iMyanmarHouse.com - Best Property Website for Myanmar
×






Credit  :7 day daily

ပို့သပေးပါတယ်။


#Unicode Version

ငါးနှစ်ကြာလက်တွဲလာ သည့် ချစ်သူနှင့် လာမည့်နှစ် ဖေ ဖော်ဝါရီအတွင်း မင်္ဂလာပွဲကျင်းပ မည်ဖြစ်ကြောင်း သရုပ်ဆောင် မြင့်မြတ်က ပြောသည်။

‘‘နောင်နှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မင်္ဂလာပွဲရှိပါတယ်။ နိုဗို တယ်ဟိုတယ်မှာပါ’’ဟု ၎င်းက ပြောသည်။

မင်္ဂလာဧည့်ခံပွဲအဖြစ် ပွဲ သုံးပွဲကျင်းပရန် အစီအစဉ်ရှိပြီး ရန်ကုန်တွင်နှစ်ပွဲနှင့် သတို့သမီး ၏ဇာတိ မန္တလေး၌တစ်ပွဲ ပြုလုပ် မည်ဟု မြင့်မြတ်က ပြောကြား သည်။မြင့်မြတ်တို့ ချစ်သူနှစ်ဦး သည် ၎င်းတို့၏ မင်္ဂလာပွဲအကြို ဓာတ်ပုံများကို ပုဂံဒေသနှင့်ငပလီတို့တွင် သွားရောက်ရိုက် ကူးထားကြောင်း ၎င်းကဆိုသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ စတီးလ်ရိုက်ကူးသည့် ‘ကြေးကြီး တယ်’ရုပ်ရှင်ဇာတ်ကားတွင် နေ မျိုးအောင်၊ ထွန်းကိုကို၊ ဇွဲနိုင်ဝင်း၊ အိချောပို၊ မေမြတ်နိုး၊ ခင်ဇာခြည်ကျော်နှင့်အတူ တွဲဖက်သရုပ် ဆောင်နေကြောင်း မြင့်မြတ်က ပြောသည်။

‘‘ကြေးကြီးတယ်ကားက တော့ လူ့လောကမှာ ကိုယ်ချင်း မစာတတ်တဲ့သူတွေ၊ တစ်ကိုယ် ကောင်းဆန်တဲ့သူတွေကြောင့် လူ တွေဒုက္ခရောက်တယ်ဆိုတာ ကို ပညာပေးရိုက်ကူးတာပါ။ ကျွန် တော်ကတော့ အဲဒီလူမျိုးတွေကို မုန်းတဲ့ ကာရိုက်တာကနေ သရုပ် ဆောင်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

Credit  :7 day daily

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top