iMyanmarHouse.com - Best Property Website for Myanmar
×
၀၃. သာမန် အနီရောင်လေး
၀၆. ဝိုင်ရောင်လေး
၀၈. Gray Beige
၀၉. Unique Color
၁၀. အမည်းရောင်
Credit:Chelmo Team
 Unicode Version
လူတွေရဲ့စိတ်ကို သိချင်ရင်တော့ သူတို့နဲ့စကားပြော၊ အကဲခတ်ကြည့်ရမယ်ပေါ့။
စကားပြော၊အကဲခတ်ဖို့ အချိန်မရရင်တော့၊ သူတို့ရဲ့ နှုတ်ခမ်းနီအရောင်လေးကို ကြည့်ပြီး ခန့်မှန်းကြည့်ရအောင်လား။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့မျက်နှာလေးမှာ ကိုယ်ကြိုက်တဲ့အရောင်လေးကိုပဲ ဆိုးလေ့ရှိတာကို ...
ကဲသူက ဘယ်လိုမိန်းကလေးဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်လား။
၀၁. အနီရောင်တောက်တောက်လေး
နီနီရဲရဲကို ရွေးနိုင်တယ်ဆိုတာကတေ့ သူ့မှာ ယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတာကို ပြသနေတာပါ။နောက်ပြီး သတ္တိ၊ ဇွဲရှိပြီး ချီးမွှမ်းခံရတာကို သိပ်ကြိုက်တဲ့သူဖြစ်ပြီး ကိုယ်ခန္ဓာအလှကလည်း ပြောစရာကိုမရှိပါ။ အကယ်၍ ယုံကြည်မှုတွေအားနည်းနေတယ်ဆိုတော့ ဒီနေ့ကနေစပြီး အနီရောင် နှုတ်ခမ်းနီလေးကို စပြီး ဆိုးလိုက်ပါတော့လား။
၀၂. မီးခိုးရောင်လေး - mauve
ဒီအရောင်လေးကို ဆိုးသူကတော့ ရှေ့တန်းကို ထွက်ပြီး နာမည်ကြီးချင်သူတွေထက် ကိုယ်ကဘာကိုလုပ်ရမလဲဆိုတာကို သိနေသူဖြစ်ပါလိမ့်မယ်။ ချက်ချင်းဆုံးဖြတ်တာထက် သေသေချာချာလေ့လာပြီးမှ ဆုံးဖြတ်၊ လက်တွေ့ကြိုးစားအားထုတ်သူတွေ ဖြစ်ပါတယ်။ တယောက်ယောက်ကို နားချရမယ့်အချိန်တွေမှာ သူက အစွမ်းပြမှာပါ။
၀၃. သာမန် အနီရောင်လေး
သာမန်အနီရောင်လေးကို ရွေးသူကတော့ ရိုးသားကြိုးစားသူပါ။ ကိုယ်က လူလယ်ခေါင်မှာထက် အပြင်မှာ တယောက်တည်း အေးအေးဆေးဆေး နေချင်သူပါ။ သာမန်အချိန်တွေမှာ အများကြီး စကားမပြောပင်မယ့်လည်း စိတ်ဝင်စားစရာ မကောင်းတဲ့ မိန်းကလေးတော့ မဟုတ်ပါ။ ကောင်လေးနဲ့ ပထမဦးဆုံးအကြိမ်ချိန်းတွေတော့မယ်ဆိုရင် အနီရောင်လေးကို ရွေးပြီး သူ့ကို မီးနီလေးပြထားလိုက်ပေါ့။ မီးနီလေးဆိုတော့ ခေးကို သိချင်ရင် မီးစိမ်းတဲ့အထိ အချိန်ယူပြီး သည်းခံစောင့်ပါလို့ ....
