iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အပီအျပင္ႀကိဳက္ခိုက္ရတဲ့ Crush နဲ႔ ဆံုရမယ္မွန္းသာသိရင္ လူတိုင္းက အေကာင္းဆံုးျပင္ဆင္ၾကမွာေသခ်ာပါတယ္။ ဒါေပမဲ့ကိုယ္မထင္မွတ္တဲ့အခ်ိန္မွာ Crush နဲ႕ဆံုလိုက္ရလို႕ ကိုယ့္ဘက္က အခုလိုအေျခအေနေတြထဲက တစ္ခုထက္ပိုျပီးရွိေနရင္ေတာ့ အမွတ္ေလ်ာ့ခ်င္ေလာက္စရာျဖစ္သြားမွာပါ။ ဒီလိုအေျခအေနေတြမၾကံဳဖို႕ကေတာ့ ၾကိဳတင္ျပင္ဆင္တယ္ဆုိတာထက္ ကံနဲ႔လည္းဆိုင္ေနေတာ့တာပါ။

၁။ အဝတ္အစားထပ္တာ

သူနဲ႔ဆံုျဖစ္မယ္မွန္းမသိဘဲ ကံဆိုးစြာနဲ႔ သူကိုယ့္ကိုေနာက္ဆံုးျမင္ဖူးျပီးသား အ၀တ္အစားနဲ႔ပဲ ေနာက္တစ္ခါထပ္ဆံုတာကိုေျပာတာပါ။ ပိုဆိုးတာကေတာ့ ၂ခါထက္ပိုျပီး အဲ့လိုဆံုတယ္ဆိုရင္ေတာ့ ကိုယ့္မွာဝတ္စရာဒါပဲရွိသလားလို႕ ထင္ေကာင္းထင္သြားႏုိင္ပါတယ္။

၂။ ပလုပ္ပေလာင္းစားေသာက္ေနတာ

သူ႔ကိုေတြ႕လိုက္တာနဲ႕ ျဖစ္ႏုိင္ရင္ အျမန္ဆံုး အေနအထားကိုျပင္လိုက္ပါ။ အခ်ိန္မီေကာင္းမီႏိုင္ပါတယ္။ အဲ့ဒီလိုမွမဟုတ္ဘဲ ကိုယ္က အားပါးတရ ပလုပ္ပေလာင္းနဲ႕စားေနေသာက္ေနတဲ့အခ်ိန္ဟာ သူ႔ကိုေတာင္ ေကာင္းေကာင္းမႏႈတ္ဆက္ႏုိင္၊ စကားမေျပာႏုိင္ေအာင္ ျဖစ္မိသြားရင္ေတာ့ အဂြမ္းႀကီးဂြမ္းပါျပီ။

၃။ မူးေနတာ

မူးေနၿပီဆိုမွေတာ့ လွလွပပမူးတယ္ရယ္လို႔ မရွိႏိုင္ပါဘူး။ ပိုဆိုးတာက လံုး၀အသိစိတ္လြတ္မူးေနတဲ့အခ်ိန္ သူကလည္းေရာက္လာ၊ သူ႔ကိုလည္း သူမွန္းသတိမထားမိဘဲကိုယ္က ဆက္လြဲေနရင္ေတာ့ အေျခအေနက ဘယ္လိုမွေကာင္းတဲ့ဘက္သြားဖို႕လမ္းမျမင္ပါဘူး။

၄။ တစ္ေယာက္ေယာက္နဲ႕ရန္ျဖစ္ေနတာ

အႀကီးအက်ယ္ရုပ္ပ်က္ဆင္းပ်က္ ေအာ္ဟစ္ရန္ျဖစ္ေနတာမဟုတ္ရင္ေတာင္ မ်က္စိမ်က္ႏွာပ်က္ေနရတဲ့အခ်ိန္မ်ိဳး၊ တစ္ေယာက္တစ္ခြန္း ေျပာဆိုရန္ျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ ေတြ႔သြားတာကိုဆိုလိုတာပါ။ ဘယ္ေလာက္ပဲေဒါသကိုထိန္းလိုက္ျပီး အေနအထားကိုျပင္လိုက္တယ္ေျပာေျပာ ကိုယ္ရန္ျဖစ္ေနတာကိုေတြ႕ထားျပီးသားျဖစ္ေနရင္ေတာ့ အခ်ည္းႏွီးပါပဲ။

