iMyanmarHouse.com - Best Property Website for Myanmar
×

ေထာပတ္၊ ၀က္ဆီ၊ အနီေရာင္အသားမ်ား၊ ႏို႔ထြက္ပစၥည္းမ်ားတြင္ ပါ၀င္ေသာ အဆီမ်ား၊ စားအံုးဆီတို႔၌ ပါ၀င္ေသာ က်န္းမာေရးႏွင့္ မညီသည့္ အဓိကအဆီေလးမ်ိဳးကို အမ်ားအျပား စားသံုးပါက ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား ျဖစ္ပြားလာႏိုင္သည့္ အႏၲရာယ္ ျမင့္မားေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။

သို႔ေသာ္ ယင္းအဆီမ်ားေနရာတြင္ က်န္းမာေရးႏွင့္ညီေသာ အဆီ ၁ ရာခိုင္ႏႈန္းမွ် အစားထိုးစားေသာက္ပါက ယင္းေရာဂါျဖစ္ ပြားႏိုင္သည့္ အႏၲရာယ္ကို ၈ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေစႏိုင္ေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။


က်န္းမာေရးႏွင့္ မညီေသာ အဆီမ်ားအစား အေစ့အဆန္မ်ား၊ သဘာ၀ဆန္၊ ဂ်ံဳ၊ ပဲ၊ ေျပာင္းမ်ားႏွင့္ အပင္မွရေသာ ပ႐ိုတိန္းဓာတ္ တို႔တြင္ ပါ၀င္သည့္ အဆီမ်ားသည္ က်န္းမာေရးႏွင့္ညီေသာ အဆီ မ်ားျဖစ္သည္။

ယခုေလ့လာမႈရလဒ္သည္ အေမရိကန္ စိုက္ပ်ိဳးေရးဌာန၏ ႏို႔ထြက္ပစၥည္းမ်ားဆုိင္ရာ လမ္းၫႊန္ခ်က္မ်ားႏွင့္ ကိုက္ညီမႈရွိေၾကာင္း သုေတသီမ်ားကေျပာသည္။

လက္ရွိ လမ္းၫႊန္ခ်က္အရ က်န္းမာေရးႏွင့္မညီေသာ အဆီ စားသံုးမႈကို ထိန္းခ်ဳပ္ကာ စုစုေပါင္း စားသံုးေသာ ကယ္လိုရီပမာဏ ၏ ဆယ္ပံုတစ္ပံုထက္ ပိုမမ်ားရန္ လမ္းၫႊန္ထားၿပီး သစ္သီးမ်ား၊ ဟင္းသီးဟင္းရြက္မ်ား၊ သဘာ၀ဆန္ဂ်ံဳပဲေျပာင္း၊ အေစ့အဆန္မ်ား၊ ငါးမ်ား၊ အဆီနည္းေသာ ႏို႔ထြက္ပစၥည္းမ်ား ပါ၀င္ေသာ က်န္းမာ ေရးႏွင့္ညီသည့္ အစားအစာမ်ား စားသံုးမႈကို ဆက္လက္ထိန္းသိမ္း ကာ က်န္းမာေရးႏွင့္ညီေသာ ဆီမ်ားသာ အသံုးျပဳရန္ လမ္းၫႊန္ထား သည္။

ႏွလံုးႂကြက္သားမ်ားဆီသို႔ ေအာက္ဆီဂ်င္ႂကြယ္၀ေသာ ေသြး ကို ပို႔ေဆာင္ေပးသည့္ ႏွလံုးေသြးေၾကာ အနားကြပ္ေနရာမ်ား ထိခိုက္ပ်က္စီးပါက ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါျဖစ္ေပၚလာႏိုင္ သည္။ က်န္းမာေရးႏွင့္မညီေသာ အဆီမ်ား အမ်ားအျပား စားသံုးျခင္းေၾကာင့္ ႏွလံုးေသြးေၾကာမ်ားကို ထိခိုက္ပ်က္စီးေစႏိုင္သည္။

ယင္းအဆီမ်ား အနည္ထိုင္ၿပီး ေသြးခဲေလးမ်ား ျဖစ္ေပၚကာ ေသြးစီးဆင္းမႈကို အဟန္႔အတား ျဖစ္ေစသျဖင့္ ရင္ဘတ္နာက်င္ျခင္း (သို႔မဟုတ္) မသက္မသာျဖစ္ျခင္း ႀကံဳေတြ႕ႏုိင္သည္။

