iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ကိုကိုယ္ ယံုၾကည္မႈရွိလာဖုိ႕ နဲ႕ ကိုယ္လုပ္ေဆာင္တဲ့အရာေတြကို ကိုယ္တုိင္ေက်နပ္မႈရွိေနဖုိ႕ဆိုတာ ကိုယ့္ၾကိဳဳးစားအားထုတ္မႈေပၚမွာပဲ မူတည္ပါတယ္။ ခုေဖာ္ျပမယ့္အခ်က္ေတြက ဘဝမွာ မိမိကုိယ္မိမိ ယုံၾကည္မႈရိွရိွ ေနထုိင္ျဖတ္သန္းေစမယ့္ လက္ေတြ႔က်တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

၁။ တျခားသူေရာ၊ မိမိကိုပါ ျပဳျပင္ေပးမယ့္ တကယ္အဓိပၸါယ္ရိွတဲ့ ပန္းတုိင္ကို ရွာပါ။

ကိုယ္တကယ္လုပ္ခ်င္တဲ့ အရာကိုပဲ ေရြးလုပ္ပါ။ ကုိယ္ဘာလုပ္ခ်င္သလဲဆုိတာ ရွင္းလင္းစြာသိျပီဆုိတာနဲ႔ ေအာင္ျမင္မႈဆီ ဆြဲေခၚေပးမယ့္ တိက်တဲ့ေျခလွမ္းေတြကို ပိုမိုလြယ္ကူစြာ သိလာမွာ ျဖစ္ပါတယ္။

၂။ ပန္းတုိင္ပို႔ေဆာင္မယ့္ မိမိေန႔စဥ္အလုပ္ေတြကို အဓိက ဦးစားေပးပါ။

 မိမိရည္မွန္းခ်က္ေတြ ျပည့္စုံေစဖို႕အတြက္ ေန႕စဥ္လုပ္ငန္းေဆာင္တာေတြကိုသာ အာရံုစိုက္လုပ္ေဆာင္သြားပါ။

၃။ မိမိရည္မွန္းခ်က္ကို တာဝန္ခံႏုိင္ပါေစ။

အက်ဳိးရလဒ္ျဖစ္ေပၚေစျပီး အျဖစ္မေန အျပီးလုပ္ရမယ့္ ေန႔စဥ္ အေရးၾကီးဆုံးေဆာင္ရြက္စရာ စာရင္းတစ္ခု ျပဳစုပါ။ ဒီအခ်က္ေတြ မ်ားမ်ားလုပ္ႏုိင္ေလ၊ ေအာင္ျမင္မႈ ၾကီးမားေလ ျဖစ္ပါတယ္။

၄။ မိမိဝင္ေငြတစ္စိတ္တစ္ပုိင္း စုေဆာင္းပါ။

ကိုယ့္ကိုယ္ကို အခြင့္အာဏာေပးခ်င္ရင္ ေငြေရးေၾကးေရးအခ်ဳပ္အခ်ယ္ ပိုမိုးကင္းရွင္းဖုိ႔ လုိအပ္ပါတယ္။ ေငြရဲ႕ေက်းကြ်န္မျဖစ္ပါေစနဲ႔။ အရွင္သခင္အျဖစ္ပဲ ေနပါ။ ေငြေၾကးကို ပါးနပ္စြာ စီမံခန္႔ခြဲတတ္လာတဲ့အခါ စီမံစရာေငြေၾကး ပိုမိုရလာပါလိမ့္မယ္။

၅။ ေအာင္ျမင္ျဖစ္ထြန္းေနသူေတြရိွတဲ့ ကုမၸဏီကို ဖက္တြယ္ပါ။

မိမိကို ေစ့ေဆာ္မႈရေစျပီး စိတ္ဓာတ္ျမင့္တင္ေပးသူေတြရဲ႕ ဝန္းက်င္မွာ ေနထုိင္ပါက သူတုိ႔လို ျဖစ္ခ်င္စိတ္ေတြ ျမွင့္တင္ေပးပါလိမ့္မယ္။

၆။ မိမိစိတ္ကူးအိပ္မက္ကို မျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္ပါ။

