iMyanmarHouse.com - Best Property Website for Myanmar
×

ပါရီၿမိဳ႕မွာ ေသနတ္နဲ႔ေထာက္ ဓားျပတုိက္ခံခဲ့ရၿပီးတဲ့ေနာက္ ကင္မ္ကာဒါရွီယန္ဟာ သူမရဲ႕လံုျခံဳေရးကို ျမႇင့္တင္လုိက္ၿပီး အေမရိကန္ ေထာက္လွမ္းေရးအဖြဲ႕က အဖြဲ႕ဝင္ေဟာင္းေတြကိုေတာင္ ငွားရမ္းလိုက္ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ ကင္မ္ဟာ ဓားျပ ၅ ဦးက ႀကိဳးနဲ႔တုပ္ၿပီး ေရခ်ဳိးခန္းထဲမွာထည့္ထားတာကို ခံရၿပီးတဲ့ေနာက္ လံုျခံဳေရးအတြက္ ေငြေၾကးေခၽြတာဖုိ႔ မစဥ္းစားႏိုင္ေတာ့ပါဘူး။

အခုကစၿပီး ကင္မ္ကာဒါရွီယန္ဟာ သံခ်ပ္ကာကားနဲ႔ပဲ သြားမည္ျဖစ္ကာ အနည္းဆံုး ေဘာ္ဒီဂတ္ႏွစ္ေယာက္က အနားမွာ အျမဲရွိေနတယ္လုိ႔ TMZ မွာ ေဖာ္ျပထားပါတယ္။

သူမဟာ အစၥေရးစစ္တပ္အရာရွိမ်ား၊ စီအိုင္ေအစံုေထာက္မ်ားနဲ႔ ေထာက္လွမ္းေရးအဖြဲ႕ဝင္တုိ႔နဲ႔ ေတြ႕ဆံုခဲ့ၿပီး သူမရဲ႕ခင္ပြန္း ရက္ပါ ကာေညးဝက္စ္က ထိပ္တန္းလုံျခံဳေရးကုမၸဏီ ၂ ခုနဲ႔ ေတြ႕ဆံု ေဆြးေႏြးခဲ့တယ္လုိ႔လည္း သိရပါတယ္။

ယင္းေတြ႕ဆံုမႈမွာ ကင္မ္ရဲ႕မိခင္ ခရစၥဂ်န္နာလည္း ပါဝင္ခဲ့ၿပီး သူမရဲ႕သမီးေတြျဖစ္တဲ့ ေကာ့တနီကာဒါရွီယန္၊ ကလိုဝီကာဒါရွီယန္၊ ကန္ဒဲလ္ဂ်န္နာနဲ႔ ကိုင္လီဂ်န္နာတုိ႔အတြက္လည္း ေဘာ္ဒီဂတ္ေတြ ထပ္ၿပီး ငွားရမ္းဖုိ႔ စီစဥ္ေနပါတယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပါရီမြို့မှာ သေနတ်နဲ့ထောက် ဓားပြတိုက်ခံခဲ့ရပြီးတဲ့နောက် ကင်မ်ကာဒါရှီယန်ဟာ သူမရဲ့လုံခြုံရေးကို မြှင့်တင်လိုက်ပြီး အမေရိကန် ထောက်လှမ်းရေးအဖွဲ့က အဖွဲ့ဝင်ဟောင်းတွေကိုတောင် ငှားရမ်းလိုက်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ကင်မ်ဟာ ဓားပြ ၅ ဦးက ကြိုးနဲ့တုပ်ပြီး ရေချိုးခန်းထဲမှာထည့်ထားတာကို ခံရပြီးတဲ့နောက် လုံခြုံရေးအတွက် ငွေကြေးချွေတာဖို့ မစဉ်းစားနိုင်တော့ပါဘူး။

အခုကစပြီး ကင်မ်ကာဒါရှီယန်ဟာ သံချပ်ကာကားနဲ့ပဲ သွားမည်ဖြစ်ကာ အနည်းဆုံး ဘော်ဒီဂတ်နှစ်ယောက်က အနားမှာ အမြဲရှိနေတယ်လို့ TMZ မှာ ဖော်ပြထားပါတယ်။

သူမဟာ အစ္စရေးစစ်တပ်အရာရှိများ၊ စီအိုင်အေစုံထောက်များနဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တို့နဲ့ တွေ့ဆုံခဲ့ပြီး သူမရဲ့ခင်ပွန်း ရက်ပါ ကာညေးဝက်စ်က ထိပ်တန်းလုံခြုံရေးကုမ္ပဏီ ၂ ခုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းတွေ့ဆုံမှုမှာ ကင်မ်ရဲ့မိခင် ခရစ္စဂျန်နာလည်း ပါဝင်ခဲ့ပြီး သူမရဲ့သမီးတွေဖြစ်တဲ့ ကော့တနီကာဒါရှီယန်၊ ကလိုဝီကာဒါရှီယန်၊ ကန်ဒဲလ်ဂျန်နာနဲ့ ကိုင်လီဂျန်နာတို့အတွက်လည်း ဘော်ဒီဂတ်တွေ ထပ်ပြီး ငှားရမ်းဖို့ စီစဉ်နေပါတယ်။

Credit : Duwun



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top