၅။ ႏွာေစးေနခ်ိန္

က်န္းမာေရးမေကာင္းတဲ့အျဖစ္ေတြထဲမွာမွ ႏွာေစးေနတဲ့အခ်ိန္မွာ Crush နဲ႕ၾကံဳတာက အဆိုးဆံုးပါ။ လက္ကိုင္ပု၀ါေတြ၊ တစ္ရွဴးေတြနဲ႕ တရွံဳ႕ရွံဳ႕ျဖစ္ေနရတဲ့လူဟာ ဘယ္လုိမွဆြဲေဆာင္မႈရွိႏုိင္စရာအေၾကာင္း မရွိပါဘူး။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ကိုယ်အပီအပြင်ကြိုက်ခိုက်ရတဲ့ Crush နဲ့ ဆုံရမယ်မှန်းသာသိရင် လူတိုင်းက အကောင်းဆုံးပြင်ဆင်ကြမှာသေချာပါတယ်။ ဒါပေမဲ့ကိုယ်မထင်မှတ်တဲ့အချိန်မှာ Crush နဲ့ဆုံလိုက်ရလို့ ကိုယ့်ဘက်က အခုလိုအခြေအနေတွေထဲက တစ်ခုထက်ပိုပြီးရှိနေရင်တော့ အမှတ်လျော့ချင်လောက်စရာဖြစ်သွားမှာပါ။ ဒီလိုအခြေအနေတွေမကြုံဖို့ကတော့ ကြိုတင်ပြင်ဆင်တယ်ဆိုတာထက် ကံနဲ့လည်းဆိုင်နေတော့တာပါ။

၁။ အဝတ်အစားထပ်တာ

သူနဲ့ဆုံဖြစ်မယ်မှန်းမသိဘဲ ကံဆိုးစွာနဲ့ သူကိုယ့်ကိုနောက်ဆုံးမြင်ဖူးပြီးသား အဝတ်အစားနဲ့ပဲ နောက်တစ်ခါထပ်ဆုံတာကိုပြောတာပါ။ ပိုဆိုးတာကတော့ ၂ခါထက်ပိုပြီး အဲ့လိုဆုံတယ်ဆိုရင်တော့ ကိုယ့်မှာဝတ်စရာဒါပဲရှိသလားလို့ ထင်ကောင်းထင်သွားနိုင်ပါတယ်။

၂။ ပလုပ်ပလောင်းစားသောက်နေတာ

သူ့ကိုတွေ့လိုက်တာနဲ့ ဖြစ်နိုင်ရင် အမြန်ဆုံး အနေအထားကိုပြင်လိုက်ပါ။ အချိန်မီကောင်းမီနိုင်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ကိုယ်က အားပါးတရ ပလုပ်ပလောင်းနဲ့စားနေသောက်နေတဲ့အချိန်ဟာ သူ့ကိုတောင် ကောင်းကောင်းမနှုတ်ဆက်နိုင်၊ စကားမပြောနိုင်အောင် ဖြစ်မိသွားရင်တော့ အဂွမ်းကြီးဂွမ်းပါပြီ။

၃။ မူးနေတာ

မူးနေပြီဆိုမှတော့ လှလှပပမူးတယ်ရယ်လို့ မရှိနိုင်ပါဘူး။ ပိုဆိုးတာက လုံးဝအသိစိတ်လွတ်မူးနေတဲ့အချိန် သူကလည်းရောက်လာ၊ သူ့ကိုလည်း သူမှန်းသတိမထားမိဘဲကိုယ်က ဆက်လွဲနေရင်တော့ အခြေအနေက ဘယ်လိုမှကောင်းတဲ့ဘက်သွားဖို့လမ်းမမြင်ပါဘူး။

၄။ တစ်ယောက်ယောက်နဲ့ရန်ဖြစ်နေတာ

အကြီးအကျယ်ရုပ်ပျက်ဆင်းပျက် အော်ဟစ်ရန်ဖြစ်နေတာမဟုတ်ရင်တောင် မျက်စိမျက်နှာပျက်နေရတဲ့အချိန်မျိုး၊ တစ်ယောက်တစ်ခွန်း ပြောဆိုရန်ဖြစ်နေတဲ့အချိန်မျိုးမှာ တွေ့သွားတာကိုဆိုလိုတာပါ။ ဘယ်လောက်ပဲဒေါသကိုထိန်းလိုက်ပြီး အနေအထားကိုပြင်လိုက်တယ်ပြောပြော ကိုယ်ရန်ဖြစ်နေတာကိုတွေ့ထားပြီးသားဖြစ်နေရင်တော့ အချည်းနှီးပါပဲ။

၅။ နှာစေးနေချိန်

ကျန်းမာရေးမကောင်းတဲ့အဖြစ်တွေထဲမှာမှ နှာစေးနေတဲ့အချိန်မှာ Crush နဲ့ကြုံတာက အဆိုးဆုံးပါ။ လက်ကိုင်ပုဝါတွေ၊ တစ်ရှူးတွေနဲ့ တရှုံ့ရှုံ့ဖြစ်နေရတဲ့လူဟာ ဘယ်လိုမှဆွဲဆောင်မှုရှိနိုင်စရာအကြောင်း မရှိပါဘူး။

Credit : Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top