iMyanmarHouse.com - Best Property Website for Myanmar
×




Credit : thithtoolwin



#Unicode Version

အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

သရက်သီး အခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီ ကလာပ်စည်း ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။ အပူပိုင်း သစ်သီးများ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များထဲမှာ အမျိုးမျိုး ကွဲပြား ခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။

သရက်သီးထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီး အခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်းများ ဖြစ်ပေါ် အဆီ ကလာပ်စည်း များက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း မျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top