iMyanmarHouse.com - Best Property Website for Myanmar
×
အကိုက်အခဲပျောက်ဆေး
အနီအပိမ့်ကုသခြင်း
သွားဖြူဖွေးစေခြင်း
Credit:Trend Myanmar
#Unicode Version
ငှက်ပျောသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ကျွန်ုပ်တို့အားလုံး သိကြပေမယ့် အခွံမှာလည်း အရေးကြီးတဲ့ အာဟာရဓာတ်အပြည့် ပါဝင်တာကိုတော့ အနည်းစုသာ သိကြပါတယ်။ ငှက်ပျောသီးခွံကို ကျွနု်ပ်တို့ လွှင့်ပစ်ပေမယ့် အိန္ဒိယလို တချို့နိုင်ငံက လူတွေဟာ သူ့ရဲ့ အစွမ်းထက်တဲ့ အာနိသင်တွေ ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပါတယ်။ ငှက်ပျောသီးတစ်လုံးကို စားပြီး အဲ့ဒီအခွံကို မလွှင့်ပစ်ပဲ အခွံကို ဇွန်းနဲ့ ခြစ်ထုတ်ရုံနဲ့ အောက်ပါ အကျိုးရလာဒ်တွေ ရရှိဖို့ အသုုံးပြုနိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေး
နာကျင်ကိုက်ခဲမှု သက်သာအောင် ငှက်ပျောသီးခွံနဲ့ ကိုက်ခဲတဲ့နေရာမှာ ပွတ်ပေးရပါမယ်။
ဝက်ခြံနဲ့ အရေးအကြောင်းများ
ငှက်ပျောသီးက အသားရေအတွက်လည်း အင်မတန်ကောင်းမွန်တယ်။ များပြားလှတဲ့ အင်တီအောက်ဆီဒင်းနဲ့ အစွမ်းထက် အိုမင်းရင့်ရော်မှု ကာကွယ်ပေးတဲ့ အစွမ်းသတ္တိတွေကြောင့် အသားရေစိုပြေစေပြီး အာဟာဖြစ်စေပါတယ်။ ဒီတော့ အခွံကို အရေပြားမှာ ပွတ်ပေးပါ။ အထူးသဖြင့် ပြသနာဖြစ်ပြီး ကျိန်းစပ်တဲ့နေရာတွေ ပွတ်ပြီး နာရီဝက် ထားပေးပါ။
အနီအပိမ့်ကုသခြင်း
ငှက်ပျောသီးခွံက အရေပြားပေါ်က အနီပိမ့်ကုသရာမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
သွားဖြူဖွေးစေခြင်း
ငှက်ပျောသီးခွံနဲ့ သွားကို ၁၅ ရက် ပွတ်ပေးပါက ခဏလေးအတွင်း မယုံနိုင်ဖွယ် အပြုံးလေးတစ်ပွင့် ရရှိပါလိမ့်မယ်။
ကြွက်နို့ဖယ်ရှားခြင်း
ငှက်ပျောသီးခွံက ကြွက်နို့တွေ ထိရောက်စွာ ဖယ်ရှားပြီး မဖြစ်ပွားအောင် တားဆီးပေးပါလိမ့်မယ်။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top