၀၄. လိမ္မော်ရောင် ဖျော့ဖျာ့လေး - Peach
သူကတော့ ချစ်စရာကောင်းပြီး ဖော်ရွေသူဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေကိုအတွက်ကို အမြဲတမ်း ကူညီတတ်သူပါ။ သူတို့အတွက်ဆိုရင် အသက်ပေးရရင်လည်း ရတယ်လို့ ဆုံးဖြတ်ထားသူပါ။ အကယ်၍ တယောက်ယောက်ဆီက အကူအညီလိုချင်ရင် ဒီအရောင်လေးကို ရွေးလိုက်ပါလား။
၀၅. ပန်းရောင် ရင့်ရင့်လေး - Hot Pink
သူကတော့ အသစ်တွေကို စိတ်ဝင်စားသလို ဘာမဆို ဦးဆုံးလုပ်လိုက်ချင်သူဖြစ်ပါလိမ့်မယ်။ ဘာမဆို ဟုတ်ကဲ့လို့ ပြောလိုက်ချင်သူပါ။ ဒါကြောင့် စွန့်စားရတာကို ဝါသနာ လို့ ခံယူထားသူဖြစ်ပါတယ်။ ဘာမဆို ဟုတ်ကဲ့လို့ မပြောနိုင်သူတယောက်အနေနဲ့ ကိုယ့်ရဲ့အလေ့အကျင့်တွေကို ပြောင်းလဲချင်ရင်တော့ ဒီအရောင်လေးဆိုးပြီး ဟုတ်ကဲ့လို့ပြောလိုက်ပါ။ စွန့်စားလိုက်ပါ။
၀၆. ဝိုင်ရောင်လေး
သူကတော့ ဆွဲဆောင်မှုရှိသူဖြစ်ပါလိမ့်မယ်။ ဆွဲဆောင်မှုရှိတယ်ဆိုတော့ ပြောစရာမရှိအောင် လှနေသူလေးဖြစ်တာကြောင့် ဘဝကြီးကို ဘယ်လိုပျော်အောင်နေရမလဲဆိုတာကို သိနေတယ်။ ကိုယ်လိုချင်တာကို ဘယ်လောက်အချိန်ပေးရပေးရ ရအောင်ယူတတ်သူ ဖြစ်တော့ အချစ်ရေးမှာဆိုရင်လည်း စွန်းစားရတာကို ပျော်နေလိမ့်မယ်။
၀၇. ချစ်စရာပန်ရောင် - Baby Pink
သူက ချစ်စရာခေး ဖြစ်တယ်လို့ ပြောချင်တာပါ။ ချစ်စရာကောင်းတာလေးတွေ အားလုံးကို ကြိုက်သလို ပစ္စည်းသေးသေးလေးတွေ၊ တိရစ္ဆာန်သေးသေးလေးတွေကို ချစ်တယ်။ ကိုယ်က နည်းနည်း ကြောက်စရာကောင်းတယ်လို့ထင်ရင် ဒီအရောင်လေးကို စမ်းကြည့်ပါလား။
၀၈. Gray Beige
ဒီအရောင်လေးက အားလုံးနဲ့အဆင်ပြေအောင် နေချင်တဲ့သူတစ်ယောက်ပါ။ လောကကြီးနဲ့တသားတည်းကျနေတယ်လို့ ထင်ထားပြီး သဘာဝတရားတွေကို ရင်ထဲကို ပိုက်ထားသူပါ။ စိတ်တွေရှုပ်နေတဲ့အချိန်မှာ အေးအေးဆေးဆေး စဉ်းစားချင်တယ်ဆိုရင် ဒီအရောင်လေးကို ဆိုးကြည့်ပါလား။
၀၉. Unique Color
အပြာရောင်၊ အဝါရောင်၊ သာမန်မစဉ်းစားတဲ့အရောင်တွေကို ရွေးသူကတော့ တီထွင်ဖန်တီးသူတွေဖြစ်ပါလိမ့်မယ်။ရှုးနေလားလို့ထင်ခံရလည်း ဂရုမစိုက်ပါ။ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်နေချင်သူပါ။ လူမှုရေးမှာလည်း အဆင်ပြေသူရှိသလို၊ အဆင်မပြေသူလည်း ရှိပါတယ်။
၁၀. အမည်းရောင်
အမြဲတမ်း အဝေးကြည့်ပြီး တွေးနေတတ်သူပါ။ အခြားအရောင်တွေကို ရွေးလိုက်ရင် ကိုယ်ကလူလယ်မှာထင်ပေါ်သွားမှာကို စိုးရိမ်နေသူပါ။ ကိုယ့်ရဲ့စိတ်တွင်းမှာ ဖြစ်နေတာကို တွေးချင်တယ်ဆိုရင်တော့ ဒီအရောင်ကို သုံးကြည့်ပါလား။
Credit:Chelmo Team
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top