ယင္းအေျခအေနမွတစ္ဆင့္ ေသြးခဲမ်ား ျဖစ္ေပၚလာပါက ႏွလံုးေသြးေၾကာ ပို၍က်ဥ္းေျမာင္းကာ အေျခအေန ပိုဆိုးလာႏိုင္ သည္။ အကယ္၍ ႏွလံုးေသြးေၾကာ ပိတ္သြားပါက ႏွလံုးထိခိုက္မႈ ျဖစ္ႏိုင္သည္။       

Credit:7Day Daily
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ထောပတ်၊ ဝက်ဆီ၊ အနီရောင်အသားများ၊ နို့ထွက်ပစ္စည်းများတွင် ပါဝင်သော အဆီများ၊ စားအုံးဆီတို့၌ ပါဝင်သော ကျန်းမာရေးနှင့် မညီသည့် အဓိကအဆီလေးမျိုးကို အများအပြား စားသုံးပါက နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားလာနိုင်သည့် အန္တရာယ် မြင့်မားကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

သို့သော် ယင်းအဆီများနေရာတွင် ကျန်းမာရေးနှင့်ညီသော အဆီ ၁ ရာခိုင်နှုန်းမျှ အစားထိုးစားသောက်ပါက ယင်းရောဂါဖြစ် ပွားနိုင်သည့် အန္တရာယ်ကို ၈ ရာခိုင်နှုန်းအထိ လျှော့ချစေနိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။


ကျန်းမာရေးနှင့် မညီသော အဆီများအစား အစေ့အဆန်များ၊ သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းများနှင့် အပင်မှရသော ပရိုတိန်းဓာတ် တို့တွင် ပါဝင်သည့် အဆီများသည် ကျန်းမာရေးနှင့်ညီသော အဆီ များဖြစ်သည်။

ယခုလေ့လာမှုရလဒ်သည် အမေရိကန် စိုက်ပျိုးရေးဌာန၏ နို့ထွက်ပစ္စည်းများဆိုင်ရာ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း သုတေသီများကပြောသည်။

လက်ရှိ လမ်းညွှန်ချက်အရ ကျန်းမာရေးနှင့်မညီသော အဆီ စားသုံးမှုကို ထိန်းချုပ်ကာ စုစုပေါင်း စားသုံးသော ကယ်လိုရီပမာဏ ၏ ဆယ်ပုံတစ်ပုံထက် ပိုမများရန် လမ်းညွှန်ထားပြီး သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ သဘာဝဆန်ဂျုံပဲပြောင်း၊ အစေ့အဆန်များ၊ ငါးများ၊ အဆီနည်းသော နို့ထွက်ပစ္စည်းများ ပါဝင်သော ကျန်းမာ ရေးနှင့်ညီသည့် အစားအစာများ စားသုံးမှုကို ဆက်လက်ထိန်းသိမ်း ကာ ကျန်းမာရေးနှင့်ညီသော ဆီများသာ အသုံးပြုရန် လမ်းညွှန်ထား သည်။

နှလုံးကြွက်သားများဆီသို့ အောက်ဆီဂျင်ကြွယ်ဝသော သွေး ကို ပို့ဆောင်ပေးသည့် နှလုံးသွေးကြော အနားကွပ်နေရာများ ထိခိုက်ပျက်စီးပါက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပေါ်လာနိုင် သည်။ ကျန်းမာရေးနှင့်မညီသော အဆီများ အများအပြား စားသုံးခြင်းကြောင့် နှလုံးသွေးကြောများကို ထိခိုက်ပျက်စီးစေနိုင်သည်။

ယင်းအဆီများ အနည်ထိုင်ပြီး သွေးခဲလေးများ ဖြစ်ပေါ်ကာ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေသဖြင့် ရင်ဘတ်နာကျင်ခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း ကြုံတွေ့နိုင်သည်။

ယင်းအခြေအနေမှတစ်ဆင့် သွေးခဲများ ဖြစ်ပေါ်လာပါက နှလုံးသွေးကြော ပို၍ကျဉ်းမြောင်းကာ အခြေအနေ ပိုဆိုးလာနိုင် သည်။ အကယ်၍ နှလုံးသွေးကြော ပိတ်သွားပါက နှလုံးထိခိုက်မှု ဖြစ်နိုင်သည်။       

Credit:7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top