iMyanmarHouse.com - Best Property Website for Myanmar
×









#Unicode Version

ဆေးလိပ်၊ စီးကရက်နဲ့ ဆေးရွက်ကြီးသောက်သုံးခြင်းအတွက် ဓာတု စမ်းသပ်ခြင်း ၂၅၀၀ ကျော်စမ်းသပ်မှုပြုလုပ်ပြီးနောက်မှာ ဆေးလိပ် သောက်သုံးခြင်းက လူတိုင်းအတွက် ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင် တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

သာမန်လူတွေ ဆေးလိပ် သောက်သုံး ချိန်ထက် ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင် နေစဉ်ကာ လအတွင်း ဆေးလိပ်သောက်သုံးခြင်းက ပိုပြီးတော့ ကျန်းမာရေး ဆိုးကျိုးအန္တရာယ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

မိခင်ဖြစ်သူအပြင် ဗိုက်ထဲက ကလေးငယ်ပါ ထိခိုက်မှု ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက် သုံးခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးကို နှစ်ဆဖြစ်ပေါ်စေနိုင်ကာ ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးထွက်၊ သွေးယိုစီးမှုများတောင် ဖြစ်ပေါ်စေလာနိုင်ပါတယ်။

ဆေးလိပ်သောက်သုံးတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေး ငယ်တွေမှာဆိုရင် ပိုပြီးတော့အသက်ရှင်နိုင်ဖို့ ခဲယဉ်းပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အလေးချိန်လည်း လျော့နည်းကာ အသက်အန္တရာယ်ဖြစ်ပေါ်လာစေနိုင်ပါတယ်။

 ကလေးစောမွေးခြင်း ကြောင့် ပေါင်မပြည့်တဲ့ကလေးငယ်၊ ချို့ယွင်းတဲ့ ကလေးငယ်လေး တွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း အခြား သော ကျန်းမာဆိုးကျိုးလက္ခဏာတွေ အများအပြားလည်း ခံစားလာ ရနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top