ဘယ္လုိပုဂၢိဳလ္မ်ဳိးျဖစ္ခ်င္တယ္၊ ျဖစ္ေအာင္ၾကိဳးစားမယ္လုိ႔ ရည္ရြယ္ထားပါသလဲ။ အဲဒီအတုိင္း အေကာင္အထည္ေဖာ္ပါ။ ကိုယ္ဘယ္လုိမ်ဳိး ျဖစ္ခ်င္လဲဆုိတာ မိမိကုိယ္ကို တိတိက်က် ထုတ္ေဖာ္ေျပာဆုိပါ။

၇။ မိမိအေတြးေတြ ျဖန္႔က်က္ဖုိ႔ ေန႔စဥ္စာဖတ္ပါ။

စာဖတ္လုိ႔ အသိဥာဏ္ၾကြယ္ဝေလ၊ အျမင္က်ယ္ေလ ျဖစ္ပါလိမ့္မယ္။ စာဖတ္ျခင္းက မိမိကိုယ္မိမိယုံၾကည္မႈတိုးေစပါလိမ့္မယ္။

၈။ ေက်းဇူးတင္စရာေတြ ေရးမွတ္ပါ။

ေက်းဇူးတင္စရာရိွတဲ့အခါေတြ ေန႔စဥ္ ေရးမွတ္ပါ။ ဒီအေလ့အက်င့္က ဘဝအသိအျမင္၊ စိတ္ေနသေဘာထားေတြ ေျပာင္းလဲေစျပီး ေက်းဇူးပိုသိတတ္ေစဖုိ႔ အစဥ္မျပတ္သတိေပးပါလိမ့္မယ္။

၉။ ခ်င့္ခ်င့္ခ်ိန္ခ်ိန္၊ အခ်ိန္မွန္မွန္နဲ႔ အသင့္အတင့္ စားသုံးပါ။

ေကာင္းမြန္က်န္းမာတဲ့ စိတ္၊ ခႏၶာရရိွပုိင္ဆုိင္ဖုိ႔အတြက္ ေန႔စဥ္ပုံမွန္အေလ့အထ ခ်င့္ခ်ိန္ဖုိ႔ လုိပါတယ္။ အစားလြန္ရင္ ထုိင္းမႈိင္းျပီး ေႏွးေကြးေလးလံပါလိမ့္မယ္။ အသင့္အတင့္ခ်င့္ခ်ိန္စားေသာက္ပါက အစာေျချပသနာေတြ မခံစားရဘဲ အျပဳသေဘာေဆာင္တဲ့ ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ ရရိွပုိင္ဆုိင္မွာျဖစ္ပါတယ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာဖို့ နဲ့ ကိုယ်လုပ်ဆောင်တဲ့အရာတွေကို ကိုယ်တိုင်ကျေနပ်မှုရှိနေဖို့ဆိုတာ ကိုယ့်ကြိုုးစားအားထုတ်မှုပေါ်မှာပဲ မူတည်ပါတယ်။ ခုဖော်ပြမယ့်အချက်တွေက ဘဝမှာ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိ နေထိုင်ဖြတ်သန်းစေမယ့် လက်တွေ့ကျတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၁။ တခြားသူရော၊ မိမိကိုပါ ပြုပြင်ပေးမယ့် တကယ်အဓိပ္ပါယ်ရှိတဲ့ ပန်းတိုင်ကို ရှာပါ။

ကိုယ်တကယ်လုပ်ချင်တဲ့ အရာကိုပဲ ရွေးလုပ်ပါ။ ကိုယ်ဘာလုပ်ချင်သလဲဆိုတာ ရှင်းလင်းစွာသိပြီဆိုတာနဲ့ အောင်မြင်မှုဆီ ဆွဲခေါ်ပေးမယ့် တိကျတဲ့ခြေလှမ်းတွေကို ပိုမိုလွယ်ကူစွာ သိလာမှာ ဖြစ်ပါတယ်။

၂။ ပန်းတိုင်ပို့ဆောင်မယ့် မိမိနေ့စဉ်အလုပ်တွေကို အဓိက ဦးစားပေးပါ။

 မိမိရည်မှန်းချက်တွေ ပြည့်စုံစေဖို့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုသာ အာရုံစိုက်လုပ်ဆောင်သွားပါ။

