ ကိုလက္စထေရာေရာ အမ်ားႀကီးတက္လာႏုိင္လို႔ပဲ ျဖစ္ပါ တယ္။

Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အရွယ်အစား သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ငုံးဥလေးတွေကို ဟင်းလျာတို့၊ အသုပ်တို့မှာ ထည့်သွင်းစားကြသလို အာဟာရ ပြည့်သရေစာတစ်မျိုးအဖြစ် စား လေ့ရှိကြပါတယ်။ ကိုယ်စားစား နေတဲ့ ငုံးဥလေးတွေဆီက ဘယ် လိုကောင်းကျိုးတွေရနေသလဲဆို တာ လေ့လာကြည့်ရအောင်ပါ။

ကျန်းမာရေးဓာတ်စာအဖြစ် ဖြည့် စွက်နိုင်ခြင်း - အအေးမိဖျားနာနေ ချိန်မှာ စွပ်ပြုတ်ပူပူလေးကသာ အ ကောင်းဆုံးအာဟာရဖြစ်ပြီး အဲဒီ ထဲကို ငုံးဥလေးပါဖြည့်စွက်စား ပေးမယ်ဆိုရင် အာဟာရတွေ ဖြည့်တင်းပြီးသားဖြစ်ပြီး မြန်မြန် ကျန်းမာစေပါတယ်။

သွေးအားနည်းရောဂါနဲ့ ရာသီ လာချိန်နာကျင်မှုတွေ ပျောက် ကင်းစေခြင်း - ငုံးဥမှာပါတဲ့ သတ္တု ဓာတ်က ပင်ပန်းနွမ်းနယ်မှုတွေ၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်တာ တွေကို သက်သာစေတဲ့အပြင် သံ ဓာတ်ကလည်း အမျိုးသမီးတွေ ရာသီလာချိန် ကိုက်ခဲနာကျင်မှု တွေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အကျိုးပြုကိုလက်စထရော ကြွယ် ဝခြင်း - သဘာဝက ပေးတဲ့အာ ဟာရဓာတ်တွေပါပြီး ကျန်းမာရေး အတွက် လိုအပ်တဲ့အကျိုးပြုကို လက်စထရောပါတာကြောင့် လေ့ ကျင့်ခန်းမလုပ်ခင် အဆာပြေ သဘောမျိုးစားပေးသင့်တဲ့ အရာ တစ်ခုပါ။

အမြင်ကြည်ပြီး အရိုးကျန်းမာစေ ခြင်း - ငုံးဥမှာ ဗီတာမင်ဒီကြွယ်၀ တဲ့အတွက် အရိုးကျန်းမာရေး ကောင်းစေပြီး ဗီတာမင်အေက တော့ မျက်စိကျန်းမာရေးကောင်း စေသလို အမြင်အာရုံယိုယွင်းတာ မျိုး မဖြစ်အောင်ကာကွယ်ပေးနိုင် တယ်လို့ ဆိုပါတယ်။

ဘက်စုံထောက်ကူပေးခြင်း - ဥသေးသေးလေးပေမယ့်လို့ အ သားဓာတ်ကြွယ်ဝတာကြောင့် ကြွက်သားများ သန်မာစေခြင်း၊ လက်သည်း၊ ခြေသည်းများ သန် စွမ်းစေခြင်း၊ ဆံသားများတောက် ပြောင်စေခြင်း၊ ဦးရေပြားကျန်းမာ စေခြင်း၊ ကိုယ်တွင်းဇီဝဖြစ်စဉ် ကောင်းစွာလည်ပတ်စေခြင်း၊ အ

စာကောင်းစွာချေဖျက်ခြင်း၊ ကျောက်ကပ်၊ အသည်း၊ ဆီးအိမ်တို့မှ အဆိပ်အတောက်များ ရှင်းထုတ် ခြင်း၊ ကိုယ်ခံစွမ်းအားကောင်းစေ ခြင်း စတာတွေ ထောက်ကူပေးပါ တယ်။

ဓာတ်မတည့်မှု သက်သာစေခြင်း - ကြက်ဥမှာတောင် မပါတဲ့ထူးခြား ပရိုတိန်းအိုဗိုမျူကွိုက်ပါဝင်ပြီး ဓာတ်မတည့်တာတွေကိုလည်း သက်သာပျောက်ကင်းစေတယ် လို့ ဆိုပါတယ်။

ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးတွေချည်းပဲများတဲ့ ငုံးဥနဲ့ပတ်သက်လို့ တစ်ခုသတိ ထားဖို့ လိုတာကစားလို့ ကောင်း ကောင်းနဲ့ တရားလွန်မစားမိဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အဆီဓာတ်ရော ကိုလက်စထရောရော အများကြီးတက်လာနိုင်လို့ပဲ ဖြစ်ပါ တယ်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top