၃။ မိမိရည်မှန်းချက်ကို တာဝန်ခံနိုင်ပါစေ။

အကျိုးရလဒ်ဖြစ်ပေါ်စေပြီး အဖြစ်မနေ အပြီးလုပ်ရမယ့် နေ့စဉ် အရေးကြီးဆုံးဆောင်ရွက်စရာ စာရင်းတစ်ခု ပြုစုပါ။ ဒီအချက်တွေ များများလုပ်နိုင်လေ၊ အောင်မြင်မှု ကြီးမားလေ ဖြစ်ပါတယ်။

၄။ မိမိဝင်ငွေတစ်စိတ်တစ်ပိုင်း စုဆောင်းပါ။

ကိုယ့်ကိုယ်ကို အခွင့်အာဏာပေးချင်ရင် ငွေရေးကြေးရေးအချုပ်အချယ် ပိုမိုးကင်းရှင်းဖို့ လိုအပ်ပါတယ်။ ငွေရဲ့ကျေးကျွန်မဖြစ်ပါစေနဲ့။ အရှင်သခင်အဖြစ်ပဲ နေပါ။ ငွေကြေးကို ပါးနပ်စွာ စီမံခန့်ခွဲတတ်လာတဲ့အခါ စီမံစရာငွေကြေး ပိုမိုရလာပါလိမ့်မယ်။

၅။ အောင်မြင်ဖြစ်ထွန်းနေသူတွေရှိတဲ့ ကုမ္ပဏီကို ဖက်တွယ်ပါ။

မိမိကို စေ့ဆော်မှုရစေပြီး စိတ်ဓာတ်မြင့်တင်ပေးသူတွေရဲ့ ဝန်းကျင်မှာ နေထိုင်ပါက သူတို့လို ဖြစ်ချင်စိတ်တွေ မြှင့်တင်ပေးပါလိမ့်မယ်။

၆။ မိမိစိတ်ကူးအိပ်မက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ပါ။

ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ချင်တယ်၊ ဖြစ်အောင်ကြိုးစားမယ်လို့ ရည်ရွယ်ထားပါသလဲ။ အဲဒီအတိုင်း အကောင်အထည်ဖော်ပါ။ ကိုယ်ဘယ်လိုမျိုး ဖြစ်ချင်လဲဆိုတာ မိမိကိုယ်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုပါ။

၇။ မိမိအတွေးတွေ ဖြန့်ကျက်ဖို့ နေ့စဉ်စာဖတ်ပါ။

စာဖတ်လို့ အသိဉာဏ်ကြွယ်ဝလေ၊ အမြင်ကျယ်လေ ဖြစ်ပါလိမ့်မယ်။ စာဖတ်ခြင်းက မိမိကိုယ်မိမိယုံကြည်မှုတိုးစေပါလိမ့်မယ်။

၈။ ကျေးဇူးတင်စရာတွေ ရေးမှတ်ပါ။

ကျေးဇူးတင်စရာရှိတဲ့အခါတွေ နေ့စဉ် ရေးမှတ်ပါ။ ဒီအလေ့အကျင့်က ဘဝအသိအမြင်၊ စိတ်နေသဘောထားတွေ ပြောင်းလဲစေပြီး ကျေးဇူးပိုသိတတ်စေဖို့ အစဉ်မပြတ်သတိပေးပါလိမ့်မယ်။

၉။ ချင့်ချင့်ချိန်ချိန်၊ အချိန်မှန်မှန်နဲ့ အသင့်အတင့် စားသုံးပါ။

ကောင်းမွန်ကျန်းမာတဲ့ စိတ်၊ ခန္ဓာရရှိပိုင်ဆိုင်ဖို့အတွက် နေ့စဉ်ပုံမှန်အလေ့အထ ချင့်ချိန်ဖို့ လိုပါတယ်။ အစားလွန်ရင် ထိုင်းမှိုင်းပြီး နှေးကွေးလေးလံပါလိမ့်မယ်။ အသင့်အတင့်ချင့်ချိန်စားသောက်ပါက အစာခြေပြသနာတွေ မခံစားရဘဲ အပြုသဘောဆောင်တဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက် ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top